" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 3, 2021

အာဏာသိမ်းအစိုးရကို အချိန်ပိုပေးရန် တရုတ်နှင့် ရုရှားက ကုလလုံခြုံရေးကောင်စီတွင် တောင်းဆို

M-Media
ေဖေဖာ္ဝါရီ ၃၊ ၂၀၂၁

 မြန်မာနိုင်ငံက လတ်တလော စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ကြပေမယ့် တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် ကြေငြာချက် မထုတ်နိုင် ခဲ့ပါဘူး။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ဒီအစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပခဲ့ကြတာဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ရှုတ်ချဖို့၊ ဒီမိုကရေစီကို အပြည့်အဝထောက်ခံကြောင်း ကြေငြာချက်တစ်စောင်ကို ယူကေက တင်သွင်းခဲ့ပါ တယ်။

“စစ်တပ်ရဲ့ လတ်တလောဆောင်ရွက်ချက်တွေကို ကျွန်မအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးကိုသာ ထောက်ခံတယ်ဆိုတာကို တစ်ညီတစ်ညွတ်တည်း သတင်းစကားပေးဖို့ အား လုံးကို တိုက်တွန်းပါတယ်” လို့ ကုလဆိုင်ရာ ဗြိတိန်သံအမတ် ခရစ္စတင်း ရှရာနာ ဘာဂီနာက ပြောပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သောင်ပြိုကမ်းပြိုအနိုင်ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောချင်ပြီး ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ဆိုတဲ့ စစ်တပ်ရဲ့ ပြောကြားမှုကို စိတ်ပျက်မိတယ်လို့ လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ယူကေရဲ့ ဒီကြေငြာချက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းမှုကို ရှုတ်ချကြောင်းဖော် ပြထားပြီး၊ တည်ဆဲဥပဒေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ တရားမဲ့ ဖမ်းဆီးထားသူတွေကို ချက် ခြင်းပြန်လွှတ်ပေးဖို့၊ အရေးပေါ်ခြေအနေ ကြေငြာထားတာကို ရုပ်သိမ်းဖို့ စစ်တပ်ကို တောင်းဆိုထားသလို၊ သက်ဆိုင်သူတွေအားလုံး ဒီမိုကရေစီ စံချိန်စံညွှန်းတွေအတိုင်း လုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါပေမယ့် တရုတ်နဲ့ရုရှားတို့က ကန့်ကွက်ခဲ့တာကြောင့် အဖွဲ့ဝင်နိုင်ငံအားလုံး သဘောမတူတဲ့အတွက် ကြေငြာ ချက် မထုတ်ပြန်နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ မဟာမိတ်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က အာဏာသိမ်းစစ်တပ်ကို အချိန်ပိုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အာဏာသိမ်းစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့တော့ ဒီကြေငြာချက်မှာ မပါဝင်ပါဘူး။

မြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်ပြီး လျင်လျင်မြန်မြန် မတုန့်ပြန်နိုင်မှုအတွက် လူ့အခွင့်အရေး အဖွဲ့ တွေက လုံခြုံရေးကောင်စီကို ရှုတ်ချခဲ့ပါတယ်။

“နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းတဲ့ အဖွဲ့အစည်းတစ်ခုက မျက်နှာပြောင်တိုက် စစ်အာဏာ သိမ်းမှုကို ရှုတ်ချတဲ့ ကြေငြာချက်တစ်စောင်တောင် မထုတ်နိုင်တာကို ဘယ်သူမှ သိပ်မအံ့ဩတော့ပါဘူး” လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Global Justice Center ရဲ့ ဥက္ကဌ အကီလာ ရာဒါခရစ်ရှ်နန်က ပြောကြားခဲ့ ပါတယ်။

စီးပွားရေးပိတ်ဆို့မှုတွေ၊ လက်နက်ရောင်းချမှုတားမြစ်တာ၊ ရင်းနှီးမြှုပ်နှံမှု ပြန်ထုတ်တာတွေနဲ့ အာဏာသိမ်း စစ်တပ်ကို အင်အားချည့်နဲ့အောင် လုပ်ဆောင်ဖို့လည်း ခရစ်ရှ်နန်က ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ ပါတယ်။

မနေ့က အစည်းအဝေးမှာ ကြေငြာချက်တစ်စောင် မထုတ်ပြန်နိုင်ခဲ့ပေမယ့် ဆွေးနွေးမှုတွေ ထပ်လုပ်သွားမယ် လို့ တက်ရောက်ခဲ့ကြတဲ့ သံတမန်တွေက ပြောကြားခဲ့ပါတယ်။

ကုလဆိုင်ရာ တရုတ်သံအမတ်က ယူကေရဲ့ကြေငြာချက်ကို မီဒီယာတွေ ကြိုသိနေတဲ့အတွက် အံ့ဩမိပြီး ဒီအ ချက်က အဖွဲ့ဝင်နိုင်ငံတွေအားလုံး သဘောတူဖို့ ခက်ခဲသွားစေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“လုံခြုံရေးကောင်စီက ဘယ်လိုအရေးယူမှုမျိုးမဆို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်မှု၊ ငြိမ်ချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူဖြစ်စေဖို့၊ တင်းမာမှု ပိုမြင့်လာတာ၊ အခြေအနေကို ပို ရှုပ်ထွေးသွားစေတာမျိုး မဖြစ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ရှုမြင်တယ်”

ကုလဆိုင်ရာ ရုရှားဒုတိယသံအမတ် ဒီမီထရီ ပိုလီယန်စကီးက မြန်မာနိုင်ငံက အခြေအနေဟာ ရှုပ်ထွေးတဲ့ အ တွက် လုံခြုံရေးကောင်စီက ထုတ်ပြန်မယ့်ကြေငြာချက်နဲ့ပတ်သက်ပြီး အစိုးရထံကနေ ညွှန်ကြားချက် ရယူနေ တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */