" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, September 27, 2022

မြန်မာစစ်တပ်ကို တရားစွဲခွင့်ရှိရေး အင်ဒိုနီးရှား အခြေခံ ဥပဒေခုံရုံး ပထမဆုံးအကြိမ် ကြားနာ

B B C

ဘီဘီစီမြန်မာပိုင်း
2022-09-27

မြန်မာနိုင်ငံထဲ မြန်မာစစ်တပ်က ကျုးလွန်တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို အင်ဒိုနီးရှား နိုင်ငံထဲမှာ တရားစွဲ ခွင့် ရှိစေဖို့ အတွက် အင်ဒိုရဲ့ ရှိလက်စ လူ့အခွင့်အရေး ခုံရုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့ လိုတယ် ဆိုပြီး တောင်း ဆိုမှုတွေ ရှိလာတဲ့နောက်၊ အခုလို အင်ဒိုနီးရှားရဲ့ အခြေခံဥပဒေ ခုံရုံးက လက်ခံ ကြားနာ လာတာ ဖြစ်ပါတယ်။


အင်ဒိုနီးရှား နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ လူ့အခွင့်အရေးတွေကို နယ်စည်းမခြား ကာကွယ် စောင့် ရှောက်ရမယ်၊ လူသားတစ်ဦး တစ်ယောက်ချင်းစီတိုင်းဟာ ဥပဒေရဲ့ အသိမှတ်ပြုမှု ခံရပိုင်ခွင့်၊ ဥပဒေရဲ့ အကာအ ကွယ် အစောင့်အရှောက် ခံရပိုင်ခွင့်၊ မျှတစွာ ဆက်ဆံခံရပိုင်ခွင့် ရှိရမယ် ဆိုပြီး ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားရဲ့ ၁၉၄၅ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက် ဖြစ်တဲ့ နိုင်ငံသား ဖြစ်မှု အဆင့်အတန်းနဲ့ မ သက် ဆိုင်ပဲ လူတိုင်းရဲ့ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ပေးရေး ဆိုတဲ့ အချက်အရ မြန်မာပြည်ထဲက ရက်စက်မှုတွေကို အင်ဒိုနီးရှား နိုင်ငံထဲ တရားစွဲခွင့်ရလာဖို့ မြန်မာ့ဒီမိုကရေးစီ အရေး လှုပ်ရှားသူတွေက ဆောင် ရွက် နေကြတာ ဖြစ်ပါတယ်။

အင်ဒို ရှေ့နေချုပ် ဖြစ်ခဲ့ပြီး၊ ကုလသမဂ္ဂက ဖွဲ့စည်းတဲ့ မြန်မာ့အရေး အချက်လက် ရှာဖွေရေး မစ်ရှင် အဖွဲ့ကို ဦးဆောင်ခဲ့သူလည်းဖြစ်၊ လက်ရှိမှာလည်း မြန်မာ့အရေး အတိုင်ပင်ခံ အထူးကောင်စီကို ပူးတွဲ ထူထောင်ထားတဲ့ မာဇူကီး ဒါရုစ်မန် အပါအဝင် အင်ဒိုရဲ့ ဥပဒေရေး ဦးစီးဦးဆောင် ပုဂ္ဂိုလ်တချို့ စုစည်းပြီး မြန်မာအရေး အတွက် ဥပဒေ အပြောင်းအလဲ ပြုလုပ်ပေးဖို့ အခြေခံဥပဒေ ခုံရုံးကို ပြီးခဲ့တဲ့ သီတင်းပတ်တွေကပဲ တောင်းဆို လျှောက် ထားခဲ့ပါတယ်။

သူတို့ အဓိက တောင်းဆို ထားတာကတော့ လူ့အခွင့်အရေး တရားရုံး ဆိုင်ရာ ပြဌာန်းချက်ဖြစ်တဲ့ အပိုဒ် ၅ ၊ အမှတ် ၂၆ မှာ "အင်ဒိုနီးရှား နိုင်ငံသားတွေ အတွက်" ဆိုတဲ့ စကားလုံးကို ပယ်ဖျက်ဖို့ တောင်းဆိုတာ ဖြစ်ပါ တယ်။

ဘယ်နိုင်ငံသားအတွက် မဆို အဲဒီသူရဲ့ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရမယ် လို့ အခြေခံဥပဒေက ဆိုထားပြီး ဖြစ်တဲ့ အတွက်၊ အဲဒီ စာသားဟာ အခြေခံဥပဒေနဲ့ မညီမညွတ်ဖြစ်နေတယ်လို့ အဲဒီ ဥပဒေပညာရှင် တွေက ထောက်ပြကြပါတယ်။

ဒါ့ကြောင့် အဲဒီစာသားကို ပယ်ဖျက်ခြင်းအားဖြင့် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို သုံးပြီး မြန်မာနိုင်ငံထဲက နစ် နာသူတွေ အတွက် ကျူးလွန်သူတွေကို အင်ဒိုနီးရှားနိုင်ငံထဲမှာလည်း တရားစွဲခွင့် ရှိအောင် ကြိုးစားကြတာ ဖြစ် ပါတယ်။

“ကမ္ဘာပေါ်မှာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် ယူနီဗာဆယ် ဂျူရစ်ဒစ်ရှင်းကို လက်ခံ ကျင့်သုံးလာတဲ့ တိုင်းနိုင် ငံတွေ တဖြည်းဖြည်း များလာနေပါတယ်။ ရိုဟင်ဂျာဂျီနိုဆိုက်အမှုကို ယူနီဗာဆယ် ဂျူရစ်ဒစ်ရှင်းအရ လက်ခံပြီး မြန်မာစစ်တပ်ရဲ့ ကျူးလွန်ထားချက်တွေကို အာဂျင်တီးနားနဲ့ တူရကီနိုင်ငံတွေထဲက တရားရုံးတွေမှာ ကြားနာ စစ်ဆေးနေပါတယ်။ ဒါ့ကြောင့် တိုးတက်မှု အသွင်ဆောင်တဲ့ အပြောင်းအလဲတွေကို ဦးစီးဦးဆောင် ဖော်ဆောင် နိုင်တဲ့ နေရာကို အင်ဒိုနီးရှား အနေနဲ့လည်း ရယူနိုင်တဲ့ အခွင့်အခါကောင်းပဲ” လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က လက်ထောက် အမှုဆောင် ဒါရိုက်တာဖြစ်တဲ့ ဆလိုင်းဇာအုပ်လင်းက ဆိုပါတယ်။

အခုကျင်းပခဲ့တဲ့ အခြေခံဥပဒေ ခုံရုံး ကြားနာပွဲကို မာဇူကီ ဒါရုစ်မန် အပါအဝင် တင်သွင်းသူ ၃ ဦးနဲ့ သူတို့ရဲ့ ဝတ် လုံ တော် ၁၇ ဦး တက်ရောက်ခဲ့ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း

ဒီအကြောင်းနဲ့အတူ နောက်ဆုံးရသတင်းတွေ စုစည်းမှု ....

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */