" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 3, 2024

မောင်တောပြည်သူ့ဆေးရုံကို စစ်ကောင်စီချိပ်ပိတ်

RFA
RFA Burmese
2024.03.03

၂ဝ၂ဝ ပြည့်နှစ် ဇွန်လအတွင်းက တွေ့မြင်ရသည့် ရခိုင်ပြည်နယ် မောင်တောခရိုင် ပြည်သူ့ဆေးရုံ ဝင်ပေါက်မျက်နှာစာမြင်ကွင်း။ Photo: MOHS 

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အဲဒီမှာ တာဝန်ကျနေတဲ့ ဆရာဝန်တွေ၊ ဝန်ထမ်းတွေနဲ့ လူနာတွေကို မတ်လ ၃ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းထားတယ်လို့လည်း ဆိုပါတယ်။

ဘာကြောင့် ဒီဆေးရုံကို ချိပ်ပိတ်လိုက်လဲဆိုတာ မေးနိုင်ဖို့ စစ်ကောင်စီခန့် ရခိုင်အစိုးရတာဝန်ရှိသူ ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒေသခံတွေကတော့ ဒီဆေးရုံကို ပိတ်၊ လူနာတွေကို ရွှေ့ခိုင်းပြီး စစ်ကောင်စီတပ်သားတွေ စခန်းချဖို့လုပ်နေတာလို့ ပြောကြပါတယ်။

“မောင်တောမှာ ဒီဆေးရုံတစ်ခုတည်းရှိတာ။ ပုဂ္ဂလိက ဆေးရုံတစ်ခုမှမရှိဘူး။ ဆရာဝန် မရှိဘူးဆိုတော့ ကျွန် တော်တို့ ဒုက္ခပိုရောက်မှာကို စိုးရိမ်နေကြတယ်" လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ဆေးရုံမှာတာဝန်ကျတဲ့ ဆရာဝန်တော်တော်များများလည်း နေရပ်ပြန်သွားကြပြီး ကျန်တဲ့ဆရာဝန်တချို့ကတော့ လူနာတွေကို နေအိမ်တွေ ရွှေ့ပြောင်းကုပေးနေတယ်လို့ ဆိုပါတယ်။

အခုလို ကျန်းမာရေးအတွက် လိုအပ်နေတဲ့ ဆေးရုံကို ပိတ်ခိုင်းတာဟာ စစ်ရာဇဝတ်မှုသာ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေးကူညီဆောင်ရွက်နေတဲ့ ရိုနေဆန်းလွင်က ပြောပါတယ်။

“စကစ က စစ်ရှုံးနေတဲ့အတွက် သူတို့အနေနဲ့ ဒေသခံပြည်သူတွေ အကျပ်အတည်း ဖြစ်အောင် နည်းမျိုးစုံ ကြိုး စား ပါမယ်။ ဒေသခံပြည်သူတွေ အကျပ်အတည်း ဖြစ်လာရင် တစ်ဖက်က AA (ရက္ခိုင့်တပ်တော်) ကို ဖိအားဖြစ်လာမယ်လို့ ယူဆထားပုံရတယ်။ အခုလို ပြည်သူ့ဆေးရုံကို ပိတ်ခိုင်းတာ၊ ပြီးတော့ ပြည်သူ့ဆေးရုံကို စစ်တပ်က သုံးတာတွေက စစ်ရာဇဝတ်မှုတွေပါပဲ”

မောင်တောပြည်သူ့ဆေးရုံဟာ လူနာ သုံးရာနီးပါး တက်ရောက်ကုသနိုင်တဲ့ ပြည်သူ့ဆေးရုံဖြစ်ပြီး မောင်တောမြို့နယ်ရဲ့ တစ်ခုတည်းသော ဆေးရုံဖြစ်ပါတယ်။

ဆက်နွယ်သောသတင်းများ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */