" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဖမ်းဆီး. Show all posts
Showing posts with label ဖမ်းဆီး. Show all posts

Monday, September 25, 2023

ဘူးသီးတောင်ရှိ ရိုဟင်ဂျာကျေးရွာများကို AA ဝင်စစ်ပြီး ဒေသခံတချို့ကို ဖမ်းဆီး

Myanmar Now
ရောင်နီ
September 25, 2023

မိုခါမုန်တိုင်းအလွန် ရသေ့တောင်မြို့နယ်၊ ရိုဟင်ဂျာကျေးရွာတစ်ရွာသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းအတွက် ရောက်ရှိနေသည့် AA တပ်ဖွဲ့ဝင်များကို ယခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)

ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာတချို့ကို ယခုရက်ပိုင်းအတွင်း ဝင် ရောက်စစ်ဆေးကာ ဒေသခံတချို့ကို ဖမ်းဆီးထားသည်ဟု သိရသည်။

အင်အား ရာဂဏန်းဖြင့် AA တပ်ဖွဲ့ဝင်များက ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ ရွက်ညိုတောင်၊ ဦးလှဖေ၊ အ တွင်းငှက်သေ၊ သိမ်တောင်၊ ဝါးရကျွန်းဒူးတန်း စသည့် ကျေးရွာများအတွင်း ဝင်ရောက်လာကြောင်း၊ ဒေသခံများ ကို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) နှင့် ဆက်စပ်မှု ရှိမရှိ ဝင်ရောက်စစ်ဆေးခြင်း ဖြစ် ကြောင်း ဦးလှဖေကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

Monday, August 14, 2023

မောင်တောမြောက်ပိုင်းတွင် မွတ်ဆလင်သားဖနှစ်ဦး စီးလာ သည့်ကားကို ARSA က မီးရှို့ပြီး လူကို ဖမ်းဆီးသွား

Narinjara News
ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၃ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် မွတ်ဆလင်သားဖနှစ်ဦးစီးလာသည့် အိမ်စီးကား တစ်စီးကို အာဆာ(ARSA) လက်နက်ကိုင်အဖွဲ့က မီးရှို့ပြီး ကားပေါ်ပါ သားဖနှစ်ဦးလုံးကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်ဟု သိရသည်။

Saturday, August 12, 2023

သံဖြူဇရပ်မှာ ရိုဟင်ဂျာ ၁၄၅ ဦးကို စစ်ကောင်စီဖမ်းဆီး

RFA
RFA Burmese
2023.08.12

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီးဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီးမှာ ရိုဟင်ဂျာ ၁၄၅ ဦးကို ဩဂုတ်လ ၁၁ ရက် မ နေ့ မနက်က ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

လမ်းခင်းကျောက်သယ်တဲ့ ကားသုံးစီးနဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာတွေကို သံဖြူဇရပ်နဲ့ ၁၄ မိုင်အကွာ ဝဲခမီကျေးရွာ၊ သံဖြူဇရပ်-ရေး လမ်းပိုင်းမှာ မနေ့ မနက် ၁၀ နာရီဝန်းကျင်က ဖမ်းဆီးခဲ့တာလို့ မွန် ပြည် နယ် စစ်ကောင်စီပြောခွင့်ရသူ ဒေါက်တာအောင်မြတ်ကျော်စိန်က ပြောပါတယ်။

သံဖြူဇရပ်တွင် ရိုဟင်ဂျာ ၁၄၃ ယောက်ကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
August 11, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာမှာ သြဂုတ် ၁၁ ရက် ဒီနေ့မနက် ၆ နာရီက မြေသယ်ယာဥ် တစီး ပေါ်ကနေ ရိုဟင်ဂျာ ၁၄၃ ယောက်ကို စစ်ကြောင်းလှည့်လာတဲ့ စစ်ကောင်စီတပ်က ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေ ဆီက သိရပါတယ်။ 

ဒီနေ့မနက် ၆ နာရီခွဲက ဝဲခမီကျေးရွာအနီးမှာ မြေသယ်ယာဥ်လေးစီးကို မသင်္ကာလို့ စစ်ဆေးခဲ့ရာ ရိုဟင်ဂျာအမျိုး သား၊ အမျိုးသမီး ၁၄၃ ယောက်ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

Tuesday, July 25, 2023

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးကို ရဲက ဖမ်းဆီး

 မဇ္မျိမ
25 July 2023

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာ ပရာဒက်ရှ်ပြည်နယ်တွင် တရားမဝင် နေထိုင်မှုအတွက် ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးကို ဇူလိုင် ၂၄ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။ ထိုလုပ်ရပ်က အကြမ်းဖက်မှုမှ ထွက် ပြေးလာရသူများအပေါ် တစ်ဖက်သတ် နှိမ်နင်းမှုအဖြစ် တက်ကြွလှုပ်ရှားသူများက ဝေဖန်ပြစ်တင်ကြသည်။

ပြည်နယ်ရှိ မြို့ငယ်နှင့် မြိုကြီး ခြောက်ခုတွင် မွတ်စလင်ရိုဟင်ဂျာ အစုအဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ခြင်း ဖြစ် ကြောင်း နှင့် ဒုက္ခသည် ၁၀ ဦးသည် လူငယ်များဖြစ်ကြောင်း အိန္ဒိယရဲက ပြောသည်။

Thursday, April 6, 2023

အထောက်ထားမဲ့ ရိုဟင်ဂျာဒုက္ခသည် ၈၀ ကျော် ထိုင်းရဲ ဖမ်းဆီး

VOA
အေးအေးမာ
၀၆ ဧပြီ၊ ၂၀၂၃

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကားသုံးစီးအပြည့်တင်လာတဲ့ အထောက်အထားမဲ့ရိုဟင်ဂျာတွေကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိထိန်းသိမ်းထားစဉ်။ (ဧပြီ ၅၊၂၀၂၃)

ထိုင်းနိုင်ငံတောင်ပိုင်း Chom Phon ပြည်နယ်ထဲမှာ လူကုန်ကူးသူတွေ ကားသုံးစီးနဲ့အပြည့်ခေါ်ဆောင်လာတဲ့ ရိုဟင် ဂျာဒုက္ခသည် ၈၉ ယောက်ကို အမြန်လမ်းရဲတပ်ဖွဲ့က ဧပြီလ ၄ရက် အင်္ဂါနေ့ကဖမ်းဆီးလိုက်ပါတယ်။ သူတို့ဟာ ထိုင်း−မြန်မာနယ်စပ် ဒုက္ခသည်စခန်းနဲ့ ရခိုင်ပြည်နယ်ဘက်ကနေ လာကြသူတွေဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

Friday, March 24, 2023

မလေးရှားသို့ သွားရောက်မည့် ရိုဟင်ဂျာ ၁၅၀ ခန့်ကို ဖမ်း ဆီး

မဇျ္စိမ
AFP
24 March 2023

မလေးရှားနိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားသည် သံသယရှိရသော ရိုဟင်ဂျာ ၁၅၀ ခန့်ကို မြန်မာအာဏာပိုင်များက ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ သောကြာနေ့တွင် ပြောသည်။

နိုင်ငံတောင်ပိုင်း သံဖြူဇရပ်မြို့တွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်သော အုပ်စုကို ဖမ်းဆီးရ မိခြင်း ဖြစ်ကြောင်း မီဒီယာသို့ ပြောပိုင်ခွင့် မရှိသဖြင့် နာမည် ထုတ်ဖော်မပြောသော ယင်း တာဝန်ရှိသူက ဆိုသည်။

Saturday, February 18, 2023

ရခိုင်ရှိ ရိုဟင်ဂျာလူမျိုးများကို စစ်ကောင်စီက ရခိုင်ပြည်နယ်ထဲတွင်လည်း ဖမ်းဆီးနေ

Myanmar Pressphoto Agency
by MPA
Feb 18, 2023 
ရခိုင်ရှိ ရိုဟင်ဂျာလူမျိုးများကို စစ်ကောင်စီက ရခိုင်ပြည်နယ်ထဲတွင်လည်း ဖမ်းဆီ

အာဏာသိမ်းစစ်ကောင်စီက ရခိုင်ရှိ ရိုဟင်ဂျာများကို ရခိုင်ပြည်နယ်ထဲတွင်ပင် ဖမ်းဆီးမှုများရှိနေသည့်အတွက် ရိုဟင်ဂျာလူမျိုးများသည် ထောင်ကျနေသည်နှင့်တူနေသည်ဟု ဝေဖန်ပြောဆိုနေကြသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက်၊ မနေ့က ရိုဟင်ဂျာ ၅၆ ဦးကို စစ်ကောင်စီက အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားကြောင့် ရိုဟင်ဂျာများက ဆိုကြသည်။

Thursday, February 2, 2023

ရိုဟင်ဂျာစခန်းတွင် လူသစ်စုဆောင်းနေသူ စစ်သွေးကြွကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

ဧရာဝတီ
By Muktadir Rashid
2 February 2023 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဌာနချုပ်တွင် ဖာခရူလ် အစ္စလမ်နှင့် အခြား သံသယရှိသူများကို မီဒီယာသို့ ပြသစဉ် / DMP


အာဖဂန်နစ္စတန်တွင် အစ္စလမ်မစ် စစ်သွေးကြွအဖြစ် လေ့ကျင့်ထားပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် လူသစ်စု ဆောင်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးကို ဖမ်းမိကြောင်း ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ် မှူး တဦးက ဒါကာတွင် ကြေညာသည်။

ဖာခရူလ် အစ္စလမ်သည် ရိုဟင်ဂျာများကို အစွန်းရောက်ဝါဒဖြင့် စည်းရုံးသိမ်းသွင်းရန် ငွေကြေးလှူဒါန်းကြောင်း ဒါကာမြို့တော် ရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး အကြီးအကဲ မက်ဒ် အဆာဒတ်ဇမင်က မီဒီယာများကို ပြော သည်။

Tuesday, January 3, 2023

သန်လျင်တွင် ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
DVB | 3 January, 2023

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီ ပေ ၃၀ လမ်းမှာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း က စစ်ကောင်စီတပ်နဲ့ ရဲတွေ ဧည့်စာရင်းစစ်ဆေးရာမှာ ရိုဟင်ဂျာ ၇၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူ တွေဆီက သိရပါတယ်။

ရိုဟင်ဂျာတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ဒီနေ့မနက် ၂ နာရီက ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဧည့်စာရင်းစစ်ပြီး ဖမ်းတာ၊ အိမ်ငှားနေတဲ့အခန်းမှာ မိတာ၊ အိမ်ရှင်လည်း ထွက်ပြေးနေတယ်။”

Sunday, December 25, 2022

စက်လှေနစ်ပြီး ရေကူးလာသူ ရိုဟင်ဂျာ တစ်ရာကျော် စစ်ကောင်စီ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။

စက်လှေနစ်ပြီး ရေကူးလာသူ ရိုဟင်ဂျာ တစ်ရာကျော် စစ်ကောင်စီ ဖမ်းဆီး

စက်လှေနစ်မြုပ်ပြီး ရေကူး၍ ကမ်းပေါ်တက်လာသော ရိုဟင်ဂျာ ၁၁၂ ဦးကို စစ်ကောင်စီ လက်အောက်ခံ တပ် ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ် သူများက ပြောသည်။

ရိုဟင်ဂျာ ကလေး ၁၂ ဦး၊ အမျိုးသမီး ၄၃ ဦး၊ အမျိုးသား ၅၇ ဦး စုစုပေါင်း ၁၁၂ ဦးကို ဧရာဝတီတိုင်း ဘိုကလေး မြို့နယ်အတွင်း ဖမ်းမိထားခြင်း ဖြစ်သည်။

ဒေသခံအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က “သူတို့စီးလာတဲ့ စက်လှေ နစ်မြုပ်သွားလို့ ကမ်းပေါ်ကူးလာကြတာ။ ဒေ သခံတွေက တွေ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို သတင်းပို့ရာကနေ အဖမ်းခံရတာ” ဟု ပြောသည်။

Wednesday, December 21, 2022

ဘိုကလေးမြို့နယ်မှာ ရိုဟင်ဂျာ ၁၀၀ ကျော်ဖမ်းဆီးခံရ

RFA
RFA Burmese
2022.12.21

 ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist


ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးမှာ စက်လှေနှစ်စီးနဲ့လိုက်ပါ လာတဲ့ ကလေးငယ် ရှစ်ဦး အပါအဝင် ရိုဟင်ဂျာ ၁၁၂ ဦး ဒီဇင်ဘာလ ၂၀ ရက် မနေ့မနက်က ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၁၈ အောက် ကလေးငယ် ရှစ်ဦး၊ အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၄၇ ဦး ဖမ်းဆီးခံရတာပါ။

Monday, November 28, 2022

ရခိုင်ပြည်နယ်မှ ကုန်ကားဖြင့်တင်လာသည့် ရိုဟင်ဂျာ ၆၆ ဦးကို စစ်တပ်က လှည်းကူးတွင် ဖမ်းဆီး

DVB
28 November, 2022 

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးရေးဇုန် ၁ မှာ နိုဝင်ဘာ ၂၈ ရက် ဒီနေ့ မနက်ပိုင်းက ကုန် တင် ၁၂ ဘီးယာဥ်တစီးပေါ်ကနေ ရိုဟင်ဂျာ ၆၆ ဦးနဲ့ ယာဥ်မောင်းနှစ်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ် လို့ မြို့ခံတွေဆီက သိရပါတယ်။

ရခိုင်ဘက်က ဝင်ရောက်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဥ်တစီးကို ညောင်နှစ်ပင် စိုက်ပျိုးရေးဇုန် ၁ အနီးရှိ ယာဥ်စစ် ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ယာဥ်မောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သတင်းရလို့ လူအင်အားနဲ့ဖမ်းတာ၊ ၁၂ ဘီးယာဥ်ထဲထိ လှန်လှောပြီး စစ်တာ၊ မိသွားတယ်၊ ယောကျ်ားလေးတွေ ဖမ်းတယ်။”

Saturday, November 19, 2022

စက်လှေမြုပ်လို့ ဘိုကလေးမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၆၉ ဦးအနက် ၃၅ ဦးကို စစ်ကောင်စီ တရားရုံးက ထောင် ဒဏ် ၅ နှစ်စီချမှတ်

AYEYARWADDY TIMES
ဧရာဝတီတိုင်းမ်
(ဘိုကလေး)၊ နိုဝင်ဘာလ ၁၈ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြိုနယ်အတွင်းမှာဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ ၆၉ ဦးအနက် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဘင်္ဂါလီ ၃၅ ဦးကိုနို၀င်ဘာ ၁၅ ရက်နေ့မှာ ဘိုကလေးမြိုနယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီကျခံစေဖို အမိန့်ချမှတ်လိုက်တယ်လို တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀န်းကနေသိရပါတယ်။
                                                                     

Tuesday, November 15, 2022

မင်္ဂလာဒုံမြို့နယ် ပုလဲလမ်းဆုံတွင် ရိုဟင်ဂျာ ၉ ဦး ဖမ်းဆီး ခံရ

DVB
14 November, 2022

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် အမှတ် ၃ လမ်းမကြီး ပုလဲလမ်းဆုံမှာ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၈ နာရီခွဲက ရိုဟင်ဂျာ ၉ ဦး ဖမ်းမိရမိခဲ့တယ်လို့ သိရပါတယ်။

သဃန်းကျွန်းကြီးကျေးရွာ ပုလဲလမ်းဆုံနဲ့ ရခိုင်ဘုန်းကြီးကျောင်းမှတ်တိုင်ကြားမှာ ကားပေါ်က ဆင်းလာတဲ့ ရိုဟင်ဂျာတွေကို တွေ့ရှိကြောင်း သတင်းပေးပို့ခဲ့ရာမှ ဖမ်းဆီးခံခဲ့ရတာလို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြော ပါတယ်။

Tuesday, November 1, 2022

စက်လှေဝမ်းဗိုက်ကွဲ၍ ပင်လယ်ထဲ မျောပါနေသည့် ရိုဟင် ဂျာ ၆၀ ဦး ဘိုကလေးမြို့ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီး ခံရ

မဇ္စျိမ
01 November 2022

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ ၊ ကဒုံကနိကျေးရွာအုပ်စု၊ ကတုံးလေးကျွန်းအနီးတွင် အောက်တိုဘာလ ၃၀ ရက် နေ့ညပိုင်းက ရိုဟင်ဂျာ ၆၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများသည် စက်လှေဝမ်းဗိုက်ကွဲကာ ပင်လယ်ထဲမျောပါရာမှ ကတုံးလေးကျွန်းအနီးသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ လိုက်ပါလာသည့် စက်လှေသမား ငါးဦးပါဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Sunday, August 21, 2022

သံတွဲမှာ ရိုဟင်ဂျာ အယောက် ၅ဝ ခန့် ဖမ်းဆီးခံရ

RFA
2022.08.20
ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာ မွတ်စလင်များ။ Photo - Aung Kyaw Moe

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့ ဂေါ့ကမ်းခြေအနီးမှာ စက်လှေပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာ အယောက် ၅ဝ ခန့် ဩဂုတ်လ ၁၉ ရက် မနေ့က ဖမ်းဆီးခံလိုက်ရပါတယ်။

သူတို့တွေဟာ မလေးရှားနိုင်ငံကို စက်လှေနဲ့ ထွက်ဖို့ကြိုးစားကြရင်း ရာသီဥတု အခြေအနေ ဆိုးတာကြောင့် အရေးပေါ် ကမ်းကပ်ချိန်မှာ ဖမ်းဆီးခံရတာလို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက RFA ကိုပြောပါတယ်။

Monday, May 30, 2022

မလေးရှားမှာ ဖမ်းဆီးခံရသူတွေထဲ ရိုဟင်ဂျာတွေ ပါဝင်

VOA
ဗွီအိုအေမြန်မာပိုင်း
၃၀ မေ၊ ၂၀၂၂
အေးအေးမာ
မလေးရှားနိုင်ငံမှာ မြန်မာနဲ့နိုင်ငံခြားသားအလုပ်သမားတွေကို ဖမ်းဆီးနေပုံ (မလေးရှား လဝက)

မလေးရှားနိုင်ငံ ပြည်တဲရေးဝန်ကြီးနဲ့ လူဝင်မူ့ကြီးကြပ်ရေးဌာန ညွန်ကြားရေးမူးချုပ်တို့ ဦးဆောင်ပြီး ကလန်းမဲရူးစျေးကြီးအနီးမှာ သောကြာနေ့က အော်ပရာစီဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ရဝဝကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် 

မလေးရှားနိုင်ငံ ဆလန်ကောပြည်နယ်ထဲမှာ ပြည်တဲရေးဝန်ကြီးနဲ့ လူဝင်မူ့ကြီးကြပ်ရေးဌာန ညွန်ကြားရေးမူးချုပ်တို့ ဦးဆောင်ပြီး ကလန်းမဲရူးဈေးကြီးအနီးမှာ သောကြာနေ့က အော်ပရာစီဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ၇၀၀ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

Thursday, May 26, 2022

MMEA မှ ရိုဟင်ဂျာ ရွှေ့ပြောင်းနေထိုင်သူ ၁၁၉ ဦးကို ခိုး သွင်းရန် ကြိုးပမ်းမှုအား တားမြစ်ထားပြီး ဒေသခံ လေးဦးကို ဖမ်းဆီးထားကြောင်း၊

theSun
၀၅- ၂၆- ၂၀၂၂ ၀၆:၀၀ ညနေ 



ALOR SETAR - မလေးရှားရေကြောင်းဥပဒေစိုးမိုးရေးအေဂျင်စီ (MMEA) သည် ပြီးခဲ့သည့် အင်္ဂါနေ့က Sungai Kedah ရှိ လှေငါးခန်းထဲတွင် ရိုဟင်ဂျာ ၁၁၉ ဦးကို နိုင်ငံတွင်းသို့ ခိုးသွင်းရန် ဒေသခံ အမျိုးသားလေး ဦး၏ ကြိုးပမ်းမှုကို တားဆီးပိတ်ပင်ခဲ့သည်။

Friday, April 8, 2022

မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်လာသူ ၆ဝ ကျော် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

VOA
ဗွီအိုအေမြန်မာပိုင်း
၀၂ ဧပြီလ ၂၀၂၂
အေးအေးမာ 

Human Trafficking လူကုန်ကူး ခံရတဲ့ မြန်မာနိုင်ငံသားများ (ယခင်မှတ်တမ်းဓါတ်ပုံ)

ထိုင်း မလေးရှားနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံကနေ ဝင်ရောက်လာသူ အထောက်အ ထားမဲ့ ၆၀ကျော်ထဲက ၃၉ဦးဟာ လူကုန်ကူးခံရသူတွေအဖြစ် စစ်ဆေးတွေရှိတယ်လို့ ထိုင်းအာဏာပိုင်တွေ က ဆိုပါတယ်။ ဒီသတင်းကီု ဗွီအိုအေ သတင်းထောက်မအေးအေမာ က သတင်းပေးပို့ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */