" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 6, 2019

ဆိုရှယ်မီဒီယာ မြန်မာလူ့အခွင့်အရေးကို အကျိုးပြုဖို့ Yanghee Lee တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
06 မတ်၊ 2019
  မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ-

Facebook - Twitter နဲ့ နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးအခြေနေကို ပံ့ပိုးပေးတယ်ဆိုတာ သေချာအောင် ပိုလုပ်ပြဖို့ လိုနေပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှုး Yanghee Lee ရဲ့ အင်္ဂါနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာမူစလင် ၇၃၀ ၀၀၀ လောက် ၂၀၁၇ ခုနှစ်ကစပြီး မြန်မာနိုင်ငံကနေ ထွက်ပြေး ရတာဟာ မြန်မာစစ် တပ်ရဲ့ Genocide လူမျိုးတုန်းသတ်ဖြတ်မှု ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာအဖြစ် ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့က အပြစ်တင်ထားပြီး ဒါကို အာရုံလွှွှဲတဲ့ အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လာအောင် မြန်မာက ကြိုး စားနေ တယ်လို့ ဖေါ်ပြထားတာပါ။

ပဋိပက္ခဖြစ်အောင် လှုံ့ဆော်မှုတွေကို သေသေချာချာ မတားဆီးနိုင်ဘူူးလို့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့နောက်မှာFacebook က ဒီလထဲမှာပဲ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရဲ့ အကောင့်တွေကို ပိတ်ပစ်ခဲ့ပါတယ်။

ဒါပေမယ့် Yanghee Lee ကတော့Facebook ဟာ မြန်မာစစ်တပ်နဲ့ စစ်တပ်ရဲ့မဟာမိတ် လက်နက်ကိုင် အ ဖွဲ့တွေ ကိုတော့ မပိတ်ခဲ့တဲ့အတွက် စိုးရိမ်တယ်လို့ သူ့အစီရင်ခံစာမှာ ရေးပါတယ်။ ဒါ့အပြင် အခုထုတ်ပြန်တဲ့ အစီ ရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ မှာ မတ်လ ၁၁ ရက်ကျရင် သူတင်သွင်းမှာ ဖြစ်ကြောင်း လည်း Yanghee Lee ကပြောပါတယ်။

မြန်မာစစ်တပ်ကတော့ အကြမ်းဖက်သမား တွေရဲ့ ခြိမ်းခြောက်မှုကို တရားဝင် တုန့်ပြန်တိုက်ခိုက်တာသာ ဖြစ်ပြီး စွပ်စွဲထားသလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အဓမ္မပြုကျင့်မှုတွေ မရှိဘူးလို့ ပြောခဲ့တဲ့အပြင် ဒုက္ခသည်တွေပြန်လာရေးကိုပါ ကြိုဆိုကြောင်း ပြောပါတယ်။
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */