" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာစစ်တပ်. Show all posts
Showing posts with label မြန်မာစစ်တပ်. Show all posts

Thursday, May 2, 2024

မြန်မာ့စစ်ရေးပဋိပက္ခနဲ့ ဖြစ်နိုင်ခြေများ

RFA
RFA Burmese
2024.05.02 

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်တစ်ဦးအား မြဝတီမြို့နယ်စပ်တစ်နေရာတွင် ၂ဝ၂၄ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ Photo: Reuters

“ကျွန်မတို့ရွာက စစ်တပ်ကို လူသုံးဆယ်ပေးရပါတယ်။ လူသုံးဆယ်မပေးရင် ကျွန်မတို့ လုပ်ကိုင်စားသောက်နေတဲ့ ငါးစက်လှေတွေကို ပိတ်မယ်လို့ပြောပါတယ်။ အဲဒီလို ငါးဖမ်းခွင့် ပိတ်မယ်ပြောတော့ ကျွန်မတို့က ကြောက်ပါတယ်။ ဒီ လူသုံးဆယ်ကို ပေးလိုက်ရရင်လည်း ရွာမှာ လူသုံးထောင်လောက် ရှိသေးတယ်။ ဒီလူ သုံးဆယ်သွားရင် ရွာကလူတွေ အဆင်ပြေမယ်။ ငါးဖမ်းခွင့်ပိတ်လိုက်ရင် တစ်ရွာလုံး ငတ်ပြီးသေမယ်။ အဲဒါကြောင့် သူတို့သွားကြတာပါ”

Saturday, April 13, 2024

မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့ ရုရှားရောက်နေ

BBC
၁၃ ဧပြီ ၂၀၂၄ 

ဓာတ်ပုံ ပုံစာ, ဒုတိယအကြိမ် ရုရှား-မြန်မာပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး

စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်တဲ့ မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့ ရုရှားရောက်နေပြီး ဒုတိယအကြိမ် ရုရှား-မြန်မာပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

Wednesday, March 27, 2024

ရိုဟင်ဂျာတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု IIMM အစီရင်ခံစာ

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၇ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)


ရိုဟင်ဂျာတွေ အပေါ် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေကို အပြစ်ပေးအရေးယူဖို့ မြန်မာအာဏာပိုင်တွေ ပျက်ကွက်ခဲ့ကြောင်း IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ အစီရင်ခံစာမှာ အတိအကျ ဖေါ်ပြလိုက်ပါတယ်။

ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားတွေ မြန်မာစစ်တပ် ဖြန့်ဝေခဲ့ကြောင်း IIMM ထုတ်ပြန်

RFA
RFA Burmese
2024.03.27

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ RFA


၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေချိန်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ ဆန့်ကျင်ရေး အမုန်းစကားဖြန့်ဝေတာတွေကို အချိန်ကိုက်လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM က မတ်လ ၂၇ ရက်နေ့မှာ အစီရင်ခံစာထုတ်လိုက်ပါတယ်။

Monday, March 4, 2024

ရက္ခိုင်ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ၏ မျက်နှာစာအသစ်တစ်ခုလား မြန်မာစစ်တပ်၏ ‘ခွဲခြား-ထိမ်းချူပ်ရေး’ မဟာဗျူဟာ၏ အဓိက နည်းဗျူဟာများ

tni

ပဋိပက္ခနှင့် ထိခိုက်ခံစားရမှုများ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ (State Administration Council) သည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တော်လှန်ခုံခံမှုများကို နှိမ်နှင်းရန် ‘ခွဲခြား-အုပ်ချုပ်ရေး’ (divide and rule) နည်းဗျူဟာများကို အသုံးပြုန်ရန် ကြိုးစားအားထုတ်လျက်ရှိသည်။ သို့သော်ရက္ခိုင် ပြည်တွင်း အတွေ့အကြုံများကို သုံးသက်ချက်အရ အသိုင်းအဝိုင်းများကြား ပဋိပက္ခကို ဖော်ဆောင်၍ဖြစ်စေ၊ အတိုက်အခံလှုပ်ရှားမှုများကို ပြိုကွဲစေ၍ဖြစ်စေ စစ်ကောင်စီ၏ ထိုကဲ့သို့ သွေးခွဲသက်သျှိုသော နည်းဗျူဟာများသည် အလုပ်ဖြစ်နိုင်ခြေနည်းကြောင်း ကိုနိုင်လင်းမှ ယခု ဆောင်းပါးတွင် ရှင်းပြထားပါသည်။ ယင်းအစား စစ်ကောင်စီသည် အတိတ်ကာလများမှ ကျရှုံးမှုများကို ထပ်ခါကျူးလွန်နေပြီး၊ တဖက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan) မှ နယ်မြေဒေသတလွှားတွင်လည်း ဩဇာလွမ်းမိုးမှုကို ဆက်လက်တည်ဆောက် လျက်ရှိနေသည်။ 

Border News Agency (နယ်စပ် ခြံစည်းရိုးအနီးရှိ မြန်မာနယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့ဝင်တဦးကို တွေ့ရစဥ်၊ မောင်တောမြို့နယ်) ဓါတ်ပုံ- (နယ်စပ်ဒေသ သတင်းဌာန)
 

မြန်မာနိုင်ငံသည် လက်ရှိအချိန်၌ နိုင်ငံရေးနှင့် စီးပွါးရေးဆိုင်ရာ အရေးပေါ်ကာလတစ်ခုတွင် ရောက်ရှိနေသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှု (၂) နှစ်ခွဲကြာလာသည့်တိုင် ‘နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ’ ဟု တရားဝင်သိထား ကြသော စစ်ကောင်စီသည် ဖက်ဒရယ်ဒီမိုကရေစီကို ထောက်ခံလိုလားသော တော်လှန်ခုခံလှုပ်ရှားမှုများဆက်လက် ဖြစ်ပေါ်၊ တိုးလာနေစဥ်မှာပင် နိုင်ငံအတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ပြန်လည် မတည်ဆောက်နိုင်သေးပေ။ အခု အခြေအနေများသည် ၁၉၈၈ စက်တင်ဘာ ယခင် စစ်အာဏာသိမ်း မှုနောက်ပိုင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးဆိုင်ရာ ကသောင်းကနင်း အခြေအနေများနှင့်လည်း လွန်စွာ ကွဲပြားလှပါသည်။ 

Sunday, December 10, 2023

မြန်မာစစ်တပ်မှ အရာရှိ၊ စစ်သည်များအနေဖြင့် ပြည်သူကို သတ်ဖြတ်ခြင်းမပြုဘဲ ကျည်တစ်တောင့် ထပ်မပစ်ရုံဖြင့် နိုင်ငံအတွက် တံခါးသစ်ဖွင့်လှစ်ကြရန် အရှေ့တီမောသမ္မတ တိုက်တွန်း

ခေတ်သစ်မီဒီယာ
By Yangon Khit Thit News Agency
December 10, 2023

မြန်မာစစ်တပ်မှ အရာရှိ၊ စစ်သည်များအနေဖြင့် ပြည်သူကို သတ်ဖြတ်ခြင်းမပြုဘဲကျည်တစ်တောင့် ထပ်မပစ်ရုံဖြင့် နိုင်ငံအတွက် တံခါးသစ်ဖွင့်လှစ်ကြရန် အရှေ့တီမောသမ္မတတိုက်တွန်းပြောဆိုလိုက် သည်။

Sunday, November 19, 2023

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေ ပြီး မြန်မာစစ်တပ်က ရဟတ်ယာဉ်များဖြင့်တိုက်ခိုက်နေ၍ ဒေသခံပြည်သူ ထောင်ချီထွက်ပြေးနေရ

Narinjara
ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၃ 

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်( AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ လေတပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ အနီး အနားရှိ ကျေးရွာ (၆)ရွာမှ လူပေါင်းထောင်ချီထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

Thursday, September 28, 2023

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများ ICC တရားရုံးက ကိုင် တွယ်ရန် တောင်းဆိုချက် NUG ကြိုဆို

DVB
September 28, 2023

မြန်မာစစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)က လွှဲပြောင်းကိုင်တွယ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တောင်းဆိုချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) အနေနဲ့ ကြိုဆိုကြောင်း ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ တနေ့တခြား လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာတဲ့အကြောင်း၊ နိုင်ငံတကာက လုံလောက်တဲ့ အရေးစိုက်မှုမရှိတဲ့ မြန်မာ့အရေးကို ICC တရားရုံးဆီ လွှဲပြောင်းကိုင်တွယ်ဖို့ ကုလသ မဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ခ်က လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်တာ ပါ။

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

ဧရာဝတီ
28 September 2023

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်တပ်က အရပ်သားများကို တိုက်ခိုက်မှု များ တိုးချဲ့ လုပ်ဆောင်နေသောကြောင့် မြန်မာနိုင်ငံအခြေအနေ ပျက်စီးယိုယွင်းနေကြောင်း ကုလသ မဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောသည်။

Wednesday, September 6, 2023

အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း မြန်မာစစ်တပ်ကို အစ္စရေးက စစ်သုံးပစ္စည်းတွေ ထောက်ပံ့တင်ပို့ခဲ့

Delta News
September 6, 2023 

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန်မှာတောင် အစ္စရေးက မြန်မာဆီ စစ်လက်နက် တွေ ဆက်လက် ရောင်းချပေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

Haaretz သတင်းဌာနက စုဆောင်းယူထားတဲ့ အချက်အလက်တွေအရ အစ္စရေး အစိုးရပိုင် အစ္စရေး လေကြောင်း စက်မှုလုပ်ငန်းဟာ မြန်မာ့ ကာကွယ်ရေးပစ္စည်း ဝယ်ယူမှု ဌာနတွေဆီ လေယာဉ် အစိတ် အပိုင်းတွေနဲ့ သတ္တု အစိတ်အပိုင်းတွေလို့ မှတ်ပုံတင်ထားတဲ့ တင်ပို့မှု ၄ ကြိမ်ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Friday, August 25, 2023

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိူးတုံးသတ်ဖြတ် မှု ဒီကနေ့ ၆နှစ်ပြည့်

Daw Na News
ဩဂုတ် ၂၅၊ ၂၀၂၃

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က စပြီး လူမျိူး တုံးသတ်ဖြတ်ခဲ့တာ ၆ နှစ်ရှိပြီဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတဲ့ ရိုဟင်ဂျာ ၁ သန်းလောက်အတွက် အခုချိန်ထိ အန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်မယ့် အရိပ်အယောင်မမြင်ရသေးဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ (HRW)က ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

Daw Na News ရဲ့သတင်းများကို Telegram Channel တွင်ဖတ်ရှုနိုင်ပါသည်။
 
Link : Here

Tuesday, January 17, 2023

မြန်မာစစ်တပ်ရဲ့ ပြည်တွင်း လက်နက်ထုတ်မှုကို နိုင်ငံခြား ကုမ္ပဏီတွေ ကူညီနေတယ်ဆိုတဲ့ အစီရင်ခံစာထွက်လာ

B B C

ဘီဘီစီမြန်မာပိုင်း
၁၆ ဇန်နဝါရီ ၂၀၂၃
ဆီလီရာဟတ်တန်၊ ဘီဘီစီ သတင်း
အင်းဒင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ မြန်မာစစ်တပ်က ပြည်တွင်းထုတ်လက်နက်တွေ အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြ

မြန်မာစစ်တပ်ဟာ သူ့ တို့ကိုဆန့်ကျင်နေတဲ့ ပြည်သူလူထုကို တိုက်ခိုက်သတ်ဖြတ်ဖို့ အနည်းဆုံး နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီတွေရဲ့ အထောက်ပံ့အကူညီမှုနဲ့ လက်နက်တွေ အမျိုးစုံထုတ်  လုပ်နေတဲ့အကြောင်း ကုလ သမဂ္ဂ ထိပ်တန်းအရာရှိဟောင်းတွေရဲ့အစီရင်ခံစာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Tuesday, September 13, 2022

မြန်မာစစ်တပ်ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အထောက်အ ထားများကို ဖေ့စ်ဘွတ်က ကုလစုံစမ်းစစ်ဆေးသူထံ ပေးအပ်

DVB 
13 September, 2022
မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ စွဲချက်တင်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အချက်အလက် အထောက်အထားပေါင်း သန်းနဲ့ချီပြီး ဖေ့စ်ဘွတ်ခ်က ပေးအပ်ခဲ့တယ်လို့ ကုလသမ ဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးသူများအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

၂၀၁၈ ခုနှစ်က စတင်ကာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့ဟာ နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ မြန်မာစစ်တပ်ကို တရားစွဲဆိုနိုင်ရေး အချက်အလက်အမှုတွဲတွေ ပြင်ဆင်တည်ဆောက်နေတာ ဖြစ်ပါတယ်။

Thursday, August 25, 2022

မြန်မာစစ်တပ်ကို အရေးယူဖို့ ရိုဟင်ဂျာတွေအပေါ်ကျူးလွန် မှု ငါးနှစ်ပြည့်မှာ နိုင်ငံတကာအဖွဲ့တွေတောင်းဆို

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
ခက်မာ (ဝါရှင်တန်ဒီစီ)
2022.08.24

ရခိုင်ပြည်နယ်တွင် စစ်တပ်၏ နယ်မြေရှင်းလင်းမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များအား ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လထဲမှာ မြန်မာစစ်တပ်က အကြမ်းဖက်နယ်မြေရှင်းလင်းခဲ့တဲ့ အတွက် ရိုဟင်ဂျာ ခုနစ်သိန်းခွဲကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရတာ အခုဆိုရင် ငါးနှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာ ၉၀၀၀ ကျော် အသတ်ခံခဲ့ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန် ကြီး အန်တိုနီဘလင်ကင်က ၂၀၂၂ ခုနှစ် မတ်လထဲမှာ ပြောခဲ့ပါတယ်။

" ဒီနေ့ဆိုရင် မြန်မာစစ်တပ်က တစ်နိုင်ငံလုံးကို ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ ဒီစစ်တပ်ဟာ ကင်းလွတ်ခွင့် ခံစားနေရတယ်"

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ရက်ရက် စက်စက် ကျူးလွန်ခဲ့မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ နိုင်ငံတကာက သတ်မှတ်ထားတာဖြစ်ပါတယ်။

Tuesday, March 22, 2022

မြန်မာစစ်တပ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု ကျူးလွန်ဟု ဝန်ကြီး ဘလင်ကန် ပြော

DVB
Published By DVB | 22 March, 2022

                                                    Photo : US Embassy Rangoon

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ ဝတ် မှုတွေ ကျူးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရက သတ်မှတ်ဆုံးဖြတ်ပြီး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြေညာလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်များဆိုင်ရာပြပွဲ ကျင်းပနေတဲ့ ဝါရှင်တန်ရှိ US Holocaust Memorial ပြတိုက်မှာ မတ်လ ၂၁ ရက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မိန့်ခွန်းပြောရာမှာ ခုလိုကြေညာလိုက်တာပါ။

အခု သတ်မှတ်ထုတ်ပြန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေအတွက် အဓိကသတ်မှတ်တာဖြစ်ပေမဲ့ တခြား လူနည်းစုတိုင်းရင်းသား တွေနဲ့ ဘာသာခြားတွေအပေါ် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ အဓမ္မ ပြုကျင့်မှုနဲ့ တခြား ကြမ်းကြုတ်ရက်စက်မှုတွေကို အသိအမှတ်ပြုဖို့လည်း အရေးကြီးတယ်လို့ ဝန်ကြီး ဘလင် ကန်က ပြောပါတယ်။

Monday, March 21, 2022

မြန်မာစစ်တပ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန်အစိုးရ ကြေညာမည်

RFA
လွတ်လပ်တဲ့အာရှအသံ
2022.03.20

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေသော ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။


မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူသား ဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုကျူးလွန်ထားတာတွေကို အမေရိကန်အစိုးရက အကြမ်းဖက်မှုအနေနဲ့သာ သတ်မှတ်ပြောဆိုခဲ့ပေမယ့် အဲဒီလုပ်ရပ်ဟာ Genocide ဆိုတဲ့ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု မြောက်တယ်လို့ သတ်မှတ်ကြေညာတော့ မယ့် အကြောင်း သတင်းရရှိပါတယ်။

ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုပြတိုက်မှာ မတ်လ ၂၁ ရက်နေ့ ဒီနေ့ ပြုလုပ်မယ့်ရှင်း လင်း ပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာလိမ့်မယ်လို့ အစိုးရအရာရှိတွေက ရိုက် တာ သတင်းဌာနကို ပြောပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန် ခဲ့ဟု အမေရိကန်အစိုးရ သတ်မှတ်

DVB
Published By DVB | 21 March, 2022

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသား မျိုး နွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ သမ္မတဘိုင်ဒင်အစိုးရအဖွဲ့က တရားဝင်သတ် မှတ် ဆုံးဖြတ်ထားကြောင်း အမေရိကန်အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။


လက်ရှိ ရိုဟင်ဂျာဒုက္ခသည်များဆိုင်ရာ ပြပွဲကို ပြသထားတဲ့ ဝါရှင်တန်ရှိ US Holocaust Memorial ပြတိုက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က တနင်္လာနေ့ကျရင် ဒီဆုံးဖြတ်ချက်ကို ကြေညာမှာလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

Monday, December 6, 2021

ကုလသမဂ္ဂနှင့် နိုင်ငံတကာက မြန်မာစစ်တပ်ကို အရေးယူ ချိန်တန်ပြီ

Myanmar Now
သုတဇော်
Published on Dec 5, 2021

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်သားနှင့် ရဲများက ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေကြပြီး စစ်ဗိုလ်ချုပ်ကြီးများကလည်း ထိုသို့ ပြုလုပ်ရခြင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်ဖြစ်သည်ဟု အကြောင်းပြထားသည်
 
မြန်မာစစ်တပ်သည် နိုင်ငံသားနှင့် တိုင်းရင်းသားမျိုးနွယ်စုများအပေါ် အနိုင်ကျင့်နှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုး ဖောက်မှု၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်မှာ ဆယ်စုနှစ် ၃ ခု (နှစ်ပေါင်း ၃၀) ရှိပြီ ဖြစ်သည်။ သို့သော် ယေ န့အချိန်ထိ တာဝန်ရှိသူ စစ်ခေါင်းဆောင်များကို နိုင်ငံတကာက အရေးယူအပြစ်ပေးနိုင်ခြင်း မရှိသေးပါ။ ပို၍ဆိုး ရွားသော လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုသံသယဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် ရင်ဆိုင်နေရစဉ်မှာပင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်း တင်း ဆက်လက်ချိုးဖောက်နေသည်။

Thursday, February 18, 2021

မွတ်ဆလင်ဒုက္ခသည်ဝှက်ဖဲကို ထုတ်သုံးလာသည့် မြန်မာ စစ်တပ်၏ ကစားပွဲ

DMG
February 17,2021

 စောသန္တာအေး မြန်မာပြန်ဆိုသည်။

 ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာရယူလိုက်ပြီးနောက် လူထု၏ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ နှင့်အတူ အမေရိကန်၊ အီးယူနှင့် ကုလသမဂ္ဂတို့၏ ပြစ်တင်ရှုတ်ချမှုများ ရင်ဆိုင်နေရသည့် မြန်မာစစ်တပ်အတွက် အနိုင် ရရန် ထုတ်သုံးနိုင်သည့် ဝှက်ဖဲမှာ မရှိသလောက်နည်းပုံ ပေါ်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */