" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လူမျိုးတုန်းသတ်ဖြတ်မှု. Show all posts
Showing posts with label လူမျိုးတုန်းသတ်ဖြတ်မှု. Show all posts

Sunday, May 24, 2020

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အမှုအတွက် ICJ ထံ မြန်မာ အစီရင်ခံစာ တင်သွင်းပြီ

VOA
ဗွီအိုအေ (မြန်မာဌာန)
24 မေ၊ 2020
ကိုဉာဏ်ဝင်းအောင်
နိုင်ငံတကာတရားရုံး (ICJ).

ICJ နိုင်ငံတကာတရားရုံး သတ်မှတ်ချက်နဲ့အညီ မြန်မာအစိုးရရဲ့ ပထမဦးဆုံး အစီရင်ခံစာကို မေလ ၂၃ ရက် နေ့ မှာ တင်သွင်းလိုက်ပါပြီ။ ဒီအကြောင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာက တိုင်ကြား ထားတဲ့ အမှုအတွက် မြန်မာဘက်က ပထမဆုံး အစီရင်ခံစာကို တင်ထားပြီဖြစ်ကြောင်း မြန်မာအစိုးရ နိုင်ငံခြား ရေးဌာန အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုတာပါ။

Friday, May 22, 2020

မြန်မာ ရိုဟင်ဂျာနှိပ်ကွပ်မှု လူမျိုးတုန်းအဆင့်သတ် မှတ် ဖို့ကန်ဝန်ကြီးကို ဒုက္ခသည်အဖွဲ့တွေ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
2 မေ၊ 2020 
မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှုဟာ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်တဲ့အကြောင်း အမေရိ ကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo အနေနဲ့ လက်ခံပြီး ဒီစကားရပ်ကို ခေါ်ဝေါ်အသုံးပြုဖို့ တင်ပြ လျှောက် ထားလွှာ ကောက်ယူမယ့် အစီအစဉ် (Petition) ကို မေလ ၂၁ ရက်နေ့ကစတင် လိုက်ပြီလို့ Refugees International အဖွဲ့က ပါတယ်။

Monday, January 20, 2020

ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ

ဧရာဝတီ 
ထက်ခေါင်လင်း
20 January 2020
ICOE အစီရင်ခံစာကို သမ္မတ ဦးဝင်းမြင့်ထံ ပေးအပ်နေစဉ် / ဧရာဝတီ
 
 ရခိုင်ပြည်နယ်အရေး ဆိုင်ရာ မြန်မာအစိုးရက ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မ ရှင် (ICOE) ၏ နောက်ဆုံး အစီရင်ခံစာတွင် နိုင်ငံတကာက စွပ်စွဲနေသည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိ သည် ဆို ခြင်းနှင့် ပတ်သက်ပြီး ခိုင်လုံသော အထောက်အထား မတွေ့ရှိရဟု ပါရှိကြောင်း သိရသည်။

ယင်း အစီရင်ခံစာကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့ ကော်မရှင်က ယနေ့ ပေးအပ်လိုက်သည်။

Tuesday, November 26, 2019

ဂမ်ဘီယာနိုင်ငံရဲ့မြန်မာအပေါ်တရားစွဲဆိုမှုကို ပြည်ပရောက် တိုင်းရင်းသား ၃ဖွဲ့က ထောက်ခံ

B B C
ဘီဘီစီ မြန်မာပိုင်း
26 နိုဝဘာ 2019

လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေး အရေးယူမှုကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုတာနဲ့ ပတ်သက်လို့ National Alliance of Burma (USA)Canadian Burma Ethnic National (CBENO) Coalition of Burma Ethnic (COBEM) အဖွဲ့တို့က နေ ထောက်ခံ ကြောင်း ကြေညာ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

Wednesday, March 6, 2019

ဆိုရှယ်မီဒီယာ မြန်မာလူ့အခွင့်အရေးကို အကျိုးပြုဖို့ Yanghee Lee တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
06 မတ်၊ 2019
  မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ-

Facebook - Twitter နဲ့ နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးအခြေနေကို ပံ့ပိုးပေးတယ်ဆိုတာ သေချာအောင် ပိုလုပ်ပြဖို့ လိုနေပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှုး Yanghee Lee ရဲ့ အင်္ဂါနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */