" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုနေဆန်းလွင်. Show all posts
Showing posts with label ရိုနေဆန်းလွင်. Show all posts

Saturday, August 12, 2023

ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဒုက္ခသည်တွေကို ညှဉ်းပန်းမှုအပေါ် Fortify Rights အစီရင်ခံစာ

RFA
တင်အောင်ခိုင် (၀ါရှင်တန် ဒီစီ)
2023.08.11

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို စခန်းလုံခြုံရေး တာ၀န်ယူထားသူတွေက အနိုင်ကျင့် နှိပ်စက်မှုတွေ အတွက် တာ၀န်ခံမှုရှိစေရန် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ Fortify Rights အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီရင်ခံစာမှာ အဓိက မီးမောင်းထိုးပြထားတာ က အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ APBn အဖွဲ့မှာ တာ၀န်ရှိတယ်လို့ ဖော်ပြထားပါတယ်။ 

Tuesday, May 30, 2023

တရုတ်နဲ့ ICJ ဖိအားကြောင့် ရိုဟင်ဂျာအရေး စစ်ကောင်စီ ပိုတိုးလုပ်ဆောင်လာ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.05.30 

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကို ထွက်ပြေးသွားကြစဉ်။ Reuters


တရုတ်အပါအဝင်နိုင်ငံတကာဖိအားကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စကို စစ် ကောင်စီက ဒီရက်ပိုင်းထဲ ပိုအားထုတ်လာတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ ရခိုင်နိုင်ငံရေးသမားတချို့က သုံးသပ်ပါတယ်။

ရိုနေဆန်းလွင်-"တရုတ်နိုင်ငံက ဒီမှာလာပြီး စက်ရုံတွေဆောက်မယ်၊ တခြားတစ် ခုခုလုပ်မယ်ဆိုရင် ဒီလူတွေကို ပေါပေါလောလောနဲ့သုံးလို့ရမယ့် အနေအထားမှာ ရှိတယ်။

Thursday, February 9, 2023

ရိုဟင်ဂျာဒုက္ခသည်များ ပြန်လက်ခံရေး စစ်ကောင်စီ စီစဉ်နေ

ဧရာဝတီ
8 February 2023
မောင်တောနယ်စပ်တွင် တွေ့ရသော နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦး

ရခိုင်ပြည်နယ် မောင်တောခရိုင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ရိုဟင်ဂျာဒုက္ခသည်များ ပြန်လက်ခံ ရေး စစ်ကောင်စီက စီစဉ်နေကြောင်းသိရသည်။

ယခုလ ၅ ရက်က စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက် ခိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်တို့ စစ်တွေမှတဆင့် မောင်တော ဒေသသို့ သွားရောက်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လက်ခံရန် ဒုက္ခသည် လက်ခံရေး စခန်းများ အဆင်သင့်ပြင်ထားဖို့ ဒေသဆိုင်ရာအာဏာပိုင်များကို မှာကြားခဲ့သည်ဟု သိရသည်။

Tuesday, December 20, 2022

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်နှင့် ဧရာဝတီအင်တာဗျူး

ဧရာဝတီ
20 December 2022

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA ဟာ ကိုယ့်လူမျိုးကိုယ်ပြန်သတ်တဲ့ ရာဇဝတ်ကောင်တွေလို့ ဧရာဝ တီရဲ့ သီးသန့်အင်တာဗျူးမှာ ဦးနေဆန်းလွင်က ပြောပါတယ်။ ဂျာမနီအခြေစိုက် Free Rohingya Coalition အဖွဲ့ကို ပူးတွဲတည်ထောင်သူဖြစ်တဲ့ သူဟာ ဆိုရှယ်မီဒီယာပေါ်မှာ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်လို့ လူသိများပါတယ်။ နွေဦးတော်လှန်ရေးနဲ့ ရခိုင်စစ်ပွဲအပေါ် ရိုဟင်ဂျာတွေရဲ့ အမြင်သဘောထား ကို ဧရာဝတီကို အခုလို ပြောဆိုသွားခဲ့ပါတယ်။

Tuesday, December 6, 2022

လှည်းကူးမှာအလောင်းတွေ့တဲ့ရိုဟင်ဂျာတွေဟာစစ်ကောင်စီ က ဖမ်းထားသူတွေဖြစ်တယ်လို့ဆို

dna
Delta News
December 5, 2022

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က လမ်းဘေးတနေရာမှာ ဒီဇင်ဘာ (၅) ရက် ဒီကနေ့မနက်အစောပိုင်းကတွေ့ရတဲ့ ရိုဟင်ဂျာရုပ်အလောင်းတွေဟာ ပြီးခဲ့လအတွင်း တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရသူတွေထဲပါဝင်ခဲ့သူတွေ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က DNA ကိုပြောပါတယ်။

ကားလမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ ရိုဟင်ဂျာအမျိုးသား (၁၃) ဦးရဲ့ အလောင်းတွေကို ဒီကနေ့မနက် (၇) နာရီဝန်းကျင်က လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ၊ တပင်ရွှေထီးလမ်းဘေးမှာ တွေ့ရှိခဲ့ရတာလို့ဆိုပါတယ်။

လှည်းကူးမြို့နယ်အတွင်းမှာ နိုဝင်ဘာ (၂၈) ရက်က ၁၂ ဘီး ကုန်တင်ယာဉ်တစီးပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာ (၆၆) ဦးနဲ့ ယာဉ်မောင်းနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ယာဉ်မောင်းနှစ်ဦးအပါအဝင် အမျိုးသား (၅၄) ဦးနဲ့ အမျိုးသမီး (၁၄) ဦးဖမ်းဆီးခံခဲ့ရတာပါ။
                                                                         

Monday, December 5, 2022

ရန်ကုန်အဝင် လှည်းကူးမှာ အစုလိုက်သေဆုံးနေတဲ့ အလောင်း တွေတွေ့

B B C

ဘီဘီစီမြန်မာပိုင်း

05-12-2022

ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့နဲ့မိုင် ၂၀ လောက်ဝေးတဲ့ လှည်းကူးမြို့နယ်မှာ အသက်သေဆုံးနေတဲ့ ရိုဟင်ဂျာတွေ လို့ယူဆရတဲ့ အမျိုးသား ၁၃ ဦး အလောင်းကို လမ်းဘေးမှာစုပုံထားတာ တွေ့ရှိရတယ်လို့ မျက် မြင် ဒေသခံတွေပြောဆိုချက် နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု ငွေနံ့သာ စံပြကျေးရွာ၊ ငွေနံ့သာကျေးရွာနဲ့ အမှတ် ၇ လမ်းမကြီးကို ဆက်သွယ်ထားတဲ့ ကားလမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသား အလောင်း ၁၃လောင်းကို တွေ့ရှိ ခဲ့ရတယ်လို့ သေဆုံးနေတဲ့အလောင်းတွေကို သွားရောက်ကြည့်ရှုကြတဲ့ ဒေသခံတွေက ပြောပါတယ်။

Tuesday, March 22, 2022

လူမျိုးတုန်းသတ်ဖြတ်မှု သတ်မှတ်ကြေညာချက် မြန်မာစစ် တပ် ပယ်ချ

VOA
ဗွီအိုအေမြန်မာပိုင်း
ငြိမ်းချမ်း
22 မတ်၊ 2022 

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နားက မီးလောင်ပြင်ဖြစ်သွားတဲ့ ရိုဟင်ဂျာကျေးရွာများ။ (ယခင်ပုံဟောင်း)
 

[[Unicode]]

လူမျိုးတုန်းသတ်ဖြတ်မှု သတ်မှတ်ကြေညာချက် မြန်မာစစ်တပ်ပယ်ချ

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့လုပ်ရပ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ အမေ ရိကန်အစိုးရက မတ်လ ၂၁ ရက်က တရားဝင် သတ်မှတ်ကြေညာတဲ့အပေါ် စစ်ကောင်စီက ပယ်ချပါတယ်။ အစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ပါ လုပ်ဆောင်ခဲ့တာမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို ပြော ပါတယ်။ ဒါပေမယ့် ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်သားတချို့တော့ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ရိုဟင်ဂျာတွေက တော့ အမေရိကန်အစိုးရရဲ့ ကြေညာချက်ကို ကြိုဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တာကို ကိုငြိမ်း ချမ်း က တင်ပြပေးထားပါတယ်။

Tuesday, December 28, 2021

လူမျိုးရေး ပဋိပက္ခ ရခိုင်မှာ ပြန်ဖြစ်မလား

ဧရာဝတီ
28 December 2021
ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခများကို ဦးတည်စေနိုင်သော ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်လာနေကြောင်း AA က သတိပေးထားသည် / ဧရာဝတီ
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသံများ ငြိမ်သက်သွားပြီးနောက် စစ်အေးကာလ အခြေအနေ ကဲ့သို့ ဖြစ်နေသည့် အချိန် ယခုလ ဒီဇင်ဘာလအတွင်းမှာပင် လူမျိုးရေး ပဋိပက္ခများကို ဦးတည်စေနိုင်သော ဖြစ်စဉ်များ ဆက် တိုက် ဖြစ်ပေါ်လာနေသည်ကို တွေ့ရှိလာရကြောင်း ပြည်နယ်တခုလုံးကို သြဇာလွမ်းမိုးထားသည့် ရက္ခိုင်အမျိုး သား အဖွဲ့ချုပ် ( ULA / AA )က သတိ ပေးစာ တစောင်ထုတ်ပြန်ထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဒီဇင်ဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် သတိပေးစာတွင် ဒီဇင်ဘာ လ ၉ ရက်နေ့ မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာအတွင်း စပါးရိတ်သိမ်းစက် ၂ စီး အား ရည်ရွယ်ချက် ရှိရှိဖြင့် ညဉ့်အချိန် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဖြစ်စဉ်၊ ဒီဇင်ဘာလ ၁၁ ရက် မြောက်ဦးမြို့နယ် လောင်းကြက် ကျေး ရွာ၌ စပါးရိတ်သိမ်းစုပုံထားသည်ကို မီးရှို့ဖျက်ဆီးသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

Monday, December 20, 2021

ရိုဟင်ဂျာ ပြန်လက်ခံရေး စစ်ကောင်စီပြင်ဆင်မှု ယုံကြည် သူနည်းပါး

RFA
လွတ်လပ်တဲ့အာရှအသံ
2021-12-19 

ရခိုင်ပြည်နယ်ကို ပြန်ပို့ခံရတဲ့ ရိုဟင်ဂျာတွေကို တွေ့ရစဉ် Photo: RFA
 
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီး ကိုးလကျော်အချိန်မှာ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး လုပ်ငန်း တွေ စတင်ဖို့ ကြိုးစားလာတာဟာ နိုင်ငံတကာ မျက်နှာစာမှာ အစိုးရတစ်ရပ် အနေနဲ့ အသိအမှတ်ပြုခံရဖို့ လုပ်ဆောင်တာ ဖြစ်ပြီး အမှန်တကယ် လုပ်ဆောင်ချင်စိတ်ကြောင့် မဟုတ်ဘူးလို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူ တွေက သုံးသပ်ကြပါတယ်။

Friday, November 26, 2021

ကုလသမဂ္ဂတရားရုံး ICJ ကြားဖြတ်အမိန့်ကို ဖောက်ဖျက်၍ စစ်ကောင်စီက ရိုဟင်ဂျာများ ခရီးသွားလာခွင့်ပိတ်ပင်သော အမိန့်ချမှတ်

ရန်ကုန်ခေတ်သစ်မီဒီယာ
ရန်ကုန်၊ နိုဝင်ဘာ ၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က မြန်မာနိုင်ငံကို ကြားဖြတ်စီမံဆုံး ဖြတ်ချက် များ ချမှတ်ထားသော်လည်း အကြမ်းဖက် စစ်ကောင်စီက လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ကာ ရိုဟင်ဂျာများကို ခရီးသွားလာခွင့် ပိတ်ပင်သော အမိန့်ကို နိုဝင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများက ထုတ်ပြန် ကြောင်း ကြေညာသည်။


ရိုဟင်ဂျာ လူမျိုးတချို့သည် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်း ကျော်လွန်၍ ခရီး သွားလာနေခြင်း ခရီးသွားလာရာတွင် ခရီး သွားလာခွင့် ပုံစံ ၄ ယူဆောင်ရန် ပျက်ကွက်နေခြင်းများကြောင့် မြို့ နယ် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေနိုင်ကြောင်း၊ ဥပဒေနှင့်အညီ ခွင့်ပြုချက် ရယူရန် လို အပ်သည့် ရိုဟင်ဂျာ လူမျိုးများ အနေဖြင့် တရားဝင် ခွင့်ပြုချက် ပုံစံ ၄ ရယူပြီးမှသာ ခရီးသွားလာကြရန် ထုတ် ပြန်ထားသည်။

Wednesday, August 25, 2021

AA သွားနေတဲ့ လမ်း

ဧရာဝတီ
24 August 2021
ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့ခဲ့ရစဉ် / ဧရာဝတီ

အပစ်ရပ်ထားသော ရခိုင်ပြည်နယ် တခုလုံးနီးပါးကို နိုင်ငံရေးဩဇာကို ခိုင်မာစွာ တိုးချဲ့ တည်ဆောက်လာနေ သော ရက္ခိုင်စစ်တပ် (AA) ၏ ခပ်စိတ်စိတ် ခြေလှမ်းအသစ်များမှာ အာရုံစိုက်စရာ ဖြစ်သည်။

AA သည် ရက္ခိတလမ်းစဉ် ချမှတ်ပြီး ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ကဏ္ဍကိုပါ ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်လာသည်။ ထိုသို့ ကိုင်တွယ် ဆောင်ရွက်ရာတွင် တကြိမ်တခါမှ အလေးပေး မခံ ရသော၊ မျက်နှာလွှဲ ပစ်ပယ်ခံထားရသော မွတ်ဆလင် အသိုင်းအဝိုင်း၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍ များကိုပါ ချန်လှန်မထားဘဲ ပူးပေါင်း ပါဝင်ရန် စီစဉ်ဆောင်ရွက်နေသည် ဟူသော AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ထုတ်ဖော်ပြောကြားမှုအပေါ် လူအများ စိတ်ဝင်စားမှု ရှိခဲ့ကြသည်။

Tuesday, June 9, 2020

ရခိုင်လူငယ်နှစ်ဦးနှင့် ဆွေးနွေးခန်း

FREE ROHINGYA COALITION
8th June 2020



FRC Genocide Podcast Series မြန်မာပိုင်းအစီအစဉ်မှာ ရခိုင်လူငယ်နှစ်ဦးဖြစ်တဲ့ ကိုခိုင်မြတ်နိုင်၊ ကိုမောင် ခိုင်သိန်း တို့က ပါဝင်ဆွေးနွေးထားပါတယ်။ ရိုနေဆန်းလွင် က စီစဉ်တင်ဆက်ထားပြီး၊ ဒီဆွေးနွေးခန်းမှာ – – ရခိုင်နဲ့ ရိုဟင်ဂျာပြဿနာက ဘာကို အခြေခံနေသလဲ – Arakanese ဆိုတဲ့ခေါင်းစဉ်အောက်မှာ အာရ်ကာန် ဒေသရဲ့ လူမျိုးစုတွေအားလုံး စည်းလုံးညီညွတ်လာဖို့ – ရိုဟင်ဂျာဂျီနိုဆိုက်လို […]

Link:  Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */