" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, February 23, 2024

မောင်တောမြို့ ရန်အောင်ပြင်ကင်းစခန်းအား AAက ၅ နာရီ တိုက်ပွဲအတွင်း အပြီးသတ်သိမ်းပိုက်

Narinjara
ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၄

(ပုဏ္ဏားကျွန်း ခမရ (၅၅၀) ကိုနှင့် မင်းပြားတိုင်းဗဟို(၉) သင်တန်းကျောင်းကိုဆက်လက် ထိုးစစ်ဆင်တိုက်)

ရက္ခိုင့်တပ်တော်(AA)သည် မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်းအား ဖေဖော်ဝါရီ ၂၃ ရက်နေ့က (၅)နာရီခန့်အကြာ တိုက်ခိုက်မှုအတွင်း သိမ်းပိုက်လိုက်သည်ဟု တပ်တော်က သတင်းထုတ်ပြန်သည်။

 ၎င်းစခန်းသည် လက်နက်ချ အညံ့မခံသည့် စခန်းများထဲမှ တစ်ခုဖြစ်သဖြင့် ရက္ခိုင့်တပ်တောက ဖေဖော်ဝါရီလ ၂၃ ရက်၊ နံနက် (၇) နာရီ (၃၂) မိနစ်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေ့လယ် (၁၂) နာရီ (၁၅) မိနစ်တွင် ၎င်းစခန်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းအပြင် ၎င်း ပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

မင်းပြားမြို့မှ တစ်ခုတည်းသော ရန်သူ၏ လက်ကျန်စခန်းဖြစ်သည့် ကမ်းနီရွာအနီးရှိ စစ်ကောင်စီ ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်မှ ခြောက်ရက်မြောက် ထိုးစစ်နေ့ အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသလို ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀) ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ရမ်းဗြဲမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယခင်နေ့များနည်းတူ ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ချေမှုန်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည့်နည်းတူ လက်နက်ချအညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရယူရေးကိစ္စရပ်များကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောက်း၊ ထို့ကြောင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား မြို့များ၌ရှိသော လက်နက်ချအညံ့မခံသည့် အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ပုံစာ- စစ်ကောင်စီ ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း/AA Info D

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */