" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, August 12, 2023

သံဖြူဇရပ်တွင် ရိုဟင်ဂျာ ၁၄၃ ယောက်ကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
August 11, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာမှာ သြဂုတ် ၁၁ ရက် ဒီနေ့မနက် ၆ နာရီက မြေသယ်ယာဥ် တစီး ပေါ်ကနေ ရိုဟင်ဂျာ ၁၄၃ ယောက်ကို စစ်ကြောင်းလှည့်လာတဲ့ စစ်ကောင်စီတပ်က ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေ ဆီက သိရပါတယ်။ 

ဒီနေ့မနက် ၆ နာရီခွဲက ဝဲခမီကျေးရွာအနီးမှာ မြေသယ်ယာဥ်လေးစီးကို မသင်္ကာလို့ စစ်ဆေးခဲ့ရာ ရိုဟင်ဂျာအမျိုး သား၊ အမျိုးသမီး ၁၄၃ ယောက်ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

 “ဖရဲသီးကုမ္ပဏီက ကားတွေကို မသင်္ကာလို့ စစ်တာ၊ သတင်းရလို့လည်း ဖြစ်နိုင်တယ်။ အဖွဲ့အစည်း အတော်စုံ တယ်။”

ရိုဟင်ဂျာ ၁၄၃ ယောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ စက်လှေနဲ့ထွက်လာပြီး သံဖြူဇရပ်မြို့နယ် သပြေချောင်းဝမှာ ကပ်ကာ မြေသယ်ယာဥ်နဲ့ ပုန်းခိုလိုက်ပါလာစဥ် ဝဲခမီကျေးရွာမှာ ဖမ်းဆီးရမိခဲ့တာလို့ အုပ်ချုပ် ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“မိတဲ့သူတွေနဲ့ပတ်သက်ပြီး ဌာနက စုံစမ်းနေတယ်။ လုပ်ငန်းရှင်တချို့လည်း ပါတယ်ကြားတယ်။ စစ်ဆေးနေ တုန်းပဲ။” 

လတ်တလောမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁၄၃ ယောက်ကို သံဖြူဇရပ်မြို့နယ်ရုံးမှာ စစ်ကောင်စီတပ်၊ ထွေအုပ်၊ ရဲနဲ့ ဌာနဆိုင်ရာ အဖွဲ့တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်ကလည်း လပွတ္တာမြို့နယ်၊ ပြင်စလူမြို့နယ်၊ ကိုးသောင်းကျေးရွာနဲ့ လေးမိုင်ခန့်အကွာမှာ စက်လှေတစီးပေါ်ကနေ ရိုဟင်ဂျာ ၇၂ ယောက်ကို ဖမ်းဆီးမိခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */