" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 22, 2021

သမ္မတ Biden လက်ထက် ဖြစ်လာနိုင်တဲ့ ကန်-မြန်မာဆက် ဆံရေး ပုံစံ

VOA
ဗွီအိုအေ (မြန်မာဌာန)
မစုမြတ်မွန်
22 ဇန်နဝါရီ၊ 2021 
 အမေရိကန်သမ္မတသစ် Joe Biden ရဲ့ ဦးစားပေးအစီအစဉ်တွေထဲမှာ ကမ္ဘာတဝန်းက ဒီမိုကရေစီမဟာမိတ်တွေ နဲ့ ဒီမိုကရေစီ ပြန်လည်ခိုင်မာအောင်လုပ်ပြီးတော့ အမေရိကန်ရဲ့ စံတန်ဖိုး ဒီမိုကရေစီမြှင့်တင်ဖို့အတွက်လည်း ပါဝင်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေ ပြန်လည်မြှင့်တင်တဲ့အခါမှာ လူ့အခွင့်အရေးအားနည်း တယ် လို့အမြင်ခံနေရတဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာရော ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ နိုင်ငံတကာ ငြိမ်းချမ်း ရေးနဲ့လုံခြုံရေးဆိုင်ရာ အမေရိကန်အခြေစိုက် Stimson Center တတ်သိပညာရှင်များအဖွဲ့က သုတေသီ ကိုအမ ရသီဟကို မစုမြတ်မွန်က ဆက်သွယ် မေးမြန်းထားပါတယ်။

ရိုဟင်ဂျာကိစ္စအပါအဝင် လူ့အခွင့်ရေးကိစ္စတွေ ထောက်ပြစရာရှိနေတဲ့မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံဆက်ဆံ ရေး အဖုအထစ်မဖြစ်အောင် ဘယ်လိုလုပ်သင့်တယ် ထင်ပါလဲလို့ စမေးပါတယ်။

ကိုအမရသီဟ။ ။ ပုံမှန်ကတော့ အမေရိကန်ပြည်ထောင်စုကနေပြီး မြန်မာနိုင်ငံကို လူ့အခွင့်အရေးအရဆက်ဆံ တဲ့အခါမှာ မူဝါဒအရတော့ များသောအားဖြင့် ပြောင်းလဲမှုသိပ်မရှိဘူး။ ဘယ်အစိုးရတက်တက် ရိုဟင်ဂျာကိစ္စကို သူတို့ပြောမယ်။ ပြီးတော့ တိုင်းရင်းသားဒေသတွေမှာဖြစ်တဲ့ စစ်ကိစ္စပြောမယ်။ ပြီးတော့ လူ့အခွင့်အရေးကိစ္စ တွေကို သူတို့ပုံမှန်အားဖြင့်တော့ ပြောလေ့ပြောထရှိတယ်။ နိုင်ငံရဲ့ ပေါ်လစီကိုက၊ သူတို့က နိုင်ငံတကာဆက် ဆံရေးမှာ အဲဒါတွေကို အခြေခံပြီး ပြောလေ့ရှိတယ်။ State Department ရဲ့ Assessments တွေအရ ပြောတာပေါ့။ အဲဒီလိုမျိုး လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဖြေရှင်းဖို့ကြိုးစားတဲ့နေရာမှာ ဒီမိုကရက်အစိုးရတွေက များသောအားဖြင့် မြန်မာနိုင်ငံကို ချဉ်းကပ်တဲ့အခါမှာ သူကပုံမှန်အားဖြင့် ပိုပြီးတော့ Proactive ဖြစ်တယ် ပြော မလား။ ပြစ်တင်ပြီးတော့ ဝေဖန် ပိတ်ဆို့တာထက် ပိုပြီးတော့ အစိုးရနဲ့ နီးနီးကပ်ကပ်စဉ်းစားပြီးတော့ ပူးပေါင်း ပြီးတော့ အစိုးရနဲ့ပိုပြီး ဆက်ဆံရေးတိုးမြှင့်တာတို့ကို ကျနော်တို့က အရင်ထဲက တွေ့ရတယ်။ အိုဘားမား လက်ထက်မှာ တခုလုံးပေါ့။ လူ့အခွင့်အရေးနဲ့ပက်သက်တဲ့ မူဝါဒကတော့ ဒီအတိုင်းပဲ ရှိနေမယ်။ ဒါပေမဲ့ မြန်မာ  နိုင်ငံအစိုးရနဲ့ ဆက်ဆံတဲ့အခါမှာတော့ Proactive အဖြစ်နဲ့ချဉ်းကပ်မယ်လို့ကျနော်သုံးသပ်မိပါတယ်ခင်ဗျ။

Proactive နဲ့ချဉ်းကပ်တဲ့အခါမှာ သုံးသပ်တယ် ဆိုတာကလည်း နှစ်ပိုင်းရှိတယ်။ အစိုးရနဲ့ ဘယ်လောက်ထိ ဆက်ဆံမှာလဲ။ ပြီးတော့ အစိုးရနဲ့ဆက်ဆံတဲ့နေရာမှာ အရမ်းကြီးဆက်ဆံလို့ မရတဲ့အချိန်မှာ အတိုင်းအတာ တခုထိပဲ ဆက်ဆံပြီးတော့ အခြားသော Civil society တွေကို ပိုပြီးတော့ အားပေးထောက်ခံမှာလားဆိုတဲ့ အ ပိုင်းနှစ်ခုရှိတယ်ပေါ့။ များသောအားဖြင့် ကျနော်တို့ရဲ့ အတွေ့အကြုံအရ များသောအားဖြင့် ဒီမိုကရက်အစိုးရ တွေက Civil society နဲ့NGO တွေကို Support လုပ်တာပိုများတယ်။ အဲဒီတော့ ရှေ့လျှောက်မှာတော့ US ကနေပြီးတော့ မြန် မာနိုင်ငံမှာရှိတဲ့ civil society အားကောင်းဖို့၊ လူ့အခွင့်အရေးတိုးမြှင့်ဖို့ အတွက်ကို Civil society တွေကတဆင့် Engage ကိုလုပ်မယ်လို မျှော်မှန်းပါတယ်ခင်ဗျ။

စုမြတ်မွန်။ ။ ကိုအမရသီဟ စောစောကပြောခဲ့သလိုပေါ့ မြန်မာနိုင်ငံနဲ့ အမေရိကန်ဆက်ဆံရေး တော်တော်လေး ပြန်ကောင်းအောင်လုပ်ခဲ့တဲ့ Obama အစိုးရလက်ထက်က မြန်မာနိုင်ငံလာသွားတဲ့ ထိပ်တန်းအကြီးအကဲ တ ယောက်ဖြစ်တဲ့ Antony Blinken ၊ သူဆိုရင်အခုဆိုရင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာတော့ မယ်။ နောက်အခု အိမ်ဖြူတော်မှာ ပြောခွင့်ရဖြစ်တာတဲ့ Jen Psaki ဆိုတာကလည်း အရင်တုန်းက Obama လက်ထက် တုန်းက နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဖြစ်ခဲ့တာပါ။ အဲဒီတော့ ဒီလူတွေဟာ မြန်မာ့အရေးကိစ္စဆိုရင် တော် တော်လေး သိတဲ့သူတွေ ဖြစ်တယ်ပေါ့လေ။ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ကိစ္စတွေပေါ်လာတဲ့အခါမှာ သူတို့ဟာ ထဲထဲဝင်ဝင်ကိုင်တွယ်နိုင်တဲ့ သူမျိုးတွေဖြစ်တယ်။ ဆိုတော့ မြန်မာအစိုးရဘက်က အမေရိကန်အစိုးရနဲ့ဆက်ဆံ တဲ့အခါမှာရော ဘယ်လိုမျိူး ပါးပါးနပ်နပ် ကိုင်တွယ်သင့်ကြောင်း ပြောလိုပါသလဲရှင့်။

ကိုအမရသီဟ။ ။ ဟုတ်ကဲ့၊ အမပြောသလိုပါပဲ။ ကျနော်တို့ဒီလက်ရှိ Biden Administration မှာ ပေါ်လစီပိုင်း တာဝန်ကြီးကြီးတွေယူထားတဲ့ Political Post တော်တော်များများဟာ မြန်မာနိုင်ငံနဲ့ရင်းနှီးပြီးသားဖြစ်တယ်။ အဲဒီအတွက် သူတို့ဟာ Contextual Knowledge ပေါ့။ မြန်မာနိုင်ငံပတ်သက်လို့ ကြည့်တဲ့အခါမှာ စံတခုအခြေ ပြုကြည့်တာနဲ့စာရင် မြန်မာနိင်ငံမှာ ဒီပြဿနာက ဘယ်လိုဖြစ်နေတယ်ဆိုတာ သူတို့က အတော်အသင့် နား လည်ပြီးသား ဖြစ်တယ်။ ဖြစ်တော့ မြန်မာနိုင်ငံအနေနဲ့အမေရိကန်ပြည်ထောင်စုနဲ့ဆက်ဆံတဲ့အခါမှာ ကျနော် တို့က အရင်အစိုးရထက်ပိုပြီး အဆင်ပြေမယ့် တလိုင်းက ဘာကိုတွေ့နိုင်လဲဆိုတော့ ဒီလူတွေကို ကျနော်တို့က ဒီ Context ကို ရှင်းပြဖို့က ပုံမှန်ထက် ကျနော်တို့က အတိုင်းအတာတခုထိ ရှေ့ရောက်ပြီးသား ဖြစ်နေတယ်။ ဥပမာအားဖြင့် ရိုဟင်ဂျာကိစ္စ ဆိုတာကလည်း Obama လက်ထက်ထဲက ရှိခဲ့တဲ့အတွက် သူတို့က ဒါကို အတိုင်း အတာတခုထိ နားလည်ပြီးသားဖြစ်တယ်။ အခြားအခြားသော ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တွေကလည်း မြန်မာနိုင် ငံ ကိုလာပြီးတော့ ကျနော်တို့ ဦးသိန်းစိန်အစိုးရခေတ်မှာ Engagement တွေ လုပ်ခဲ့ဖူးတာတွေ ရှိတယ်ပေါ့။ ဒီ တော့ မြန်မာအစိုးရအနေနဲ့အမေရိကန်ပြည်ထောင်စုကို ဆက်ဆံတဲ့အခါကျတော့ လိုင်းသုံးလိုင်းပေါ့။ ပထမ လိုင်းကတော့ Track-1 ပေါ့။ ဒါတွေကတော့ Official announcement ပြောတာတွေရယ်၊ ကျနော်တို့အသွားအ ပြန် Official စာ ထုတ်တာတွေ ပါမယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့အနေနဲ့Focus ပိုလုပ်သင့်တာကတော့ Track 1.5, Track 2 ပေါ့။ Track 1.5 ဆိုတာက အရာရှိကြီးတွေက မြန်မာနိုင်ငံကို အသွားအပြန် ရှိနေတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ official position ကြီးတွေကို အခြေပြုပြီး ပြောတာမဟုတ်ဘဲနဲ့ ပြဿနာ ဖြေရှင်းမယ်ဆိုတဲ့ အမြင်နဲ့ ပေါ်လစီတခုကို ဘယ်လိုရှေ့တိုးမလဲ၊ ကျနော်တို့Track 1.5 ပေါ့။ အဲဒါမျိုး Shuttle Diplomacy ပေါ့။ ဦးသိန်းစိန်းအစိုးရ စပိုင်းကနေ နှောင်းပိုင်းအထိ ကျနော်တို့လုပ်ခဲ့တယ်ပေါ့။ Track 2 ကတော့ Think Tanks အချင်းချင်းပေါ့ ။ မြန်မာဘက်က Think Tank တွေက US မှာ ပြောတာမျိုး၊ US က Think Tanks တွေက သူတို  ့ပေါ်လစီကို ဘယ်လိုမျိုး မြန်မာနိုင်ငံမှာ Engage လုပ်မလဲစသဖြင့် Track 2 ကို Liaison လုပ်တာမျိုးကတဆင့် ပေါ်လစီတွေကို လိုအပ်သလို Tailoring လုပ်သင့်တယ်လို့မြင်ပါတယ်ခင်ဗျ။

စုမြတ်မွန်။ ။ နောက်တချက်ကလည်းပေါ့နော်... ဒီ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas L. Vajda ဟာဆိုရင် မြန်မာနိုင်ငံ ရောက်လာတာ သိပ်မကြာသေးတဲ့ အမေရိကန် သံအမတ်အသစ် ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း မြန်မာ့အရေးကိစ္စတွေမှာ ဘယ်လိုကိစ္စကို ပိုပြီးကိုင်တွယ်သင့်တယ်လို့ မြင်ပါသလဲ။ ဘာလို့လဲဆို  တော့ သူ့မတိုင်ခင် သံအမတ်ကြီး Scot Marciel လက်ထက်မှာဆိုရင်တော့ Engagement က သိပ်မမြင်ခဲ့ရဘူး ပေါ့လေ။ အခုသံအမတ်ကြီး အသစ်အနေနဲ့ကရော မြန်မာ့အရေးကိစ္စမှာ သူ့ဘက်က ဘက်ပေါင်းစုံ ကိုင်တွယ် တဲ့နေရာမှာ ဘယ်လို ကိစ္စရပ်တွေကို ပိုလုပ်သင့်လဲလို့ မြင်ပါသလဲရှင့်။

ကိုအမရသီဟ။။ ။ လက်ရှိ Ambassador အနေနဲ့ဘယ်လိုသွားမလဲဆိုတာ ကျနော်တို့ကြည့်ရမှာက State Department က ကျနော်တို့ မြန်မာနိုင်ငံနဲ့ ဘယ်လောက်ထိ Engage ပြန်လုပ်ချင်သလဲပေါ့။ ပုံမှန် လက်ရှိလိုပဲ စာတွေထုတ်လိုက်၊ Official visit တွေသွားလိုက်၊ စာအပြန်လှန်ထုတ်တဲ့ဆီကို သွားမလား။ ဒါမှမဟုတ် မြန်မာ  နိုင်ငံနဲ့ဆက်ဆံရေးကို နောက်ထပ်အဆင့်တခုဆီကို သွားမလားဆိုတာ ကြည့်လို့ရမှာပေါ့။ ဒါပေမဲ့ တခုရှိတာ က Obama Administration ထဲကိုက သူတို့က မြန်မာနိုင်ငံကို Proactively ဆက်ဆံတယ်ဆိုတာက သူတို့ Obama Administration ရဲ့ တခုတည်းသော၊ ဒါမှမဟုတ်လို့ရှိရင်လည်း One of fews diplomatic success လို့ သူတို့ပြချင်တာကိုး။ Trump က မြောက်ကိုရီးယားကို စဉ်းစားကြည့်တယ်၊ အဆင်မပြေဘူးပေါ့။ လက်ရှိ Biden အစိုးရ အနေနဲ့ရော မြန်မာနိုင်ငံကို ဒီထက်ပိုပြီး Opening up ဒီထက်ပိုကောင်းတယ်ဆိုတာမျိူး Step ကိုသွားပြီး တော့ ပြချင်သလား။ ဒါမှမဟုတ်လို့ရှိရင် ဘယ်လိုမျိူးနဲ့သွားမလဲပေါ့။ ဖြစ်နိုင်ချေတခုက ကျနော်တို့က ဒီ Indo-pacific strategy ကို အခြေခံပြီးတော့ US ကနေပြီးတော့ Engage လုပ်နိုင်မယ်လို့ကျနော်ကထင်တယ်။ အဲလို Engagement လုပ်လို့ရှိရင်တော့ ကျနော်တို့က အတိုင်းအတာတခုထိ Proactively ဆက်ဆံဖို့အတွက် အတိုင်း အတာတခုအထိ လမ်းကြောင်းတခုရှိမယ်လို့ကျနော်မြင်ပါတယ်ခင်ဗျ။

အမေရိကန်ပြည်ထောင်စုအခြေစိုက် Stimson Center တတ်သိပညာရှင်များအဖွဲ့က သုတေသီ ကိုအမရသီဟ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */