" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 22, 2020

မြန်မာ ရိုဟင်ဂျာနှိပ်ကွပ်မှု လူမျိုးတုန်းအဆင့်သတ် မှတ် ဖို့ကန်ဝန်ကြီးကို ဒုက္ခသည်အဖွဲ့တွေ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
2 မေ၊ 2020 
မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှုဟာ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်တဲ့အကြောင်း အမေရိ ကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo အနေနဲ့ လက်ခံပြီး ဒီစကားရပ်ကို ခေါ်ဝေါ်အသုံးပြုဖို့ တင်ပြ လျှောက် ထားလွှာ ကောက်ယူမယ့် အစီအစဉ် (Petition) ကို မေလ ၂၁ ရက်နေ့ကစတင် လိုက်ပြီလို့ Refugees International အဖွဲ့က ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ ၉ သိန်းနီးပါး ပြင်းအားကြီးတဲ့ ဆိုင်ကလုံးမုန် တိုင်း ဒဏ်ခံရသလို COVID-19 ကူးစက်မှုလည်း စတင်ကြုံတွေ့နေရပါတယ်။သူတို့ တစ်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှုကြောင့်ထွက်ပြေးခဲ့ကြရလို့ အခုလို အကာအကွယ် မဲ့နေရတယ် ဆိုတာကိုတစ်ကမ္ဘာလုံး အတူတကွ အသိအ မှတ်ပြုရမှာ ဖြစ်ကြောင်းလည်း Refugees International အဖွဲ့က VOA ကို ပေးပို့တဲ့ အီး မေးလ် မှာ ပါရှိပါတယ်။

SEE ALSO:
 မြန်မာပြည်တွင်း ရိုဟင်ဂျာတွေပေါ် အကာအကွယ်ပေးမှုအားနည်းကြောင်း လေ့လာသူတွေဝေဖန်



လူမျိုးတုံး သတ်ဖြတ်မှု ဟန့်တားဖို့ ဆောင်ရွက်ချက် အစီရင်ခံစာကို မြန်မာနိုင်ငံက နိုင်ငံတကာ တရားရုံးကို ပေးပို့ဖို့ အခုအခါ ၂ ရက်သာ လိုတော့ကြောင်းနဲ့ ပျံ့နှံ့ထွက်ပေါ်နေတဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံအ တွင်း က ရိုဟင်ဂျာ ၆ သိန်းဝန်းကျင်ကို လူမျိုးတုံး သတ်ဖြတ်မှု မဖြစ်အောင် မြန်မာအစိုးရက လုံလုံလောက်လောက် ဆောင် ရွက်ထားခြင်း မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်တယ်ဆိုတာကို အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဌာန အနေနဲ့ သတ်သတ်မှတ်မှတ် လူသိရှင်ကြား ထုတ်ဖော် ပြောဆိုထားခြင်း မရှိ သေးကြောင်း၊ ရိုဟင်ဂျာတွေအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန် တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှု ရှိတယ်ဆိုတာကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ လက်ခံအသိအမှတ် ပြုဖို့ တောင်းဆိုကြောင်း Refugees International ရဲ့ တင်ပြလျှောက်ထားလွှာ (Petition) မှာပါရှိပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ARSA လက်နက်ကိုင်တွေအပေါ်နယ်မြေ ရှင်းလင်း မှုတွေ လုပ်တုန်းက ရိုဟင်ဂျာ သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။ မြန်မာ အစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို ပြန်လည် စိစစ် လက်ခံမယ်လို့ ပြော ထားပါတယ်။


 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */