" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 20, 2021

ရိုဟင်ဂျာ ပြန်လက်ခံရေး စစ်ကောင်စီပြင်ဆင်မှု ယုံကြည် သူနည်းပါး

RFA
လွတ်လပ်တဲ့အာရှအသံ
2021-12-19 

ရခိုင်ပြည်နယ်ကို ပြန်ပို့ခံရတဲ့ ရိုဟင်ဂျာတွေကို တွေ့ရစဉ် Photo: RFA
 
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီး ကိုးလကျော်အချိန်မှာ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး လုပ်ငန်း တွေ စတင်ဖို့ ကြိုးစားလာတာဟာ နိုင်ငံတကာ မျက်နှာစာမှာ အစိုးရတစ်ရပ် အနေနဲ့ အသိအမှတ်ပြုခံရဖို့ လုပ်ဆောင်တာ ဖြစ်ပြီး အမှန်တကယ် လုပ်ဆောင်ချင်စိတ်ကြောင့် မဟုတ်ဘူးလို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူ တွေက သုံးသပ်ကြပါတယ်။

ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေ အနေနဲ့ကတော့ ကိုယ့်နေရပ်ကို ကိုယ်ပြန်ချင်ပေမယ့် လက်ရှိ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် ယုံကြည်မှုမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တဲန်ခါလီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်များ အစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ဦးခင်မောင်က ပြောပါတယ်။

“ကျနော်တို့မှာ ယုံကြည်လို့မရတဲ့ အနေအထားမှာရှိပါတယ် အာဏာသိမ်းစစ်ကောင်စီက အခုထိ လူတွေကို တရားမဲ့ သတ်ပစ်နေတဲ့အချိန်မှာ ကျနော်တို့ လာဆိုပြီး ပြောနေတာဟာ သူတို့ တကယ်စေတနာမှန်နဲ့ လုပ် နေ တာ မဟုတ်ဘူး နိုင်ငံတကာ ဖိအားကို လျှော့ချသွားဖို့ သူတို့လုပ်နေတာဖြစ်တယ် အဲဒါကြောင့်မို့လို့ ကျနော်တို့ သူတို့ပြောတဲ့အတိုင်း ကျနော်တို့ ယုံကြည်လို့ မရဘူး။”

ရိုဟင်ဂျာတွေ အနေနဲ့ တောင်းဆိုထားတဲ့ အချက်တွေကို မရဘူးဆိုရင်တော့ ပြန်လာမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ဒီဇင်ဘာ ၁၆ နဲ့ ၁၇ ရက်နေ့တွေက ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေး စခန်းကို စစ်ကောင်စီခန့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်၊ ရခိုင်ပြည်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနဲ့ စစ်ကောင်စီရဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်း ထွန်းနောင်တို့ ရောက်လာပြီး ဒုက္ခသည်တွေကို ပြန်လက်ခံရေး ကြည့်ရှုခဲ့တဲ့အကြောင်း နိုင်ငံပိုင် ရုပ်မြင် သံ ကြား ကနေ ထုတ်လွှင့်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ စစ်ကောင်စီက စီစဉ်နေပေမယ့် နိုဝင်ဘာ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ၂၀၀ ကျော်ကို ရခိုင်ပြည်နယ်စစ်တွေမြို့ အနီးမှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ ၁၉၀ ကျော်ထဲက ၁၀၉ ယောက်ကို ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ - ၁၃ (၁)နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီ အမြင့်ဆုံး ပြစ်ဒဏ်ချ မှတ် ခဲ့ပါတယ်။ စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရိုဟင်ဂျာဆိုတဲ့ အခေါ်အေ ဝါ် ကို လက်မခံဘူးလို့ ပြီးခဲ့တဲ့ မေလက Phoenix သတင်းဌာနနဲ့ မေးမြန်းခန်းမှာပြောခဲ့ပါတယ်။

"ပြောရရင်တော့ ရိုဟင်ဂျာဆိုတာမရှိဘူး စိတ်ကူးယဉ်ပြီးပြောတဲ့ နာမည်တစ်ခုပဲ ဘယ်ခေတ်အဆက်ဆက် မှလည်း ရိုဟင်ဂျာလို့ မခေါ်ခဲ့ဘူး ဘင်္ဂလီဆိုတဲ့ စကားရယ် စစ်တကောင်းသား ဆိုတဲ့ စကားရယ် ဒါပဲ ကျေ နာ် တို့ တွေ့ခဲ့တယ် ရိုဟင်ဂျာလို့ ကျနော်တို့မတွေ့ဘူး ဘင်္ဂလီလည်း မပါပါဘူး တရားဝင်တိုင်းရင်းသား လည်း မဟုတ်ပါဘူး သူတို့စိတ်ကူးနဲ့ခေါ်ထားတဲ့ နာမည်တစ်ခု ဖြစ်နေတယ် ဒါကိုကျနော်တို့ အသိအမှတ် မပြုပါဘူး။"

လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်တယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ် ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို အရေးယူဖို့ အာဂျီတီးနားနိုင်ငံ တရားရုံးက လက်ခံလိုက်တယ်လို့ ဗြိတိန် အခြေ စိုက် မြန်မာရိုဟင်ဂျာအစည်းအရုံးက နိုဝင်ဘာ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာတွေ အနေနဲ့ကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မယုံကြည်တာကြောင့် အခုလို ဒုက္ခသည်တွေ ပြန်လက်ခံရေး စီစဉ်တာကိုလည်း မယုံကြည်နိုင်ဘူးလို့ ဥရောပရောက် ရိုဟင်ဂျာအရေး လှုပ်ရှားသူ ရိုနေဆန်း လွင် က ပြောပါတယ်။

“စစ်တပ်က ဟန်ပြလုပ်တယ်ဆိုတာကို ပြည်သူတွေကလည်း နားလည်ဖို့လိုတယ် နိုင်ငံတကာမှာ စည်းရုံး တာ ပဲဖြစ်ဖြစ် လော်ဘီလုပ်တာပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေကနေပြီးတော့ ဒါက အပေါင်း လက္ခဏာ မျိုးလုပ်တာမဟုတ် ဘဲ လှုပ်ရှားမှု တစ်ခုလုပ်တယ်ဆိုတာကို ရှင်းပြဖို့တော့ လိုတာပေါ့နော် ကျနော်တို့က စစ် တပ်ကနေပြီတော့ကျနော်တို့ကို မြှူဆွယ်တာ ကျနော်တို့ စစ်တပ်ဘက်ကို လိုက်မလားဆိုတဲ့ အမြင် တွေနဲ့ ကြည့်ကြတာ တွေလည်း ရှိကြတယ်။ ဒီစစ်တပ်ရဲ့ လုပ်ရပ်ကို ကျနော်တို့က နာနာကျည်းကျည်း ခံခဲ့ရတဲ့လူ တွေဆိုတော့ စစ် တပ်ရဲ့ လက်အောက်ကိုသွားပြီးတော့ ဟန်ပြတာကို ပျော်မွေ့မိပြီး လိုက်မှာ မဟုတ်ဘူးဆို တာ ကို ကျနော်က မြန်မာပြည်သူလူထုတွေ အကုန်လုံးသိအောင် ပြောပြချင်ပါတယ်။"

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ဖိအားတွေ၊ အာဆီယံရဲ့ ဖိအားတွေကြောင့် ရိုဟင်ဂျာတွေကို အသုံး ချဖို့ စစ်ကောင်စီဘက်က ကြိုးစားတာ ဖြစ်တယ်လို့လည်း သူကသုံးသပ်ပါတယ်။

"ကျနော်တို့မှာ ယုံကြည်လို့မရတဲ့ အနေအထားမှာရှိပါတယ်။ နိုင်ငံတကာ ဖိအားကို လျှော့ချသွားဖို့ သူတို့ လုပ် နေတာဖြစ်တယ်"

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူ ကိုနစ်ကီဒိုင်းမွန်းကလည်း ရိုဟင်ဂျာတွေကို အသုံးချပြီး နိုင်ငံတကာ မျက်နှာစာမှာ နေရာလိုချင်လို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

"သူတို့မှာတော့ စစ်မှန်တဲ့ ပကတိပေါ့နော် ရိုဟင်ဂျာတွေကို ကူညီချင်တဲ့စိတ် ပြန်လက်ခံချင်တဲ့စိတ် ရှိတယ် လို့တော့ ကျနော် လုံးဝမယုံကြည်ဘူး သူတို့ အဓိကကတော့ ဒီရိုဟင်ဂျာတွေကို ခုတုံးလုပ်ပြီးတော့ နိုင်ငံတ ကာ မျက်နှာစာမှာ သူတို့ရဲ့ တရားဝင်မှုပေါ့နော် ငါတို့သာလျှင် တရားဝင် အစိုးရဖြစ်တယ် ဒီလူ တွေကို ပြန် ခေါ်ခွင့်ရှိတာ ငါတို့ပဲဆိုတဲ့ သဘောမျိုးနဲ့သာ NUG ကို တိုက်ခိုက်ချင်တဲ့ အတွက်ကြောင့် မို့လို့ ဒီလိုမျိုး ကြိုး စားမယ့် ခြေလှမ်းလို့ပဲ မြင်တယ်ပေါ့။"

ရိုဟင်ဂျာတွေ အနေနဲ့ကလည်း ၂၀၁၇ ခုနှစ် စစ်တပ်ကကျူးလွန်လိုက်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး တရား မ ျှတမှု မရသေးပဲနဲ့ ပြန်လာမှာ မဟုတ်ဘူးဆိုတာ ယုံကြည်တယ်လို့ သူက ပြောပါတယ်။ အခုလို ရိုဟင်ဂျာ တွေ ကို အာဏာသိမ်း စစ်ကောင်စီက ပြန်လက်ခံဖို့ လုပ်ဆောင်တာဟာ နိုင်ငံတကာကို ထူးပြီး လုပ်ပြနေတာ မ ဟုတ်ဘဲ နှစ်နိုင်ငံ သဘောတူညီချက်တွေအတိုင်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့ စစ်တပ် အရာအရှိဟောင်း တွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးက ပြောပါတယ်။

(ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ်) Photo: AFP


"မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ ညှိနှိုင်းမှုတွေ အများကြီး လုပ်ထားပြီးသားဖြစ်တယ်။ စာချုပ်တွေ ချုပ်ထား ပြီးသားဖြစ်တယ် အဲဒီ စာချုပ်ပါ အချက်တွေအတိုင်းပဲ ထိထိရောက်ရောက် လုပ်မယ်ဆိုလို့ရှိရင် ပြန်ခေါ်ဆောင်ရေးဟာ ပြဿနာဘာမှ တက်စရာအကြောင်းမရှိဘူး။ ကြိုတင်ညှိနှိုင်းထားပြီးသား ကိစ္စရပ် တွေကို အကောင် အ ထည် ဖော်တယ်လို့ပဲ မြင်ပါတယ်။ ကျန်တဲ့နိုင်ငံတကာကို ထူးပြီးတော့ အပြကောင်း အောင် ဘာအောင်ဆိုတဲ့ဟာမျိုး ဒီဘက်က ထူးပြီး လုပ်စရာအကြောင်း မရှိပါဘူး။ နဂိုတည်းက လုပ်ဆောင် ပြီးသား ကိစ္စရပ်တစ်ခုကို ပြန်ပြီးတော့ အသက်သွင်းတယ်ဆိုတဲ့ သဘောပါပဲ"


အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဗိုလ်ကြီး လင်းထက်အောင်ကတော့ ရိုဟင်ဂျာတွေကို ပြန်ခေါ် ဖို့ လုပ်ဆောင်ချက် တစ်ခုတည်းနဲ့ စစ်ကောင်စီကို နိုင်ငံတကာက ပြန်လက်ခံဖို့ မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။

"ဒီအရေးတင်မဟုတ်ဘူး အခုလောလောဆယ် ၂၀၂၁ ခုနှစ်တစ်ခုလုံးရဲ့ စစ်ကောင်စီရဲ့လုပ်ရပ်က ရိုဟင်ဂျာ လူ မျိုးတွေအပေါ်မှာ လုပ်ခဲ့တာတွေကော နေရာတကာမှာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေက နိုင်ငံတကာ စာ မျက်နှာတွေထက်မှာ နေ့စဉ်နဲ့အမျှ တက်နေတာပါ သူတို့ရဲ့လုပ်ရပ်တိုင်း လုပ်ရပ်တိုင်းသည် အကြမ်းဖက်လုပ် ရပ်တွေဖြစ်တယ် ဒီဥစ္စာတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာကလည်း လက်ခံမယ်လို့တော့ မထင်ဘူးပေါ့နော်။ အမေရိကန်လို နိုင်ငံကြီးတွေကလည်း လပိုင်းအတွင်း ရက်ပိုင်းတွေမှာ မြန်မာ အရေးနဲ့ ပတ်သက်ပြီးတော့ တော် တော်ကို ဦးစားပေးလာတာတွေလည်း တွေ့တယ်ပေါ့နော် တော်တော်ကိုအား စိုက်ပြီး လုပ်ဆောင်လာတာတွေလည်း တွေ့ရတယ် ပြန်လက်ခံတာတွေ ပြန်လက်မခံတာတွေကတော့ တစ်ပိုင်းပေါ့နော် ဒါပေမဲ့ အဲဒါ တစ်ခုတည်းကြည့်ပြီးတော့ နိုင်ငံတကာကတော့ အသိအမှတ် ပြုလိမ့်မယ် လို့တော့ ကျနော်က မမြင်ဘူးဗျ။"

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဟန်ပြလုပ်ဆောင်မှုတွေကို အသိအမှတ်ပြု ချီးကျူးလာမယ်ဆိုရင် အကြမ်းဖက်အုပ်စုကို အားပေးရာ ရောက်လိမ့်မယ်လို့လည်း ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။ အာဏာအသိမ်းခံလိုက်ရတဲ့ NLD အစိုးရ လက်ထက်တုန်းကလည်း ရိုဟင်ဂျာ တွေကို ပြန်လက်ခံရေး ကြိုးစားခဲ့တာတွေရှိပေမယ့် ရိုဟင်ဂျာတွေကတော့ ယုံကြည်စိတ်ချရတဲ့ အခြေ အနေမရှိတဲ့အတွက် ပြန်လာသူ ဆယ်ဂဏန်းလောက်ပဲ ရှိခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */