" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 18, 2023

ရခိုင်ရှိ ရိုဟင်ဂျာလူမျိုးများကို စစ်ကောင်စီက ရခိုင်ပြည်နယ်ထဲတွင်လည်း ဖမ်းဆီးနေ

Myanmar Pressphoto Agency
by MPA
Feb 18, 2023 
ရခိုင်ရှိ ရိုဟင်ဂျာလူမျိုးများကို စစ်ကောင်စီက ရခိုင်ပြည်နယ်ထဲတွင်လည်း ဖမ်းဆီ

အာဏာသိမ်းစစ်ကောင်စီက ရခိုင်ရှိ ရိုဟင်ဂျာများကို ရခိုင်ပြည်နယ်ထဲတွင်ပင် ဖမ်းဆီးမှုများရှိနေသည့်အတွက် ရိုဟင်ဂျာလူမျိုးများသည် ထောင်ကျနေသည်နှင့်တူနေသည်ဟု ဝေဖန်ပြောဆိုနေကြသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက်၊ မနေ့က ရိုဟင်ဂျာ ၅၆ ဦးကို စစ်ကောင်စီက အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားကြောင့် ရိုဟင်ဂျာများက ဆိုကြသည်။

” သူတို့က ဘယ်မှလဲ သွားကြတာမဟုတ်ပါဘူး။ ဒီအတိုင်း နီးစပ်ရာ ခင်မင်ရာလာနေကြတာပါ။ အုပ်စုလိုက်တွေ့တော့ ဘယ်သူက ရဲကို တိုင်လိုက်တာလဲမသိဘူး။ ရဲက ကားနဲ့ လာဖမ်းသွားပါတယ်” ဟု စစ်တွေမြို့နယ်မှ ရိုဟင်ဂျာတစ်ဦးက MPA သို့ ပြောသည်။

ထိုဖမ်းဆီးခံရသည့် ရိုဟင်ဂျာများထဲတွင် အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၂ဝ ဦးတို့ ပါဝင်ပြီး ၎င်းတို့ကို မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်နေကြသည်ဟု အကြောင်းပြကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုကြသည်။

ထိုကဲ့သို့ စစ်ကောင်စီဖမ်းဆီးထားသူများကို လဝက အက်ဥပဒေဖြင့် အမှုဖွင့် အရေးယူနိုင်ရေး စစ်ဆေးနေပြီး ၎င်းတို့ကို ကူညီဆောင်ရွက်ပေးနေသည်ဟုဆိုကာ ရခိုင်လူမျိုး ၂ ဦးကိုလည်း ဖမ်းဆီးရန် ရှာဖွေစုံစမ်းနေကြသည်ဟု ဒေသခံများက ဆိုကြသည်။

” ကျနော်တို့က အေအေထိန်းချုပ်နယ်မြေတွေမှာဆိုရင် လွတ်လွတ်လပ်လပ် သွားလာလို့ ရပါတယ်။ စစ်တပ်ရှိနေတဲ့ နေရာဆိုရင် ရခိုင်ရွာကို ကျနော်တို့ လာလို့မရဘူး။ ကျနော်တို့ ရွာတွေကို ရခိုင်တွေအများကြီးလာရင်လည်း သတင်းပို့ရမယ်လို့ ပြောထားပါတယ်” ဟု စစ်တွေမြို့နယ်မှ နောက်ထပ် ရိုဟင်ဂျာတစ်ဦးက MPA သို့ ပြောသည်။

ရခိုင်တွင် ၂၀၁၂ ပဋိပက္ခဖြစ်ပြီးနောက် ရိုဟင်ဂျာများအား သီးသန့်ခွဲခြား ကန့်သတ်ထားသည့်အပြင် ထိုနေရာများအားလုံးကို လုံခြုံရေးကင်စခန်းများချထားပြီး ၎င်းနေရာများမှ ပြင်ပသို့ ထွက်ခွာသွားလာမှုများကိုလည်း စောင့်ကြည့်ခံနေရသည်ဟု ရိုဟင်ဂျာများက ဆိုသည်။

ထိုအပြင် မိမိကျေးရွာမှ အခြားကျေးရွာများသို့ သွားရောက်မည်ဆိုပါကလည်း ကျေးရွာတာဝန်ခံများ၏ ထောက် ခံချက်လက်မှတ်များဖြင့်သာ သွားလာကြရပြီး ထိုလက်မှတ်နှင့် လမ်းခရီးရှိ စစ်ဆေးရေးဂိတ်များတွင်လည်း ငွေ ကြေးများပေးဆောင်နေကြရသည်ဟု ရိုဟင်ဂျာများက ဆိုသည်။

ထိုကဲ့သို့ ခရီးသွားလာခွင့် ကန့်သတ်ချက်များအပြင် ယခုကဲ့သို့ အကြောင်းမဲ့ဖမ်းဆီး အမှုဖွင့်တရားစွဲဆိုမှုများကိုလည်း ပြုလုပ်နေသဖြင့် ရခိုင်ရှိ ရိုဟင်ဂျာများသည် အမိုးဖွင့် အကျဥ်းထောင်ထဲတွင် နေထိုင်နေကြရသည်နှင့် တူနေသည်ဟု ရိုဟင်ဂျာများက ဆိုကြသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */