" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, August 12, 2023

သံဖြူဇရပ်မှာ ရိုဟင်ဂျာ ၁၄၅ ဦးကို စစ်ကောင်စီဖမ်းဆီး

RFA
RFA Burmese
2023.08.12

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီးဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီးမှာ ရိုဟင်ဂျာ ၁၄၅ ဦးကို ဩဂုတ်လ ၁၁ ရက် မ နေ့ မနက်က ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

လမ်းခင်းကျောက်သယ်တဲ့ ကားသုံးစီးနဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာတွေကို သံဖြူဇရပ်နဲ့ ၁၄ မိုင်အကွာ ဝဲခမီကျေးရွာ၊ သံဖြူဇရပ်-ရေး လမ်းပိုင်းမှာ မနေ့ မနက် ၁၀ နာရီဝန်းကျင်က ဖမ်းဆီးခဲ့တာလို့ မွန် ပြည် နယ် စစ်ကောင်စီပြောခွင့်ရသူ ဒေါက်တာအောင်မြတ်ကျော်စိန်က ပြောပါတယ်။


"မနက် ၁၀ နာရီက သံဖြူဇရပ်ကထွက်တဲ့ လမ်းပေါ်မှာ ကျောက်သယ်ကားပေါ်ကမိတာ။ ၁၄၅ ယောက်။ ဘယ်ကလာလဲ ဘာလဲဆိုတာကတော့ စစ်ကြောရေးက လုပ်ကြတုန်းနေမှာပေါ့နော်"

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၂၇ ဦးနဲ့ အမျိုးသမီး ၁၈ ဦး ပါဝင်ပါတယ်။

လက်ရှိမှာ ရိုဟင်ဂျာတွေကို သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်က မြို့နယ် အားကစားခန်းမမှာ စစ်ဆေး မေးမြန်းနေတယ်လို့ ဆိုပါတယ်။ ဒီရိုဟင်ဂျာတွေဟာ ဘယ်ကနေလာပြီး ဘယ်ကိုသွားမလဲဆိုတာ တိ တိ ကျကျ မသိရသေးပါဘူး။

ဩဂုတ်လ ၇ ရက်နေ့လည်း ရိုဟင်ဂျာ ၅၅ ဦးလိုက်ပါလာတဲ့ စက်လှေတစ်စီးဟာ ရခိုင်ပြည်နယ်၊ စစ် တွေပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပါတယ်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ စစ်ဆေးရေးဂိတ်မှာ ဇွန်လ ၁၉ ရက်နေ့ က ရိုဟင်ဂျာခြောက်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတဲ့ ရိုဟင်ဂျာတွေဟာ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် မလေးရှားနိုင်ငံကို သွားရောက်ဖို့ စွန့်စား ထွက်ခွာနေကြတာပါ။

ဆက်နွယ်သောသတင်းများ  


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */