VOA
ဝင်းမင်း
၁၆ မတ်၊ ၂၀၂၄
ကိုဝင်းမင်းက မေးမြန်းတင်ပြပါတယ်။
ရခိုင့်တပ်တော် AA အနေနဲ့ ရခိုင်တောင်ပိုင်းမှာ ပထမဆုံးမြို့အဖြစ် ရမ်းဗြဲကို တနင်္လာနေ့က သိမ်းခဲ့ပါတယ်။ အဲဒီနောက် ရသေ့တောင်အခြေစိုက် တပ်ဌာနချုပ်တွေကို တဆင့်မြှင့် စတင် ထိုးစစ်ဆင်ခဲ့ကာ၊ ကြာသပတေးနေ့တုန်းကလည်း စစ်ကောင်စီက ကြည်းရေလေ ပစ်ကူမှု အမြောက်အများနဲ့ အပြင်းအ ထန် ခုခံတဲ့ကြားကပဲ AA က ဆက်ပြီး အရှိန်မြှင့် ထိုးစစ်ဆင်ခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဒီ ရသေ့တောင် မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတာကို ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က အခုလို ပြောပြပါတယ်။
" လက်ရှိမှာ ရခိုင့်တပ်တော် AA က စစ်တွေမြို့နဲ့ မိုင် ၂၀ လောက်အကွာမှာရှိတဲ့ ရသေ့တောင်က တပ် ရင်းတွေကို စစ်ဆင် တိုက်ခိုက်နေတာပေါ့။ ရသေ့တောင်ကလည်း ကျလုနီးပါးဖြစ်နေပြီလို့ သိရတယ်။ စစ်ကောင်စီဘက်တော့ ရသေ့တောင်ကို လေကြောင်းကရော ရေကြောင်းကပါ ကာကွယ်နေတယ်။ ဒါပေမယ့် ရသေ့တောင်ကို သိမ်းလုနီးပါး ဖြစ်နေပြီလို့ AA တပ်တော်က တာဝန်ရှိသူတဦး ကျနော်တို့ကို ပြောပါတယ်။ "
ဒါပေမဲ့ အမည်မဖော်လိုတဲ့ ဒေသခံတွေကတော့ AA နဲ့ စစ်ကောင်စီ နှစ်ဖက်လုံးမှာ ထိခိုက်ကျဆုံးမှုတွေ များနေတာလို့ ပြောပေမယ့် နှစ်ဖက်လုံးက တုံ့ပြန်ပြောလာတာ မရှိသေးပါဘူး။ ဆက်သွယ်ရေးလိုင်း မကောင်းတာကြောင့် AA ပြောခွင့်ရနဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
အဲ့ဒီတော့ အခုတိုက်ပွဲ ပြင်းထန်နေတဲ့ ရသေ့တောင်မြို့ရဲ့ အရေးပါပုံကို အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က အခုလို ရှင်းပြပါတယ်။
" ရသေ့တောင်က ဒီ မေယုမြစ်တခုလုံးကို စိုးမိုးထားတာပေါ့နော်။ စစ်တွေနဲ့ ဘူးသီးတောင်ကြားမှာ ရသေ့တောင်မြို့ဆိုတာ ရှိပါတယ်။ အဲဒီမှာ တပ်ရင်း(၃)ရင်း ရှိပါတယ်။ ၅၃၆၊ ၅၃၇၊ ၅၃၈ ဆိုပြီး အဲဒီမှာ ဗျူဟာလည်း ထိုင်ထားတဲ့အတွက် တော်တော့ကို အရေးကြီးတဲ့ မြို့ ဖြစ်ပါတယ်။ ရသေ့တောင် ကျသွားတယ်ဆိုရင်တော့ ဘူးသီးတောင်လည်း အလွယ်တကူ ကျသွားပါလိမ့်မယ်။ စစ်တွေနဲ့ကြားထဲမှာ စစ်ရေးအားဖြင့် ဝိုင်းပတ်ခံရမယ့် အနေအထား ဖြစ်သွားတာပေါ့။ ဘူးသီးတောင်ကိုလည်း AA က ဆက်လက်တိုက်ခိုက်နေပါတယ်။ ပြီးရင် မောင်တောမြို့နယ် မြောက်ပိုင်းက စခန်းတွေကို တောက်လျောက် တိုက်ခိုက်နေတာတွေ ရှိပါတယ်။ "
ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့ကို AA က ပြီးခဲ့တဲ့အပတ်က
သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြေညာအပြီး၊ မြို့တော် စစ်တွေအပေါ်
ပိုခြိမ်းခြောက်မှု များလာတာကိုလည်း ဦးခိုင်မြတ်ကျော်က ထောက်ပြပါတယ်။
"
ဒီ ပုဏ္ဏားကျွန်းလည်း AA လက်ထဲကို ရောက်သွားပါပြီ။ စစ်တွေ အရှေ့ဘက်က
ပေါက်တောမြို့လည်း AA လက်ထဲ ရောက်သွားပါပြီ။ ရသေ့တောင်လည်း AA လက်ထဲကို
ကျသွားတယ်ဆိုရင်တော့ စစ်တွေမြို့က အထီးကျန်နေခဲ့မှာပေါ့။ စစ်တွေလည်း
စစ်ရေးအားဖြင့် စိုးရိမ်လာရတဲ့ အနေအထားလို့ ပြောလို့ ရပါတယ်။ "
အခုလို
စစ်တွေကို ဝိုင်းပတ်လာတဲ့တိုက်ပွဲက ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ရဲ့
လောက်ကိုင်မြို့ကြီးနဲ့ ကယားပြည်နယ် မြို့တော်လွွိုင်ကော်ကို ဝိုင်းပတ်တဲ့
တိုက်ပွဲတွေနဲ့ကွာတာကိုလည်း ဦးခိုင်မြတ်ကျော်က ခုလို သုံးသပ်ပါတယ်။
"
ခု လောက်ကိုင်ကတော့ စစ်ကောင်စီနဲ့ သူတို့ကြားမှာ နားလည်မှု ရသွားတဲ့အတွက်
အဲဒီမှာတော့ တိုက်ပွဲဖြစ်တာ ဘာညာ မရှိဘူးပေါ့။ လွိုင်ကော်မှာကတော့
လိွုင်ကော်ကိုရဖို့ တိုက်ခိုက်နေတာတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ ဒီဘက်မှာ
မတူတာကတော့ ရခိုင်ပြည်နယ်တခုလုံးကို AA က သိမ်းသွားနိုင်တဲ့အနေအထားမျိုး
ဖြစ်နေတာပေါ့။ စစ်တွေမြို့ကိုလည်း သူတို့က ဆက်သိမ်းမှာပေါ့။ ပြီးရင်
ကျောက်ဖြူတို့ အမ်း တို့ကို တိုက်မှာပေါ့။ တောင်ပိုင်းမှာဆိုရင်လည်း
စစ်တပ်က တပ်ရင်း ၁၂ ရင်းလောက်ပဲ ရှိတော့တယ်။ အမ်း၊ ကျောက်ဖြူ၊ ဂွ၊ သံတွဲ
တောင်ကုတ်ရယ်ပေါ့ အင်အားက သိပ်မရှိတော့ဘူး။ "
ရခိုင့်တပ်တော် AA က သိမ်းဆည်းခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့က စခန်းတခု။ (ဓါတ်ပုံ_AA Info Desk
" တန်ပြန် တော်လှန်ရေးပေါ့ဗျာ။ အဲသလိုပုံစံမျိုးတွေ လုပ်တာ ရှိတာပေါ့။ ထင်ရောင်ထင်မှား ဖြစ်အောင် လုပ်တာရှိတာပေါ့။ အဓိက ဥပမာ− စစ်တွေမြို့ထဲမှာ လက်နက်ကြီးနဲ့ ပစ်တယ်၊ လူ ၅ ယောက်သေတယ် ၉ ယောက်လောက် ဒဏ်ရာရတယ်။ ပြီးရင် နောက် စစ်တွေမြို့မဈေးကြီးကို လက်နက်ကြီးကျည် ကျတဲ့အတွက် ၂၁ ယောက်လောက်သေတယ်။ ပြီးရင် လူပေါင်း ၃၀ ကျော် ၄၀ လောက် ဒဏ်ရာရတာပေါ့နော်။ အခုတခါ ပတ်တလိန်းမှာရှိတဲ့ စာသင်ကျောင်း − စာမေးပွဲဖြေတဲ့နေရာကို ပစ်ခတ်တာတွေလည်း ရှိတာပေါ့။ ဒေသခံလူထုတွေကို မေးကြည့်တဲ့ခါကျတော့ ဒါတွေအားလုံးက စစ်ကောင်စီ လုပ်တယ်ဆိုြပီးတော့ အမြင်တွေရှိကြတာပေါ့။ ဘာလို့လဲဆိုတော့ AA က ဒီလိုလုပ်စရာအကြောင်းမရှိသလို ၊ သူတို့မှာ အဲဒီလောက် လက်နက်ကြီးတွေလည်း မရှိဘူးဆိုတဲ့ သုံးသပ်ချက်တွေ ရှိတာပေါ့။ "
ဒီ အပေါ် စစ်ကောင်စီ ပြောခွင့်ရကတော့ အခုလို ပြန်တုံ့ပြန်လိုက်ပါတယ်။
" စစ်တွေ မြို့မဈေးကိစ္စနဲ့ပတ်သက်ပြီး − တပ်အနေနဲ့က ဒါ စစ်တွေမြို့ထဲနဲ့ စစ်တွေမြို့ ဝန်းကျင်မှာ တပ်တွေရှိနေတာလည်း တွေ့ရမှာြဖစ်ပါတယ်။ ဒီနေရာတွေမှာ လုံခြုံရေး ယူပေးထားတာတွေ တွေ့ရမှာဖြစ်တယ်။ လက်နက်ကြီး ပစ်ခတ်မှုသည် AA ကနေပြီးတော့ကျ ဒါ အဝေးကနေပြီး ပစ်ခတ်နေတာမျိုးတွေ ရှိတယ်။ ရမ်းသမ်းပစ်ခတ်နေတာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ မြို့နဲ့ မြို့လုံခြုံရေး ယူပေးထားတဲ့ တပ်မတော် အနေနဲ့က ကျနော်တို့ လုံခြုံရေး ယူပေးထားတဲ့ နေရာတွေကို ပြန်လည်ပစ် ခတ်စရာအကြောင်း မရှိဘူး။ အဝေးကနေ AA က ပစ်ခတ်ပြီး ဒါသည် တပ်ကနေ ပစ်ခတ်သယောင် လုပ်ကြံဖန်တီးတာသာဖြစ်တယ်။ "
တကယ်တော့် ဒီလ ၂၇ ရက် စစ်ကောင်စီတပ်မတော်နေ့ မတိုင်ခင်နဲ့ ရခိုင်တပ်တော် ထူထောင်တဲ့နေ့ ဧပြီ ၁၀ ရက် မတိုင်ခင်၊ ဒီမှာက ရှမ်းမြောက်စစ်ဆင်ရေးမှာလို တရုတ်နယ်စပ်နဲ့ မနီးဘဲ၊ တရုတ်အနေနဲ့ ဖိအားပေးနိုင်မှုနည်းတာကြောင့်၊ ဒိမတိုင်ခင် ရသလောက်သိမ်းမယ့် ပြန်တိုက်မယ့် ဒီတိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်သူတွေက ပြောနေကြပါတယ်။
No comments:
Post a Comment