" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Thursday, March 21, 2024

ဘူးသီးတောင်မှာ AA ကိုဆန္ဒပြဖို့ ရိုဟင်ဂျာတွေကို စည်းရုံးဖိအားပေးခဲ့

VOA
အင်ကြင်းနိုင်

၂၁ မတ်၊ ၂၀၂၄ 

ရက္ခိုင့်တပ်တော် AA ကို အလိုမရှိကြောင်း ဆန္ဒပြနေကြတဲ့ ရိုဟင်ဂျာများ။ (Photo: တပ်မတော် သတင်းမှန်ပြန်ကြားရေး) 

ရခိုင် ဘူးသီးတောင်ဘက်မှာ ရက္ခိုင့်တပ်တော် (AA) ကိုဆန့်ကျင်ကြောင်း ဆန္ဒပြကြဖို့ ဒေသခံရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအကြပ်ဖိအားပေးခဲ့တယ်လို့ နှစ်ဘက်အသိုင်းအဝိုင်းတာဝန်ရှိသူတွေက ဗွီအိုအေကိုပြောပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ စစ်သားအဖြစ် အတင်းအကြပ်စုဆောင်းခံရပြီး တိုက်ပွဲတွေဆီအပို့ခံနေရတဲ့အပြင် နှစ်ဘက်တိုက်ပွဲကြားပိတ်မိနေတဲ့ ရိုဟင်ဂျာတွေရဲ့နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီနဲ့ဆက်ဆံတာ ရပ်ဆိုင်းဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း

RFA
RFA Burmese
2024.03.20

၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသည့် ကုလလူ့အခွင့်အရေးကောင်စီညီလာခံ တက်ရောက်လာသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး။ AFP

စစ်မြေပြင်မှာ ကျရှုံးပြီး ပြည်သူတွေ ဆန့်ကျင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကြုံနေရတဲ့ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပိုမိုတိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာက အားပိုကောင်းတဲ့ ဟန်ချက်ညီ အရေးယူဆောင် ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး (Tom Andrews)က မတ်လ ၂၀ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ 

ရခိုင်ဒေသတွင် AA ဆန့်ကျင်ရေးဆန္ဒပြပွဲများ စစ်ကောင်စီ စီစဉ်ဟု ဆို

Myanmar Now
ရောင်နီ
March 21, 2024 


ရခိုင်ပြည်နယ်တွင် အထိနေသော စစ်ကောင်စီတပ်က ရိုဟင်ဂျာများကို စစ်တပ်၏အင်အားအဖြစ် အသုံးချနေသလို AA ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ရန်လည်း ခိုင်းစေနေသည်ဟု သိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ရိုဟင်ဂျာများကို ရက္ခိုင့်တပ်တော် (AA) ကို အလိုမရှိကြောင်း ဆန္ဒပြကြစေရန် ဖိအားပေးလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောကြ သည်။

စစ်ကောင်စီ ကြိုးကိုင်မှုနဲ့ ရိုဟင်ဂျာတွေဆန္ဒပြတာလို့ နှစ်ဖက်အသိုင်းအဝိုင်းထောက်ပြ

RFA
RFA လွတ်လပ်တဲ့အာရှအသံ
21 March 2024

■ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်က ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်း ရိုဟင်ဂျာခုနစ်ရာကျော်ပါဝင်ခဲ့တဲ့ ဆန္ဒပြပွဲဟာ လူမျိုးရေးပဋိပက္ခကို ဦးတည်တဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ ရခိုင်၊ ရိုဟင်ဂျာ အသိုင်းအဝိုင်းနှစ်ခုလုံးက ထောက်ပြကြပါတယ်။ RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

Link : Here

Wednesday, March 20, 2024

AA အကြမ်းဖက်အဖွဲ့အား အလိုမရှိကြောင်း မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်

ပြည်ချစ်သား
by အေးခင်
Posted on March 20, 2024

( မှတ်တမ်းအဖြစ်ထားရှိရန်သာ)

AA အကြမ်းဖက်အဖွဲ့အား အလိုမရှိကြောင်း” ဘူးသီးတောင်မှ မွတ်ဆလင်များ မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့တဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။ AA အကြမ်းဖက်သမားတွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေလုပ်ဆောင်နေတာကြောင့် ဒေသခံများက AA အဖွဲ့ကိုအလိုမရှိကြောင်း တိုက်ပွဲတွေကိုအလိုမရှိကြောင်း စသဖြင့် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။ #Crd

ဘူးသီးတောင် ခမရ- ၅၅၂ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ စခန်းမှ စတင်ဆုတ်ခွာထွက်ပြေး

AYEYARWADDY TIMES
March 19, 2024 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ-၅၅၂တပ်ရင်းကို ရက္ခိုင့် တပ်တော်(AA)က ထိုးစစ် ဆင်တိုက်ခိုက်လျက်ရှိသည့်အတွက် စစ်ကောင်စီတပ်သားများ စခန်းကို စတင်စွန့်ခွာထွက်ပြေးနေကြောင်း သိရ သည်။

AA အကြမ်းဖက်အဖွဲ့အား အလိုမရှိကြောင်း” ဘူးသီးတောင်မှ မွတ်ဆလင်များ မြို့လုံးကျွတ် ဆန္ဒပြ

True News
၁၈-၃-၂၀၂၄

အမ်း-တောင်ကုတ် အဝေးပြေးလမ်းကို အကြမ်းဖက်စစ်ကောင်စီက ဘတ်ဟိုးဖြင့် ဖျက်ဆီး ဖြတ်တောက်

Arakan Bay News
ABN-004
March 19, 2024

ရက္ခိုင်ပြည်ရှိ အမ်း-တောင်ကုတ်အဝေးပြေးလမ်းကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ယနေ့ မတ်လ ၁၉ရက်နေ့၊ နံနက် ၈နာရီခွဲအချိန်တွင် ဘတ်ဟိုးဖြင့် တူးဖော်ဖျက်ဆီး ဖြတ်တောက်လိုက်ကြောင်း ဒေ သခံများက အတည်ပြုပြောဆိုသည်။

မောင်တောမှာ ရိုဟင်ဂျာလူငယ်တွေ ဖမ်းဆီးခံနေရကြောင်း ဒေသခံတွေပြော

RFA
RFA Burmese
2024.03.19 

မောင်တောမြို့တွင် အုန်းသီးရည်ကို တွန်းလှည်းနှင့်လှည့်ရောင်းနေသည့် ရိုဟင်ဂျာလူငယ်တချို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ Photo: RFA

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မတ်လ ၁၈ ရက်မနေ့ကပြီး ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာကြောင့် မြို့ခံတချို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

Tuesday, March 19, 2024

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာရွာတစ်ရွာကို လေကြောင်းဖြင့်တိုက်ခိုက် အရပ်သား ၃၀ နီပါးသေဆုံး

လွတ်လပ်သော မွန်သတင်း အေဂျင်စီ
March 18, 2024

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာဒါရိုဟင်ဂျာရွာကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက်အစောပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတို့ထံမှ သိရသည်။

မင်းပြားတွင် ညအချိန် လေကြောင်းမှ ဗုံးကြဲ၍ ၂၁ ဦးအထိသေဆုံး

Myanmar Now
ခင်ငြိမ်းချမ်း မိုးဦး
March 18, 2024
 


သာဒါရွာကို ဗုံးနှစ်လုံးကြဲချစဉ် ရွာခံ ၉ ဦးနှင့် ဆင်ကြီးပြင်ဆိုသောရွာမှ စစ်ရှောင်ရောက်နေသူ ၁၂ ဦး စုစုပေါင်း ၂၁ ဦး ပွဲချင်းပြီးသေဆုံးသည်။

ယနေ့ (မတ် ၁၈) နံနက်အစောပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၂၁ ဦးအထိ သေ ဆုံး ပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရသည်ဟု သိရသည်။

ဥပုသ်လ ကာလ ရိုဟင်ဂျာတွေရဲ့ အခက်အခဲ

VOA
ဆုမွန်

၁၈ မတ်၊ ၂၀၂၄
Link : Here

ရခိုင်စစ်ပွဲကြားက ရိုဟင်ဂျာတွေကို နိုင်ငံတကာ ကာကွယ်ပေးဖို့ တောင်းဆို

RFA
RFA Burmese
2024.03.18 

မင်းပြားမြို့နယ် သာဒါကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရအပြီး ၂ဝ၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: Telegram/ Arakan Princess Media

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြားတိုက်ပွဲတွေ အ တွင်း ရိုဟင်ဂျာတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အ ကာအကွယ်ပေးဖို့ ရိုဟင်ဂျာ တရားမျှတရေး ကြိုးပမ်းတဲ့အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

Monday, March 18, 2024

အေအေကိုတိုက်တွန်း - ရိုနေဆန်းလွင်နဲ့ အင်တာဗျူး

Daily Voice News
DVN၊ အင်တာဗျူး။
မတ်လ ၊ ၁၈။

"အေအေကိုကျနော်တိုက်တွန်းချင်တာက ရွာထဲကိုစစ်ကောင်စီက ဝင်လာတယ်ဆိုတာနဲ့ ပစ်သတ်နေတာတွေ ရှိနေတာကြောင့် အေအေအနေနဲ့ ရိုဟင်ဂျာတွေရဲ့ အသက် အိုးအိမ်ကို ကာကွယ်ပေးဖို့တိုက် တွန်းချင်တယ်"

ရခိုင်မှာ လက်ရှိတိုက်ပွဲတွေ အကြားမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ ရဲ့ သေဆုံးမှု ဖမ်းဆီးခံရမှု အခြေအနေတွေ အပါအဝင် ရခိုင်ပြည်တွင်းက တိုက်ပွဲ အခြေအနေတွေ အပေါ် အမြင်သဘောထားတွေကို အ ပေါ် ရိုဟင်ဂျာလွတ် မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ဦးနေဆန်းလွင် (ပူးတွဲတည်ထောင်သူ) ကို DVN က ဆက်သွယ်မေးမြန်းထားပါတယ်။

 

Link : Here

မင်းပြားမှာ ရွာထဲ လေကြောင်းဗုံးကြဲခံရမှုကြောင့် ရိုဟင်ဂျာ ၂၃ ဦးသေ၊ ၃၃ ဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.17

လေကြောင်းမှ ဗုံးကြဲခံရသည့် မင်းပြားမြို့နယ် သာဒါကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်က တွေ့ရစဉ်။
Telegram/ Arakan Princess Media

 
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာထဲကို မတ်လ ၁၈ ရက် ဒီနေ့ မနက်တစ်နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ ရွာသားတွေက RFA ကိုပြောပါတယ်။

မင်းပြားမြို့ ရိုဟင်ဂျာရွာကို စစ်တပ်ဗုံးကြဲ၊ ၂၃ ဦး သေဆုံး

ဧရာဝတီ
မင်းပြားမြို့ သာဒါကျေးရွာ ဗုံးကြဲခံရ၍ ပျက်စီးသွားသည့် နေအိမ်များ/ APM

ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ရိုဟင်ဂျာများနေထိုင်သော သာဒါကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့ရာ ရွာသား ၂၃ ဦး သေဆုံးပြီး၊ ၃၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလအတွင်း ဧရာဝတီတိုင်းတွင် ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ

DVB
March 17, 2024

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရိုဟင်ဂျာအယောက် ၈၀ ကျော် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Sunday, March 17, 2024

စစ်ရှိန် ပိုမြင့်လာဖွယ်ရှိနေတဲ့ ရခိုင်တိုက်ပွဲ

VOA
ဝင်းမင်း

၁၆ မတ်၊ ၂၀၂၄

ရသေ့တောင်မြို့တိုက်ပွဲအတွင်း ရခိုင့်တပ်တော် AA က သိမ်းဆည်းမိခဲ့တဲ့ လက်နက်တချို့။ (ဓါတ်ပုံ_AA Info Desk)
"ရသေ့တောင်ကလည်း ကျလုနီးပါးဖြစ်နေပြီလို့ သိရတယ်။ စစ်ကောင်စီဘက်တော့ ရသေ့တောင်ကို လေကြောင်းကရော ရေကြောင်းကပါ ကာကွယ်နေတယ်။ ဒါပေမယ့် ရသေ့တောင်ကို သိမ်းလုနီးပါး ဖြစ်နေပြီလို့ AA တပ်တော်က တာဝန်ရှိသူတဦး ကျနော်တို့ကို ပြောပါတယ်။" (ဦးခိုင်မြတ်ကျော် − အယ်ဒီတာချုပ် ၊ နိရဉ္စရာ သတင်းဌာန)

၄ လအတွင်း မြို့သိမ်းတိုက်ပွဲများဖြင့် AA အောင်မြင်နေ

ဧရာဝတီ
by ဟိန်းထူးဈာန်
16 March 2024

စစ်ကောင်စီနှင့် လေးလကြာ တိုက်ပွဲများအတွင်း ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် AA က မြို့ ၉ မြို့ သိမ်းပိုက်နိုင်ခဲ့သည်

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအများစုမှ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်စခန်းများကို အဓိကကျသည့် ထိုးစစ်ဖြင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ပြီး ရက္ခိုင့်တပ်တော် (AA) သည် လူသားချင်းစာနာမှုအရ ၂၀၂၂ ခုနှစ်တွင် ရယူထားသည့် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးကို အဆုံးသတ်လိုက်သည်။

ရသေ့တောင်ကို သိမ်းပိုက်ရေး AA အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေဆဲ

DMG
6 Mar 2024 

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ တပ်စခန်းများကို အရှိန်အဟုန်မြှင့်ကာ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။ 

ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်ပြီးနောက် ရသေ့တောင် - ပုဏ္ဏားကျွန်း လမ်းဆုံတွင်တွေ့ရသော အာရက္ခစစ်သည်တော်များ။


ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆) ၊ (၅၃၇) နှင့် (၅၃၈) တို့ကို AA က တိုက်ခိုက်နေစဉ် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အများဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ AA က ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */