" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, December 25, 2022

စက်လှေနစ်ပြီး ရေကူးလာသူ ရိုဟင်ဂျာ တစ်ရာကျော် စစ်ကောင်စီ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။

စက်လှေနစ်ပြီး ရေကူးလာသူ ရိုဟင်ဂျာ တစ်ရာကျော် စစ်ကောင်စီ ဖမ်းဆီး

စက်လှေနစ်မြုပ်ပြီး ရေကူး၍ ကမ်းပေါ်တက်လာသော ရိုဟင်ဂျာ ၁၁၂ ဦးကို စစ်ကောင်စီ လက်အောက်ခံ တပ် ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ် သူများက ပြောသည်။

ရိုဟင်ဂျာ ကလေး ၁၂ ဦး၊ အမျိုးသမီး ၄၃ ဦး၊ အမျိုးသား ၅၇ ဦး စုစုပေါင်း ၁၁၂ ဦးကို ဧရာဝတီတိုင်း ဘိုကလေး မြို့နယ်အတွင်း ဖမ်းမိထားခြင်း ဖြစ်သည်။

ဒေသခံအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က “သူတို့စီးလာတဲ့ စက်လှေ နစ်မြုပ်သွားလို့ ကမ်းပေါ်ကူးလာကြတာ။ ဒေ သခံတွေက တွေ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို သတင်းပို့ရာကနေ အဖမ်းခံရတာ” ဟု ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက်အစောပိုင်းက ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအုပ်စု၊ ကဒုံးလေးကျွန်းအနီး ကမ်းခြေပေါ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည် ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရ သည်။

ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “မနက်စောစော ၂ နာရီလောက်မှာ စက်လှေမြုပ်သွားလို့ ရေကူးပြီး ကမ်းကို ရောက် လာခဲ့ကြတာ။ နယ်မြေ မကျွမ်းတော့ ဘယ်ကိုသွားရမှန်းမသိပဲ အဖမ်းခံရတာ” ဟု ပြောသည်။

ယခုဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများမှာ ရခိုင်ပြည်နယ်မှ ထွက်ခွာလာသူများဖြစ်ပြီး စက်လှေမောင်းသူကို ဖမ်း မိခြင်းမရှိဘဲ လွတ်မြောက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ဧရာဝတီ မြန်မာ – မူဆလင် ကွန်ရက်အဖွဲ့ဝင်တစ်ဦး က “သူတို့က ရခိုင်ပြည်နယ်ထဲမှာ မွေးတဲ့သူတွေပါ။ ရခိုင် ဘက်မှာက အလုပ်အကိုင် အခွင့်အလမ်းနည်းတယ်။ နေရေးရော ရှင်ရေးရော ခက်ခဲနေကြတာကြောင့် နေရာ သစ်ရှာဖွေဖို့ ထွက်လာကြသူတွေဖြစ်တယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများကို ဘိုကလေးမြို့မ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး သက်ဆိုင်ရာဌာန များက စစ်ဆေးမှုများ လုပ်နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ် အတွင်းက ရိုဟင်ဂျာများသည် ကြံခင်း၊ လေးမျက်နှာ၊ ရေကြည်၊ ငသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်၊ ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်းတို့ဘက်မှ ဝင်ရောက်လာနေကြပြီး မအူပင်၊ မြောင်း မြ ဘို ကလေး၊ လပွတ္တာ၊ ဝါးခယ်မ၊ ကျိုက်လတ်၊ ဟင်္သာတမြို့များအထိ ပြန့်နှံ့ ရောက်ရှိလာလေ့ရှိသည်ဟု လဝက အရာရှိဟောင်းတစ်ဦး က ပြောသည်။

၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အတွင်း ရခိုင်ပြည်နယ်ဘက်မှ ဧရာဝတီတိုင်းအတွင်းသို့ နယ်မြေဖြတ်ကျော် လာသည့် ရိုဟင်ဂျာ ၆၀၀ နီးပါး ဖမ်းဆီးခံထားရသည့်အနက် အယောက် ၁၅၀ ကျော်ကို လဝက ဥပဒေ ပုဒ်မဖြင့် ထောင် ၂ နှစ်စီ ချထားပြီး ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */