" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 5, 2024

စစ်ကောင်စီ ဘူးသီးတောင်တပ်မဌာနချုပ်နဲ့ တပ်ရင်းလေးခုကို သိမ်းယူနိုင်ကြောင်း AA ထုတ်ပြန်

RFA
RFA Burmese
2024.05.04 

ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်။ AA Info Desk

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ နဲ့ တပ်ရင်း လေးခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်စခန်းနဲ့ လက်အောက်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ (၅၆၅)နဲ့ ခမရ (၅၅၁) စခန်းတွေကို သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

စကခ (၁၅) ဘူးသီးတောင်"လက်အောက်က တပ်ရင်း ရှစ်ရင်းနဲ့ "ဘူးသီးတောင်ဗျူဟာ"လက်အောက် ခံတပ်ရင်း လေးခုကို AA က တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အဲဒီထဲက ခမရ (၅၅၂) တပ် ရင်းကို မတ်လ (၂၅) ရက်နေ့၊ ခမရ (၅၆၄) တပ်ရင်းကို ဧပြီလ (၅) ရက်၊ ခမရ (၅၆၅) တပ်ရင်းကို ဧပြီလ (၂၄) ရက် နဲ့ ခမရ (၅၅၁) တပ်ရင်းကို မေလ (၃) ရက်နေ့တွေမှာ သိမ်းယူနိုင်ခဲ့တာလို့လည်း ရေး သားထားပါတယ်။

စကခ ၁၅ တပ်မ ဌာချုပ်ကိုတော့ မေလ (၂) ရက်နေ့က သိမ်းယူခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဘူးသီးတောင်-မောင်တော ကားလမ်းတစ်လျှောက်က စစ်ကောင်စီရဲ့ တာဝါတိုင် စခန်းကုန်း၊ (၆) မိုင်စခန်းကုန်း၊ နယ်ခြားစောင့်စခန်း နခခ-၁ (ကျီးကန်းပြင်)၊ နခခ-၁၀ (လှဖိုးခေါင်) စခန်းတွေကိုလည်း သိမ်ယူနိုင်ခဲ့သလို အမ်းမြိုနယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

ဘူးသီးတောင်က စစ်ကောင်စီရဲ့ တပ်ရင်းတွေ၊ ဌာနချုပ်တွေ သိမ်းယူခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်း လက်ခံဖြေဆိုတာ မရှိပါဘူး။

ရက္ခိုင့်တပ်တော် AA အနေနဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) ကျောက်တော် လက်အောက်ခံတပ်ရင်းတွေ အားလုံးကိုလည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့က အားလုံးသိမ်းယူနိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ဆက်နွယ်သောသတင်းများ
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */