" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 26, 2019

ဂမ်ဘီယာနိုင်ငံရဲ့မြန်မာအပေါ်တရားစွဲဆိုမှုကို ပြည်ပရောက် တိုင်းရင်းသား ၃ဖွဲ့က ထောက်ခံ

B B C
ဘီဘီစီ မြန်မာပိုင်း
26 နိုဝဘာ 2019

လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေး အရေးယူမှုကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုတာနဲ့ ပတ်သက်လို့ National Alliance of Burma (USA)Canadian Burma Ethnic National (CBENO) Coalition of Burma Ethnic (COBEM) အဖွဲ့တို့က နေ ထောက်ခံ ကြောင်း ကြေညာ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

'' တိုင်းရင်းသားအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ အခုရိုဟင်ဂျာတွေလိုပဲ ခံစားရတာတွေက နှစ်ပေါင်း များ စွာရှိပြီ။ခုချိန်ထိ တစ်စုံတစ်ရာအရေးယူတာ ရပ်တန့်တာမရှိဘူး။ ဒီဟာက ကျွန်တော်တို့ တိုင်းရင်း သားတွေ ရဲ့ခံစားနေရတဲ့အခွင့်အရေးတွေအပေါ်မှာ အပြောင်းအလဲတစ်ခုခုရှိလာစေချင်တဲ့ မျှော်လင့်ချက်နဲ့ ပါ။ အဓိက က တိုင်းရင်း သားတွေအပေါ်ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပေါ့''လို့ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲမှုအပေါ် ထောက်ခံရတာနဲ့ပတ်သက်ပြီး COBEM ရဲ့ ဥက္ကဌ ဂျိုးဇက်ရှယူးက ဘီဘီစီ ကို ပြောပြပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ရဲ့ လူမျိုးတုံး သတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနဲ့ ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းကို ၁၉၄၉ က ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး တော့ ၁၉၅၆ မတ်လ ၁၄ ရက် ကအသက်ဝင်ခဲ့ပါတယ်။

ဂမ်ဘီယာကလည်း ဒီသဘောတူချက်မှာ လက်မှက်ထိုးထားပြီးတော့ သူက နိုင်ငံပေါင်း ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့OIC ကို ကိုယ်စားပြုပြီး ဒီအမှုကို ဖွင့်ခဲ့တာဖြစ်ပါတယ်။

အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းကြာရှည်တဲ့ ပြည်တွင်းစစ်အတွင်းမှာ တပ် မတော်ဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေဘက်ကလည်း လုပ်ဆောင်ခဲ့တာရှိခဲ့ပြီး ဒီလို လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေခဲ့ကြပါတယ်။

ဒါကြောင့် အခုလို နှစ်ပေါင်းကြာရှည် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေအပေါ်မှာ လည်း နိုင်ငံတကာအနေနဲ့ အရေးယူ စောင့်ကြည့်စေချင်တယ်လို့ ဦး ဂျိုးဇက်ရှယူးက ဆိုပါတယ်။

၂ဝ၁၇ ဩဂုတ်လ အဖြစ်အပျက်တွေ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး သွားကြရတဲ့ ရိုဟင်ဂျာ အရေအတွက် ၇ သိန်း ကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

 ဆက်စပ်သတင်း။ 


 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */