" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, April 6, 2023

အထောက်ထားမဲ့ ရိုဟင်ဂျာဒုက္ခသည် ၈၀ ကျော် ထိုင်းရဲ ဖမ်းဆီး

VOA
အေးအေးမာ
၀၆ ဧပြီ၊ ၂၀၂၃

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကားသုံးစီးအပြည့်တင်လာတဲ့ အထောက်အထားမဲ့ရိုဟင်ဂျာတွေကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိထိန်းသိမ်းထားစဉ်။ (ဧပြီ ၅၊၂၀၂၃)

ထိုင်းနိုင်ငံတောင်ပိုင်း Chom Phon ပြည်နယ်ထဲမှာ လူကုန်ကူးသူတွေ ကားသုံးစီးနဲ့အပြည့်ခေါ်ဆောင်လာတဲ့ ရိုဟင် ဂျာဒုက္ခသည် ၈၉ ယောက်ကို အမြန်လမ်းရဲတပ်ဖွဲ့က ဧပြီလ ၄ရက် အင်္ဂါနေ့ကဖမ်းဆီးလိုက်ပါတယ်။ သူတို့ဟာ ထိုင်း−မြန်မာနယ်စပ် ဒုက္ခသည်စခန်းနဲ့ ရခိုင်ပြည်နယ်ဘက်ကနေ လာကြသူတွေဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

 ထိုင်းနိုင်ငံတောင်ပိုင်း Chom Phon ပြည်နယ်ထဲကအမြန်လမ်းမှာ ဧပြီလ ၄ ရက် နေ့လယ်နှစ်နာရီအချိန်က အမြန် လမ်းရဲတပ်ဖွဲ့က အမျိုးသမီးနဲ့ကလေးငယ်တွေအပါဝင် ရိုဟင်ဂျာ ၈၉ ယောက်ကို လူကုန်ကူးသူတွေက ကားသုံးစီးနဲ့ အလုံပိတ်ပြီး မောင်းနှင်လာစဉ်မှာ အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ ပထမဆုံးကားတစီးကိုမသင်္ကာဖြစ်ပြီး တားဆီးစစ်ဆေးခဲ့ရာကနေ နောက်ကားနှစ်စီးကိုပါ လိုက်လံဖမ်းဆီးနိုင်ခဲ့တာလို့ ထိုင်းရဲအရာရှိ Jiraphat Buathong (ဂျေရဖတ် ဘိုထောင်း) က သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော်တို့လူသုံးဆယ်ပါတဲ့ကားကို စတင်ဖမ်းမိချိန် အလုံပိတ်ကားကိုဖွင့်လိုက်တဲ့အခါမှာတော့ ကားပေါ်မှာပါလာ သူ အများစုဟာ အပူဒဏ်ကြောင့်ကော၊ အလုံပိတ်ထားတာကြောင့်ပါ အော့အန်နေကြတယ်။ သတိလစ်နေတဲ့သူ တွေကို လည်း တွေ့ရတယ်။ ကံကောင်းတာက ရဲတပ်ဖွဲ့က အချိန်မီတွေ့ခဲ့လို့ပါ။ ဒီထက်အချိန်ကြာရင် အသက်ဆုံး ရုံးမှု တွေ ဖြစ်မှာပါ။“ လို့ ပြောသွားတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို တရားမဝင်သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသားလေးဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။ အခု ဖမ်းမိတဲ့ရိုဟင်ဂျာ ၈၉ ဦးဟာ ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ကနေ လာ ခဲ့ကြတာဖြစ်ပြီး သူတို့တွေကို မဲဆောက်က ဂိုဒေါင်တခုမှာ နှစ်ရက်ကြာ ထိန်းထားစဉ်မှာလည်း အစာရေစာ မစား ကြရဘူးလို့ ဖမ်းဆီးခံရိုရတဲ့ ရိုဟင်ဂျာတွေက စကားပြန်ကတဆင့် ပြောသွားပါတယ်။

အခုလိုလာရတာကတော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခက်အခဲတွေကြောင့် မလေးရှားမှာအလုပ်လုပ်ဖို့ အိမ်ခြံ မြေတွေ ရောင်း၊ ပေါင်ခဲ့ရတယ်လို့ဆိုပါတယ်။ တချို့ကလည်း မလေးရှားက ဆွေမျိုးတွေဆီကပို့တဲ့ငွေနဲ့ တဦးကို ဘတ်သုံးသောင်းစီ လူပွဲစားတွေကိုပေးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ထံမှာ ထွက်ဆိုခဲ့ကြပါတယ်။

အခုဖမ်းမိတဲ့ရိုဟင်ဂျာတွေကို Chom Phon ပြည်နယ်ကရဲစခန်းမှာ ထိန်းသိမ်းထားပြီး နိုင်ငံတွင်း တရားမဝင် ဝင် ရောက်လာမှုနဲ့ အရေးယူသွားမယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

 Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */