" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, September 6, 2023

အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း မြန်မာစစ်တပ်ကို အစ္စရေးက စစ်သုံးပစ္စည်းတွေ ထောက်ပံ့တင်ပို့ခဲ့

Delta News
September 6, 2023 

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန်မှာတောင် အစ္စရေးက မြန်မာဆီ စစ်လက်နက် တွေ ဆက်လက် ရောင်းချပေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

Haaretz သတင်းဌာနက စုဆောင်းယူထားတဲ့ အချက်အလက်တွေအရ အစ္စရေး အစိုးရပိုင် အစ္စရေး လေကြောင်း စက်မှုလုပ်ငန်းဟာ မြန်မာ့ ကာကွယ်ရေးပစ္စည်း ဝယ်ယူမှု ဌာနတွေဆီ လေယာဉ် အစိတ် အပိုင်းတွေနဲ့ သတ္တု အစိတ်အပိုင်းတွေလို့ မှတ်ပုံတင်ထားတဲ့ တင်ပို့မှု ၄ ကြိမ်ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အဲဒီထဲမှာ နောက်အကျဆုံး တင်ပို့မှုဟာ ၂၀၂၂ ခုနှစ်၊ မတ်လမှာဖြစ်ပြီး တနည်းအားဖြင့် မြန်မာနိုင်ငံ မှာ စစ်အာဏာသိမ်းမှုအပြီး ၁ နှစ်နဲ့ ၁ လအကြာလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် အစ္စရေး လက်နက် ကုမ္ပ ဏီ Elbitကလည်း မြန်မာ့ လေတပ်အတွက် ဒရုန်း အစိတ်အပိုင်းတွေ၊ အဝေးထိန်း စနစ်သုံး ၂၅ မမ ရေတပ် အမြောက်ပြောင်းတွေ အပါအဝင် စစ်ပစ္စည်းတွေ တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၇ မှာ အစ္စရေး တရားရုံးချုပ်ဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးသုဉ်း သတ်ဖြတ်ခဲ့ မှု နဲ့ ဆက်စပ်ပြီး အစ္စရေးရဲ့ စစ်လက်နက်တွေ မြန်မာနိုင်ငံဆီ တင်ပို့ဖို့ကို တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေအရ အစ္စရေးဟာ တရားရုံး အမိန့်ကို မျက်ကွယ်ပြုထားတဲ့အပြင် အဆိုးရွားဆုံး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အာဏာသိမ်းကာလ နောက်ပိုင်းမှာတောင် မြန်မာစစ်တပ်ကို လက် နက် ထောက်ပံ့ တပ်ဆင်နေတယ်ဆိုတာ Haaretzရဲ့ သတင်းက ပေါ်လွင် မြင်သာစေခဲ့ပါတယ်။

အစ္စရေး ရှေ့နေတဦးဖြစ်တဲ့ အိုင်တေ မတ်ခ်ကတော့ ရိုဟင်ဂျာ ပြဿနာ နောက်ဆက်တွဲမှာ မြန်မာ ဆီ စစ်လက်နက်တွေ အစ္စရေးက ဆက်လက် တင်ပို့ခဲ့သလို အာဏာသိမ်းမှု အပြီးမှာလည်း ဒီကိစ္စကို မရပ်တန့်ခဲ့ကြောင်း၊ အစ္စရေး အစိုးရဟာ မြန်မာ စစ်တပ်က သူတို့ရဲ့ အကျိုးစီးပွားကို လာမထိပါး သ ၍ မြန်မာ့ ပြည်တွင်းရေးကို စိတ်မဝင်စားသလို မြန်မာ စစ်ဗိုလ်ချုပ်တွေကို ထောက်ပံ့ပေးနေဖို့လည်း ပြဿနာ ရှိမယ့်ပုံ မပေါ်ကြောင်း ဝေဖန် ပြောကြားသွားပါတယ်။

Haaretzရဲ့ သတင်းနဲ့ ပတ်သက်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက လောလောဆယ် ဘာမှတ် ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

Ref: Haaretz

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */