" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လူမျိုးတုန်းသတ်ဖြတ်မှု. Show all posts
Showing posts with label လူမျိုးတုန်းသတ်ဖြတ်မှု. Show all posts

Saturday, May 4, 2024

ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ICJ အမြန်ဆုံးဖြတ်ချက်ချဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာ မျှော်လင့်

RFA
RFA Burmese
2024.05.04 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ်။ ICJ 


ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့အမှုကို အမြန်ဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာနိုင်ငံတို့က မျှော် လင့်တဲ့အကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

Wednesday, May 24, 2023

လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အတွက် စစ်ကောင်စီကို အချိန် ပေးနေမှု ဝေဖန်ခံနေရ

RFA
RFA Burmese
2023.05.24

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ်။ ICJ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အတွက် စစ်ကောင်စီဘက်က ထုချေလွှာ တင်သွင်းရမယ့် ရက်ကို နိုင်ငံတကာတရားရုံး (ICJ) က နောက်ထပ် သုံးလ ရွှေ့ဆိုင်းလိုက် တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ရိုဟင် ဂျာ ဒုက္ခသည်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ပြောပါတယ်။

အမှန်တကယ် ထုချေလွှာ တင်ရမယ့်ရက်ဟာ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်ဖြစ်ပြီး စစ်ကောင်စီဘက်က အဆင်သင့် မဖြစ်သေးတာကြောင့် ၂၀၂၄ ခုနှစ်ထဲအထိ ရွှေ့ဆိုင်းပေးဖို့ အရင်ဆုံး တောင်းဆိုခဲ့တာပါ။ ဒါကြောင့် တရားရုံးက တစ်လနောက်ဆုတ်ပြီး မေလ ၂၄ ရက် ဒီနေ့မှာ ထုချေလွှာတင်သွင်းဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။

Wednesday, April 19, 2023

ရိုဟင်ဂျာကိစ္စဖြေရှင်းရန် စစ်ကောင်စီ အချိန်တိုးတောင်းမှု ICJ ပယ်ချ

Myanmar Now
ထူးအောင်
April 19, 2023

ဂမ်ဘီယာနိုင်ငံ၏ စွဲဆိုချက်များကို အင်္ဂလိပ်မှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုရန် အချိန်မလုံလောက်ဟု အကြောင်းပြကာ စစ်ကောင်စီက အချိန် ၁၀ လ တိုးတောင်းသော်လည်း ပယ်ချခံရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီကိုယ်စား စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင်ဦးဆောင်၍ ICJ တရားရုံး၌ သွားရောက်ဖြေရှင်းခဲ့စဉ်။ 


ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် အမှုရင်ဆိုင်နေရသည့် စစ်ကောင်စီက စွပ်စွဲချက်များ ဖြေရှင်းရေး အချိန် ၁၀ လ တိုးတောင်းခဲ့သော်လည်း ပယ်ချခံလိုက်ရသည်။

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုခြင်းခံရကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံး၌ သွား ရောက်ဖြေရှင်းခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင်ဦးဆောင် ၍ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း တစ်ကြိမ်ဖြေရှင်းပြီး ဖြစ်သည်။

Monday, February 6, 2023

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူနိုင်မည်လား

RED NEWS AGENCY
Editor ,BNA(Anailysis)
February 4, 2023
ရိုဟင်ဂျာလူမျိုးသောင်းဂဏာန်အထိသတ်ဖြတ်ခံခဲ့ရပြီးရိုဟင်ဂျာကျေးရွာပေါင်းလေးရာနီးပါးအထိ မီးရှို့ဖျက်ဆီးခံခဲ့ကြရပြီးနိုင်ငံတကာစစ်တမ်းများအရ ရိုဟင်ဂျာအမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း ၁၈,၀၀၀သည် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံမှုများနှင့်အခြားသောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကျူးလွန်ခဲ့ပြီးအနည်းဆုံး ရိုဟင်ဂျာလူမျိုး၂၅,၀၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ကြရသည်

မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်တွင် မြန်မာပြည်အနောက်ဖက်နယ်စပ်၌ လူမျိုးတုံးသတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါဖြစ်စဥ်သည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အပြီးသတ်အစီရင်ခံစာထုတ်ပြန် သောသတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၄ ရက်နေ့ညတွင် စတင်ခဲ့ခြင်းဖြစ်သည်။

ထိုမောင်တော၊ဘူးသီးတောင်၊ရသေ့တောင်သုံးမြို့နယ်ရှိ မြန်မာစစ်တပ်၏ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်သည့် အာဆာအကြမ်း ဖက်အဖွဲ့က တပြိုင်နက်တည်းဝင်တိုက် သည်ကို အကြမ်း ဖက်နှိမ်နင်းရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ဆိုထားသည်။

Saturday, January 28, 2023

ဂျာမနီနိုင်ငံ အနေနဲ့ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေကို စစ်ဆေးအရေးယူပေးဖို့ NUG တိုက်တွန်း

မဲခေါင် သတင်း
28 Jan - 2023

မဲခေါင်၊ ဇန်နဝါရီ ၂၈ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်မှစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စစ်ဆေး အရေးယူနိုင်ဖို့ ဂျာမနီ အာဏာပိုင်တွေ အနေနဲ့ အလေး ထား ဆောင်ရွက်ပေးဖို့ အမျိုးသား ညီညွှတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မနေ့က တိုက် တွန်းလိုက်ပါတယ်။
စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်မှစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စစ်ဆေး အရေးယူနိုင်ဖို့ ဂျာမနီ အာဏာပိုင်တွေ အနေနဲ့ အလေးထား ဆောင်ရွက်ပေးဖို့ အမျိုးသား ညီညွှတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မနေ့က တိုက်တွန်းလိုက်ပါတယ်။

Thursday, September 15, 2022

"လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရိုဟင်ဂျာတွေ ဆက်လက်ရင်ဆိုင် နေရတဲ့ ညှဉ်းပန်းနှိပ်စက်မှု" ဆွေးနွေးပွဲ

VOA
ဗွီအိုအေမြန်မာပိုင်း
နန်းလောင်ဝ်
၁၅ စက်တင်ဘာ၊ ၂၀၂၂ 

Bangladesh Rohingya

"လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ ဆက်လက်ရင်ဆိုင်နေရတဲ့ ညှဉ်းပန်းနှိပ်စက်မှုများ "ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စု၊ Georgetown တက္ကသိုလ်၊ Berkley Center မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ဆွေးနွေးပွဲတရပ်ကျင်းပခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေအရေး အကျွမ်းတဝင်လေ့လာ ထားတဲ့ ပညာရှင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ နန်းလောင်ဝ်က ကောက်နုတ် တင်ပြထားပါတယ်။

Tuesday, September 13, 2022

"ရိုဟင်ဂျာလူမျိုးများအား လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် တရားမျှတမှုရှာဖွေရေး ခရီး"


"ရိုဟင်ဂျာလူမျိုးများအား လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် တရားမျှတမှုရှာဖွေရေး ခရီး"

စကားဝိုင်းမှာ ပါဝင်ဆွေးနွေးမယ့်လူတွေကတော့ မခင်ဥမ္မာ၊ ကိုနေဆန်းလွင်၊ ကိုထွန်းခင်၊ ကိုအောင်ကျော်မိုး နှင့် ကိုကျော်ဝင်း တို့ဖြစ်ပြီး ကိုရဲဟိန်းအောင်ကတော့ မော်ဒရေတာ လုပ်မှာဖြစ်ပါတယ်။

နေ့ရက်: ၁၂ ရက်နေ့ စက်တင်ဘာလ ၂၀၂၂
အချိန် : မြန်မာစံတော်ချိန် ည ၈ နာရီ

Tuesday, May 31, 2022

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စာအုပ်ဖြန့်ချိတဲ့ လွင်ဦးစာပေ အပိတ်ခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.05.31

ရန်ကုန်မြို့ ကမာရွက်မြို့နယ် လှည်းတန်းမှာရှိသည့် လွင်ဦးစာပေအား တွေ့ရစဉ်
Photo: Lwin Oo 

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအကြောင်း ရေးသားထားတဲ့စာအုပ်ကို တင်သွင်း၊ ဖြန့်ချိ ရောင်းချခဲ့တဲ့အတွက် လွင်ဦးစာပေတိုက်ကို မေလ ၂၈ ရက်နေ့ကစလို့ စစ်ကောင်စီက ထုတ်ဝေခွင့် ပိတ်လိုက်ပါတယ်။

လွင်ဦးစာပေဟာ Myanmar's Rohingya Genocide: Identity, History and Hate Speech ဆိုတဲ့ စာအုပ်ကို Facebook ကနေတစ်ဆင့် ဖြန့်ချိရောင်းချခဲ့တဲ့အတွက် အခုလို ပိတ်လိုက်ရတာလို့ မေလ ၃၁ ရက် စစ်ကောင် စီရဲ့ သတင်းစာကနေ ဖော်ပြထားပါတယ်။

Sunday, April 17, 2022

လူမျိုးတုံးသတ်ဖြတ်မှုဆီ ဦးတည်နေတဲ့ မြန်မာနိုင်ငံ (Holocaust ပြခန်း)

VOA
ဗွီအိုအေမြန်မာပိုင်း
ငြိမ်းချမ်း
၁၃ ဧပြီလ၊ ၂၀၂၂ 

ဝါရှင်တန်မြို့တော်မှာရှိတဲ့ Holocaust ပြတိုက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ပြီးခဲ့တဲ့ လ က သွားရောက်တဲ့အချိန် မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေအပေါ် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေဟာ Genocide လူမျိုးတုံး သတ်ဖြတ်မှု မြောက်တယ်လို့ ကြေညာခဲ့ပါတယ်။ ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။

Link : Here

Wednesday, March 23, 2022

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကန်သတ်မှတ်ချက် ဘင်္ဂလားဒေ့ရ်ှ ကြိုဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
23 မတ်၊ 2022

Foreign Minister A. K. Abdul Momen 

[[Unicode]]

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကန်သတ်မှတ်ချက် ဘင်္ဂလားဒေ့ရ်ှကြိုဆို

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့လုပ်ရပ်ကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိ ကန် ပြည်ထောင်စု က သတ်မှတ်လိုက်တာကြောင့် တာဝန်ယူ တာဝန်ခံမှုနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေ အရှိန်မြင့်လာခြေ ရှိတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abdul Momen က “နောက်ကျပေမယ့် ဒါဟာ သတင်းကောင်းပါ၊ ကျနော်တို့ ဒါကို ကြိုဆိုပါ တယ်” လို့ အင်္ဂါနေ့က သတင်းထောက်တွေကို ပြောပါတယ်။

Sunday, May 24, 2020

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အမှုအတွက် ICJ ထံ မြန်မာ အစီရင်ခံစာ တင်သွင်းပြီ

VOA
ဗွီအိုအေ (မြန်မာဌာန)
24 မေ၊ 2020
ကိုဉာဏ်ဝင်းအောင်
နိုင်ငံတကာတရားရုံး (ICJ).

ICJ နိုင်ငံတကာတရားရုံး သတ်မှတ်ချက်နဲ့အညီ မြန်မာအစိုးရရဲ့ ပထမဦးဆုံး အစီရင်ခံစာကို မေလ ၂၃ ရက် နေ့ မှာ တင်သွင်းလိုက်ပါပြီ။ ဒီအကြောင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာက တိုင်ကြား ထားတဲ့ အမှုအတွက် မြန်မာဘက်က ပထမဆုံး အစီရင်ခံစာကို တင်ထားပြီဖြစ်ကြောင်း မြန်မာအစိုးရ နိုင်ငံခြား ရေးဌာန အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုတာပါ။

Friday, May 22, 2020

မြန်မာ ရိုဟင်ဂျာနှိပ်ကွပ်မှု လူမျိုးတုန်းအဆင့်သတ် မှတ် ဖို့ကန်ဝန်ကြီးကို ဒုက္ခသည်အဖွဲ့တွေ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
2 မေ၊ 2020 
မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှုဟာ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်တဲ့အကြောင်း အမေရိ ကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo အနေနဲ့ လက်ခံပြီး ဒီစကားရပ်ကို ခေါ်ဝေါ်အသုံးပြုဖို့ တင်ပြ လျှောက် ထားလွှာ ကောက်ယူမယ့် အစီအစဉ် (Petition) ကို မေလ ၂၁ ရက်နေ့ကစတင် လိုက်ပြီလို့ Refugees International အဖွဲ့က ပါတယ်။

Monday, January 20, 2020

ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ

ဧရာဝတီ 
ထက်ခေါင်လင်း
20 January 2020
ICOE အစီရင်ခံစာကို သမ္မတ ဦးဝင်းမြင့်ထံ ပေးအပ်နေစဉ် / ဧရာဝတီ
 
 ရခိုင်ပြည်နယ်အရေး ဆိုင်ရာ မြန်မာအစိုးရက ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မ ရှင် (ICOE) ၏ နောက်ဆုံး အစီရင်ခံစာတွင် နိုင်ငံတကာက စွပ်စွဲနေသည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိ သည် ဆို ခြင်းနှင့် ပတ်သက်ပြီး ခိုင်လုံသော အထောက်အထား မတွေ့ရှိရဟု ပါရှိကြောင်း သိရသည်။

ယင်း အစီရင်ခံစာကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့ ကော်မရှင်က ယနေ့ ပေးအပ်လိုက်သည်။

Tuesday, November 26, 2019

ဂမ်ဘီယာနိုင်ငံရဲ့မြန်မာအပေါ်တရားစွဲဆိုမှုကို ပြည်ပရောက် တိုင်းရင်းသား ၃ဖွဲ့က ထောက်ခံ

B B C
ဘီဘီစီ မြန်မာပိုင်း
26 နိုဝဘာ 2019

လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေး အရေးယူမှုကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုတာနဲ့ ပတ်သက်လို့ National Alliance of Burma (USA)Canadian Burma Ethnic National (CBENO) Coalition of Burma Ethnic (COBEM) အဖွဲ့တို့က နေ ထောက်ခံ ကြောင်း ကြေညာ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

Wednesday, March 6, 2019

ဆိုရှယ်မီဒီယာ မြန်မာလူ့အခွင့်အရေးကို အကျိုးပြုဖို့ Yanghee Lee တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
06 မတ်၊ 2019
  မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ-

Facebook - Twitter နဲ့ နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးအခြေနေကို ပံ့ပိုးပေးတယ်ဆိုတာ သေချာအောင် ပိုလုပ်ပြဖို့ လိုနေပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှုး Yanghee Lee ရဲ့ အင်္ဂါနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */