" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 28, 2021

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာတို့အပေါ် Genocide ကျူးလွန်မှု ရှိ-မရှိ စိစစ်ရေးကြီးကြပ်ဖို့ ကန်ဝန်ကြီးသစ် Blinken သဘောတူ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
28 ဇန်နဝါရီ၊ 2021
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် Antony Blinken က အထက်လွှတ်တော် ကြားနာ စစ်ဆေးပွဲမှာ တုံ့ပြန်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် Antony Blinken က သူ့ကို ရာထူး ရာထူး ခန့်အပ် ဖို့ အတည်ပြုရေး အ ထက်လွှတ်တော် ကြားနာ စစ်ဆေးပွဲမှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အခုလို တုံ့ပြန် ဖြေကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတည်ပြု ခန့်အပ်ခံရမယ်ဆိုရင် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက လူမျိုးတုန်း သတ်ဖြတ်မှု မြောက်မမြောက် အမေရိကန် အစိုးရ ဝန်ကြီးဌာနတွေအကြား သုံး သပ်ဆွေးနွေးမှုတွေ ပြုလုပ်တာကို ကြီးမှူးဦးဆောင် သွား မလားလို့ Massachusettes ပြည်နယ်၊ အထက် လွှတ် aတာ်အမတ် Ed Murkey ရဲ့ မေးခွန်းအပေါ် Antony Blinken က ကြီးမှူးသွားမယ်ဆိုပြီး ဖြေကြားသွားတာပါ။

ဒီ မေးခွန်းကို အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ Mr. Blinken ကို နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခန့်အပ်အတည် ပြုရေး ကြားနာ စစ်ဆေးပွဲမှာ မက်ဆာချူး ဆက်ပြည် နယ်က ဒီမိုကရက် အထက် လွှတ်တော် အမတ် Ed Merkey က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Antony Blinken ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အထက်လွှတ်တော်က ဇန်နဝါရီ ၂၆ရက်နေ့က အတည်ပြုခန့် အပ်ခဲ့ပြီးဖြစ်ပါတယ်။

ဝါရင့် သံတမန် တစ်ဦး ဖြစ်သူ Antony Blinken က သမ္မတ ဘားရက် အိုဘားမား လက်ထက်မှာ ဒုတိနိုင်ငံခြား ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒုတိယ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေတုန်းမှာ မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ် မေလအတွင်းက တစ်ကြိမ်နဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီ လအတွင်းက တစ်ကြိမ်၊ နှစ်ကြိမ်တိုင် သွားရောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ကမ္ဘာ တစ်ဝှမ်း ဒုက္ခသည် အကျပ်အတည်းတွေ့ကြုံနေရချိန် ၂၀၁၅ ခုနှစ် ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို လာ ရောက်တဲ့ အချိန်မှာ Antony Blinken က အိန္ဒိယ သမုဒ္ဒရာ ပင်လယ်ပြင်မှာ ထွက်ပြေးကြတဲ့ လှေစီးပြေးဒုက္ခ သည်တွေထဲက တဝက်လောက်က မြန်မာ နိုင်ငံ ရခိုင် ပြည်နယ်က ဖြစ်တယ်ဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂနဲ့ အခြား အဖွဲ့တွေ ကနေ ရရှိထားတဲ့ အထောက်အထားတွေ ကိုးကားပြီး ပြောကြားဖူးပါတယ်။

ရိုဟင်ဂျာ အသုံးကို လက်မခံတဲ့ မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ် အတွင်းရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံနဲ့အတူ သုံးနိုင်ငံ ဆွေး နွေးမှုတွေ ဒီနှစ်အစပိုင်းမှာပြုလုပ်ခဲ့ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */