" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, September 25, 2023

ဘူးသီးတောင်ရှိ ရိုဟင်ဂျာကျေးရွာများကို AA ဝင်စစ်ပြီး ဒေသခံတချို့ကို ဖမ်းဆီး

Myanmar Now
ရောင်နီ
September 25, 2023

မိုခါမုန်တိုင်းအလွန် ရသေ့တောင်မြို့နယ်၊ ရိုဟင်ဂျာကျေးရွာတစ်ရွာသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းအတွက် ရောက်ရှိနေသည့် AA တပ်ဖွဲ့ဝင်များကို ယခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)

ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာတချို့ကို ယခုရက်ပိုင်းအတွင်း ဝင် ရောက်စစ်ဆေးကာ ဒေသခံတချို့ကို ဖမ်းဆီးထားသည်ဟု သိရသည်။

အင်အား ရာဂဏန်းဖြင့် AA တပ်ဖွဲ့ဝင်များက ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ ရွက်ညိုတောင်၊ ဦးလှဖေ၊ အ တွင်းငှက်သေ၊ သိမ်တောင်၊ ဝါးရကျွန်းဒူးတန်း စသည့် ကျေးရွာများအတွင်း ဝင်ရောက်လာကြောင်း၊ ဒေသခံများ ကို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) နှင့် ဆက်စပ်မှု ရှိမရှိ ဝင်ရောက်စစ်ဆေးခြင်း ဖြစ် ကြောင်း ဦးလှဖေကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၁ တွင် ၎င်းတို့ရွာမှ ရွာသား ၄ ဦး၊ အလည်ရောက်နေသည့် မောင်ကြီးတောင်ကျေးရွာမှ ဒေသခံ ၁ ဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွားသည်၊ ဝါးရကျွန်းဒူးတန်းရွာမှ ဒေသခံ ၃ ဦးလည်း အလားတူ အဖမ်းခံရ သည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။

“AA အင်အား ၁၀၀ လောက် မြင်လိုက်တယ်။ မကောင်းတဲ့လူတွေကို စစ်ဆေးမယ်လို့ ပြောခဲ့တယ်။ အဓိက စိုး ရိမ်တာက မကောင်းတဲ့သူတွေကို ရှာတာမှာ ကောင်းတဲ့သူတွေလည်း ပါသွားမှာကို စိုးရိမ်ပါတယ် ”ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ၎င်းတို့ရွာမှ ဟဘီယိုဇောမာ့၊ ဟာမီဒူလာ၊ အဒူမော်နာမ်၊ မူဆာလီ၊ မောင်ကြီး တောင် ကျေး ရွာမှ မမာတ်ဟူဆောင်တို့ဖြစ်သည်။ ဝါးရကျွန်းဒူးတန်းရွာမှ ဒေသခံ ၃ ဦး၏ အမည်များကို မသိသေးကြောင်း ထိုအမျိုးသားက ဆက်လက်ပြောသည်။

အတွင်းငှက်သေကျေးရွာမှ ဒေသခံတစ်ဦးကမူ ယခု ရက်ပိုင်းအတွင်း AA တပ်ဖွဲ့ဝင်များ အနီးဝန်းကျင် ကျေးရွာ များကို ရောက်လာပြီး ARSA နှင့် ပတ်သက်မှု ရှိမရှိ စစ်ဆေးမေးမြန်းသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဟု ဒေသခံများထံမှ သိရသည်။

ရိုဟင်ဂျာသတင်းဌာနတစ်ခုဖြစ်သည့် The Arakan Express News က AA တပ်ဖွဲ့ဝင် ၅၀၀ ခန့်သည် စက်တင် ဘာ ၁၉ မှ ၂၂ ရက်အတွင်း ရွာ ၉ ရွာကို ဝင်စစ်ခဲ့သည်ဟု ဖော်ပြထားသည်။

ဝါးရကျွန်းဒူးတန်းရွာမှ ၃ ဦး၊ ချောင်းပေါက် (ဟာလ်းဆီရား) ရွာမှ ၁ ဦး၊ ဦးလှဖေရွာမှ ၅ ဦး၊ အမှတ် ၃ ရပ်ကွက်မှ ဦးမာမတ်နုရ်တို့ကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ARSA သည် ၂၀၁၆၊၂၀၁၇ တွင် မောင်တောဒေသရှိ ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့သော ရိုဟင်ဂျာလက်နက် ကိုင်အဖွဲ့အစည်းဖြစ်သည်။

လတ်တလောတွင် ထိုအဖွဲ့ မောင်တော၊ ဘူးသီးတောင်ဒေသတွင် ပြန်ပေါ်လာကာ ဒေသခံတို့ကို ဖမ်းဆီး၊ ပြန် ပေးဆွဲနေသည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြခဲ့ကြပြီးနောက် AA က လက်နက်ကိုင်အင်အား အများ အပြားဖြင့် ကျေးရွာများသို့ ရောက်လာခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို Myanmar Now က ဆက် သွယ်မေးမြန်းရာတွင် လူဆိုးဂိုဏ်းများ ဖမ်းဆီးနိုင်ရေးအတွက် ပိတ်ဆို့ရှာဖွေနေခြင်းဖြစ်သည်ဟု ဖြေ ကြားသည်။

“ဘူးသီးတောင်ဘက်မှာ ဒေသခံတွေကို ပြန်ပေးဆွဲ၊ လူသတ်၊ ဓားပြနေတဲ့ လူဆိုးဂိုဏ်းတွေကို ဖမ်းဆီးနိုင်ရေး အတွက် ကျွန်တော်တို့ အာရက္ခပြည်သူ့အစိုးရရဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်း ပြီးတော့ ပိတ်ဆို့ရှာဖွေတွေ လုပ်နေပါတယ်” ဟု သူက ပြောသည်။

“လူဆိုးဂိုဏ်းတွေနဲ့ မပတ်သက်တဲ့ အပြစ်မဲ့ပြည်သူတွေအတွက် တစ်စုံတစ်ရာ စိုးရိမ်စရာမရှိပါ”

မေလအတွင်းက တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းအပြီး ပြန်လည်ထူထောင်ရေးလုပ်နေသော ရခိုင်မြောက်ပိုင်း တွင် ဒေသခံတချို့ ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် AA က ဝင်ရောက်စစ်ဆေးနေခြင်း ဖြစ်သည်။ ထိုသို့ ဝင် ရောက် စစ်ဆေးသော ကျေးရွာများသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား အသက်ဝင်ခြင်း မရှိဘဲ AA ၏ အုပ်ချုပ်ရေးအား ပိုကောင်းသည့် ရွာများ ဖြစ်သည်။

ဇူလိုင် ၁၈၊ ၁၉ တွင်လည်း ဘူးသီးတောင်မြို့နယ်၊ မေယုတောင်ကြောရှိ စိမ်းညှင်းပြား၊ ဂူတာပြင်၊ အာကာပျံရွာ များအနီး AA နှင့် ARSA တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်က လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်ပွားစေရန် လှုံ့ဆော်လေ့ရှိသော ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ရိုဟင်ဂျာနှင့် ရခိုင်တို့ကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားပြီးနောက် နှစ်ဖက်ဆံရေး တင်းမာ ခဲ့ကြသည်။

AA က ဒေသတွင်း ခြေကုပ်ရယူပြီးနောက် ၂၀၁၉ ခုနှစ်မှ စတင်ကာ ရိုဟင်ဂျာနှင့် ရခိုင်တို့ ပြန်လည် သဟဇာ တရှိလာရေး AA ဘက်က ကြိုးပမ်းလာသလို AA တပ်ဖွဲ့များတွင် ရိုဟင်ဂျာတို့ကို ခန့်အပ်မှုများ တွေ့ရသည်။

၂၀၂၂ အောက်တိုဘာလအတွင်းက AA က ၎င်း၏ တပ်ဖွဲ့ဝင် ၂ ဦးကို ဘူးသီးတောင်မြို့နယ်နေ အသက် ၃၀ အရွယ် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်မှုကြောင့် ကြိမ်ဒဏ်အပြင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ သည်။

ပြီးခဲ့သည့် နှစ်များအတွင်းက ရိုဟင်ဂျာနှင့် ရခိုင်တို့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာရာ ဗုဒ္ဓဘာသာဘုရား ပွဲများတွင်လည်း ရိုဟင်ဂျာတို့က အလှူငွေထည့်ဝင်လာသည်၊ ရခိုင်ကျေးရွာများသို့ ပြန်လည် ဝင်ထွက်သွားလာ ခဲ့သည်၊ ချစ်ကြည်ရေးဘောလုံးပွဲ၊ ရိုးရာကျင်ပွဲများ ဆင်နွှဲလာကြသည်။

AA သည် စစ်တပ်နှင့် ၂၀၁၈ ဒီဇင်ဘာနှောင်းပိုင်းမှ ၂၀၂၀ နိုဝင်ဘာလဆန်းအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့စဉ် ကတည်းက ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရား တည်ဆောက်ခဲ့ရာ ရခိုင်မြောက်ပိုင်း ကျေးလက်ဒေသ တွင် AA ၏ သြဇာကြီးမှုကို တွေ့နေရသည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှု မတိုင်မီတွင် စစ်တပ်က AA နှင့် သွားရောက် တွေ့ဆုံပြီးနောက် အပစ်ရပ်ခဲ့ သည်။

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံလိုသူအများအပြား AA ထံတွင် အကူအညီယူခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း AA နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြန်ဖြစ်လာကာ ယင်းနှစ် နိုဝင်ဘာတွင် အပစ်ရပ်ရန်သဘော တူလိုက်ကြသည်။

လတ်တလောတွင် နှစ်ဖက်အပြန်အလှန် စောင့်ကြည့်နေကြသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */