" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မောင်တောမြို့. Show all posts
Showing posts with label မောင်တောမြို့. Show all posts

Thursday, May 16, 2024

မောင်တောမြို့က စစ်ဘေးတိမ်းရှောင်လာတဲ့ မြို့ခံငါးဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2024.05.15 

ရခိုင်ပြည်နယ်၊ မောင်တောမြို့အဝင်ကို တွေ့ရစဉ်။ Photo: RFA

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နဲ့ အနီးတစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ မောင်တောမြို့ခံ ငါးဦးကို မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သေခံတွေက ပြောပါတယ်။

Wednesday, May 15, 2024

မောင်တောတွင် စစ်ကောင်စီနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များက နေအိမ်များအား ဖောက်ထွင်းဖျက်ဆီးနေ

DMG
DMG ၊ မေ ၁၄
 
ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များက နေအိမ်ဈေးဆိုင်ခန်းများအား ဖောက်ထွင်းဖျက်ဆီးမှု များ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

Tuesday, May 14, 2024

ရိုဟင်ဂျာလက်နက်ကိုင်တွေ အာရက္ခပြည်ကို လက်နက်ကိုင်တိုက်ခိုက်သိမ်းယူမယ်လို့ ကြွေးကြော်နေ

Border News Agency
မောင်တော၊မေ ၁၃။

မောင်တောခရိုင်မှာ စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး လက်နက်တွေတပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာလက်နက် ကိုင်တွေဟာ အာရက္ခပြည်ကိုလက်နက်ကိုင်တိုက်ခိုက်သိမ်းယူမယ်လို့ မောင်တောမြို့ပေါ်မှာ ကြွေးကြော်ပြောဆိုနေကြတာကို ရုပ်သံမှတ်တမ်းတစ်ခုမှာတွေ့ရပါတယ်။

Friday, May 10, 2024

ရိုဟင်ဂျာတွေ လူသားဒိုင်းအဖြစ် အသုံးချခံနေရကြောင်း USIP အစီရင်ခံစာထုတ်ပြန်

RFA
RFA Burmese
2024.05.09 

၂ဝ၁၈ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ရိုဟင်ဂျာကျေးရွာတစ်ရွာတွင် စောင့်ကြပ်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး။ Photo: AFP

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ ကူကယ်ရာမဲ့ဖြစ်နေပြီး တိုက်ပွဲတွေအတွင်း လူသားဒိုင်းအဖြစ် အသုံးချခံနေရကြောင်း အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေးအင်စတီကျု (USIP) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Friday, May 3, 2024

မောင်တောမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟုဆို

Western News
 မေ ၃ ၂၀၂၄

(ကျီးကန်းပြင်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့် လက်နက်ချ)


ရခိုင်ပြည် မောင်တောမြို့ကို အာရက္ခတပ်တော် AA က ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ကျီးကန်းပြင် ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်လည်း လက်နက်ချအညံ့ခံခဲ့ကြောင်း ခိုင်လုံသော သတင်း ရင်း မြစ်ထံမှ သိရသည်။

မောင်တောမြို့နားသို့ တိုက်ပွဲဖြစ်ပွားမှု နီးကပ်လာ

နိရဉ္စရာ
ရက်စွဲ: ၀၃ မေ ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊ မေလ ၃ /၂၀၂၄

(စစ်ကောင်စီက ရေကြောင်းမှအင်အားအကြီးအကျယ်ဖြည့်တင်းနေပြီး စစ်တွေသို့ စစ်ဇက်ရေယာဉ်ဖြင့် စစ်တပ်မိသားစုများနှင့်၀န်ထမ်းများကို ထပ်မံပြောင်းရွှေ့)

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့အနီးသို့ တိုက်ပွဲများနီးကပ်လာသဖြင့် စစ်ကောင်စီက ရေကြောင်းကနေ အင်အားအကြီးအကျယ်ဖြည့်တင်းနေပြီး တစ်ခြားတစ်ဖက်တွင်လည်း ရေတပ် ဇက်ရေယာဉ်များဖြင့် စစ်တပ်မိသားစုများနှင့် ၀န်ထမ်းများကို ထပ်မံပြောင်းရွှေ့ နေသည်ဟု သတင်းရရှိသည်။

Tuesday, April 23, 2024

မောင်တောက ရိုဟင်ဂျာငါးဦးကို AA ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေ ပြော၊ AA ငြင်းဆို

RFA
RFA Burmese
2024.04.23

ရခိုင်ပြည်နယ် မောင်တောမြို့အဝင်ဝအား တွေ့ရစဉ်။ RFA


Updated 12:55 PM Apr 24, 2024

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု အဘူဂျာကျေးရွာက ရိုဟင်ဂျာငါးဦးကို ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၁၇ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် ဧပြီလ ၂၂ ရက်နေ့မှာ သူတို့အလောင်းတွေကို ပြန်တွေ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

Sunday, April 21, 2024

မောင်တောတွင် စစ်ကောင်စီခန့် မူဆလင်အုပ်ချုပ်ရေးမှူး ၁ဦးနှင့် အစ်ကိုဖြစ်သူတို့ကို အကြမ်းစစ်ကောင်စီအဖွဲ့ ဖမ်းဆီး

Arakan Bay News
April 21, 2024


ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် စစ်ကောင်စီခန့် မူဆလင်အုပ်ချုပ်ရေးမှူး ၁ဦးနှင့် အစ်ကို ဖြစ်သူတို့ကို ယမန်နေ့ ဧပြီလ ၂၀ရက်နေ့ ညနေ ၃ခန့်အချိန်တွင် မြို့သူကြီး နခခ ၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ခန့် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ဖမ်းဆီးခံရသူမှာ မောင်တောမြို့၊ မြို့ဦးရပ်ကွက်မှ အုပ်ချုပ်ရေးမှူး အာယု ၃၄နှင့် မာမောက်တာယာ ၃၆နှစ်တို့ ဖြစ်သည်။

ဖမ်းဆီးခံရသူ မောင်တောမြို့၊ မြို့ဦးရပ်ကွက်မှ အုပ်ချုပ်ရေးမှူး အာယု
 

ယမန်နေ့ ညနေ ၃ခန့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ဦးရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ညီအစ်ကို ၂ဦးကို ဖမ်းဆီးသွားကြောင်း နီးစပ်သူ ၁ဦးက AB News သို့ ပြောကြသည်။

Saturday, April 13, 2024

မောင်တောက ကြိမ်ချောင်းဗျူဟာ အေအေသိမ်းပိုက်

BBC
ဧပြီလ ၁၃ ရက် ၂၀၂၄

ဧပြီ ၅ ရက်က အေအေသိမ်းထားတဲ့ ဘူးသီးတောင်အခြေစိုက် (ခမရ-၅၆၄) တပ်ရင်းဌာနချုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကြိမ်ချောင်းဗျူဟာစခန်းကို ဧပြီ ၁၂ ရက်မှာ အပြီး သတ်တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) က ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

Tuesday, April 9, 2024

စစ်ကောင်စီပစ်လက်နက်ကြီးကျည် ပေါက်ကွဲပြီး မောင်တောမြို့နယ် ကြိမ်ချောင်းရွာ မီးလောင်နေ

Arakan Bay News
tun linn
April 8, 2024


ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ မြို့သူကြီး နခခ ၅ မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကြိမ်ချောင်းရွာမီးလောင်နေကြောင်း မောင်တောဒေသခံ ၁ဦးက AB News သို့ ပြောကြားသည်။
ဒီနေ့ ညနေ ၆နာရီကျော်အချိန်မှာ မြို့သူကြီး နခခ ၅ က အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီး တွေ ပစ်ခတ်ခဲ့တယ်။ အခုတော့ ကြိမ်ချောင်းရွာ မီးလောင်နေတာကို ကျနော်တို့ မြင်ရတယ် ဟု ဒေသခံတစ်ဦးကဆိုသည်။

Wednesday, March 20, 2024

မောင်တောမှာ ရိုဟင်ဂျာလူငယ်တွေ ဖမ်းဆီးခံနေရကြောင်း ဒေသခံတွေပြော

RFA
RFA Burmese
2024.03.19 

မောင်တောမြို့တွင် အုန်းသီးရည်ကို တွန်းလှည်းနှင့်လှည့်ရောင်းနေသည့် ရိုဟင်ဂျာလူငယ်တချို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ Photo: RFA

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မတ်လ ၁၈ ရက်မနေ့ကပြီး ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာကြောင့် မြို့ခံတချို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

Sunday, March 17, 2024

ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့က စစ်ကောင်စီစခန်းတွေကို AA ပိတ်ဆို့ထိုးစစ်ဆင်

BBC
16 မတ်လ ၂၀၂၄
မတ် ၁၂ ရက်က AA သိမ်းပိုက်လိုက်တဲ့ မောင်တောမြို့ အောင်သပြေနယ်ခြားစောင့်စခန်း
 

ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေထဲက စစ်ကောင်စီ လက်ကျန်စခန်းတွေကို ရက္ခိုင့်တပ်တော် AA ကဆက်ပြီး ထိုးစစ်ဆင်နေသလို ဝိုင်းရံပိတ်ဆို့တာ၊ ဖြတ်တောက်တာတွေ လုပ်ထားတယ်လို့ AA က မတ် ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။

Sunday, March 3, 2024

မောင်တောပြည်သူ့ဆေးရုံကို စစ်ကောင်စီချိပ်ပိတ်

RFA
RFA Burmese
2024.03.03

၂ဝ၂ဝ ပြည့်နှစ် ဇွန်လအတွင်းက တွေ့မြင်ရသည့် ရခိုင်ပြည်နယ် မောင်တောခရိုင် ပြည်သူ့ဆေးရုံ ဝင်ပေါက်မျက်နှာစာမြင်ကွင်း။ Photo: MOHS 

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

Friday, February 23, 2024

မောင်တောမြို့ ရန်အောင်ပြင်ကင်းစခန်းအား AAက ၅ နာရီ တိုက်ပွဲအတွင်း အပြီးသတ်သိမ်းပိုက်

Narinjara
ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၄

(ပုဏ္ဏားကျွန်း ခမရ (၅၅၀) ကိုနှင့် မင်းပြားတိုင်းဗဟို(၉) သင်တန်းကျောင်းကိုဆက်လက် ထိုးစစ်ဆင်တိုက်)

ရက္ခိုင့်တပ်တော်(AA)သည် မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်းအား ဖေဖော်ဝါရီ ၂၃ ရက်နေ့က (၅)နာရီခန့်အကြာ တိုက်ခိုက်မှုအတွင်း သိမ်းပိုက်လိုက်သည်ဟု တပ်တော်က သတင်းထုတ်ပြန်သည်။

Tuesday, February 20, 2024

ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေးခဲ့ဟု ဒုက္ခသည်များပြောဆို

VOA
ဗွီအိုအေမြန်မာပိုင်း
အင်ကြင်းနိုင်
၂၀ ဖေဖော်ဝါရီ၊ ၂၀၂၄ 

ဘူးသီးတောင်ထဲကို ဝင်ရောက်လာတဲ့ မြန်မာစစ်သားများ။ (သြဂုတ် ၂၉၊ ၂၀၁၇/ ယခင်မှတ်တမ်းဓာတ်ပုံ) 

စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ IDP ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို တပ်မတော်ထဲဝင်ဖို့ အပြင်းအထန်ဖိအားပေးနေကြောင်း ဒေသခံရိုဟင်ဂျာတွေက တနင်္လာနေ့က ဗွီအိုအေကိုပြောပါတယ်။ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲတွေမှာ ဆက်တိုက်အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်တွေဟာ ရိုဟင်ဂျာတွေကို လူသားဒိုင်းသဖွယ်အသုံးချဖို့ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ မြန်မာစစ်တပ်က ကြိုးပမ်းနေတာဖြစ်တယ်လို့ NUG အစိုးရ ကလည်း တုံ့ပြန်လိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်တင်ပြပေးထားပါတယ်။

မောင်တောက စစ်ကောင်စီ ပဲရမ်းတောင်စခန်းကို AA သိမ်းယူ

RFA
RFA Burmese
2024.02.19 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပဲရမ်းတောင်မှ စစ်ကောင်စီတပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ရက္ခိုင့်တပ်တော် (AA) က သိမ်းယူခဲ့စဉ်။ AA Info De

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပဲရမ်းတောင်က စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းယူနိုင်ခဲ့တယ်လို့ AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

Thursday, February 8, 2024

တောင်ပြိုစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီက ရိုဟင်ဂျာတပ်ဖွဲ့တချို့နဲ့ ပူးပေါင်းခုခံခဲ့ဟု AA ထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဖေဖော်ဝါရီ၊ ၂၀၂၄ 

၂၀၂၄၊ ဖေဖော်ဝါရီလ (၄/၅/၆) မှာ စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်တပ်စခန်းများဖြစ်သော တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းတွေနဲ့ ARA၊ RSO စခန်းတို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီး သိမ်းဆည်းခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက်များ။ (Photo: AA Info Desk)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ Arakan Rohingya Army (ARA) နဲ့ Rohingya Solidarity Organisation (RSO) တပ်ဖွဲ့တွေနဲ့ ပူးပေါင်းခုခံခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ဘက်က ဖေဖော်ဝါရီ (၇) ရက် (ဗုဒ္ဓဟူးနေ့) က သတင်းထုတ်ပြန်ပါတယ်။

Wednesday, February 7, 2024

တောင်ပြို(လက်ဝဲ) (လက်ယာ) စခန်းနှစ်ခုလုံးကို ရက္ခိုင့်တပ်တော် အောင်မြင်စွာသိမ်းပိုက်

Narinjara News
ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၄

(လက်နက်ခဲယမ်းအများအပြားနှင့် နယ်ခြားစောင့်တပ် အလောင်းအများအပြားနှင့် ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့ သိမ်းဆည်းရမိ)

ရက္ခိုင့်တပ်တော် ( AA)သည် ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၀) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေ (၆) နာရီခန့်တွင် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ (၁၂) နာရီအတွင်း အလုံးစုံ သိမ်းပိုက်ရယူနိုင်ခဲ့သည်သည်ဟု ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။

Monday, February 5, 2024

ဘင်္ဂလားဒေ့ရှ်ထဲ မြန်မာမော်တာကျည်ကျလို့ အရပ်သား နှစ်ဦးသေဆုံး

BBC
၅ ဖေဖော်ဝါရီ ၂၀၂၄ 

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ တောင်ပြိုလက်ဝဲမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် အေအေ ကြားတိုက်ပွဲပြင်းထန်ရာကနေ ဒီကနေ့ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ လက်နက်ကြီးကျလို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။  

Monday, November 27, 2023

မောင်တောတွင်တိုက်ပွဲမဖြစ်စေရန်စစ်ကောင်စီနှင့်မြို့မိမြို့ဖ များ တွေ့ဆုံဆွေးနွေး

DVB
November 27, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ တိုက်ပွဲမဖြစ်စေဖို့ စစ်ကောင်စီနဲ့ မြို့လူကြီးတွေ နိုဝင်ဘာ ၂၅ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ မောင်တောဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်မမှူး ဦးဆောင်တဲ့အဖွဲ့နဲ့ မောင်တောမြို့ခံ မြို့မိမြို့ဖတွေ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */