" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 17, 2024

ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့က စစ်ကောင်စီစခန်းတွေကို AA ပိတ်ဆို့ထိုးစစ်ဆင်

BBC
16 မတ်လ ၂၀၂၄
မတ် ၁၂ ရက်က AA သိမ်းပိုက်လိုက်တဲ့ မောင်တောမြို့ အောင်သပြေနယ်ခြားစောင့်စခန်း
 

ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေထဲက စစ်ကောင်စီ လက်ကျန်စခန်းတွေကို ရက္ခိုင့်တပ်တော် AA ကဆက်ပြီး ထိုးစစ်ဆင်နေသလို ဝိုင်းရံပိတ်ဆို့တာ၊ ဖြတ်တောက်တာတွေ လုပ်ထားတယ်လို့ AA က မတ် ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။


ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၃၆၊ ၅၃၇ ၊ ၅၃၈ တို့ကို ဆက်ပြီးထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီဘက်ကလည်း ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်လို့လည်း သိရပါတယ်။

ဘူးသီးတောင်မြို့ထဲက စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၁၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ၅၅၂ ကို ထိုးစစ်ဆင်နေသလို မောင်တောမြို့နယ်ထဲက လက်ကျန်နယ်ခြားစောင့် စခန်းတချို့ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း AA က ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေအတွင်း စခန်းစွန့်ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ စစ်ကောင်စီကလည်း ရက္ခိုင့်တပ်တော်က လာရောက်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် မောင်တောမြို့နယ်မှာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို ဖြတ်တောက်နေပြီး မတ် ၁၄ ရက်က မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဆက်သွယ်ထားတဲ့ အာရှလမ်းမကို ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

အဲ့ဒီလမ်းကို မောင်တောမြို့နယ် အောင်မင်္ဂလာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ယောက် က လာရောက်ဖျက်ဆီးခဲ့တာဖြစ်သလို မတ် ၉ ရက်တုန်းကလည်း မောင်တော-ဇူလရွာ လမ်းကို ဘတ်ဟိုးနဲ့ တူးဆွဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */