" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 20, 2024

အမ်း-တောင်ကုတ် အဝေးပြေးလမ်းကို အကြမ်းဖက်စစ်ကောင်စီက ဘတ်ဟိုးဖြင့် ဖျက်ဆီး ဖြတ်တောက်

Arakan Bay News
ABN-004
March 19, 2024

ရက္ခိုင်ပြည်ရှိ အမ်း-တောင်ကုတ်အဝေးပြေးလမ်းကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ယနေ့ မတ်လ ၁၉ရက်နေ့၊ နံနက် ၈နာရီခွဲအချိန်တွင် ဘတ်ဟိုးဖြင့် တူးဖော်ဖျက်ဆီး ဖြတ်တောက်လိုက်ကြောင်း ဒေ သခံများက အတည်ပြုပြောဆိုသည်။


အမ်း-တောင်ကုတ်လမ်းရှိ ကုတ်မောင်တန်ဂိတ်အလွန်တွင် အဝေးပြေးလမ်းမကြီးအား စစ်ကောင်စီက ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“တောင်ကုတ်မြို့နဲ့ ၂မိုင်အကွာမှာ လမ်းမကြီးကို ဘတ်ဟိုးဖြင့် ဖျက်ဆီးထားတာတွေ့ရတယ်။ လုံးဝကို သွားလို့ မရတော့ဘူး။


အခုဆိုရင် တောင်ကုတ်မြို့ကို သွားလို့ မရတော့ဘူး” ဟု ဆို သည်။

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်လေ့ရှိသည်ကိုလည်း တွေ့ရသည်။

ထိုလမ်းမှာ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ကျောက်ဖြူ ဖက်သို့ပါ ဆက်သွယ်ထားသည့် လမ်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မောင်တောမြို့မြောက်ပိုင်း နခခ ( ၁) လက်အောက်ခံ အောင်မင်္ဂလာကျေးရွာတွင်အခြေချတပ်စွဲထားသည့် စစ်ကောင်စီကင်းစခန်းမှ တပ်ဖွဲ့ဝင် ၁၉ ဦးသည် မောင်တော-ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဖောက်လုပ်ထားသည့် အာရှလမ်းမကြီးကို ဖျက်ဆီးခဲ့သည်။

အမ်းမြို့နယ်ရှိ အမ်း-စစ်တွေ ကားလမ်းမဖြစ်သည့် ကျောက်စကွဲရွာအနီးရှိ တံတားနှင့် မီးလောင်ချောင်း ရွာအနီးရှိ တံတားများကို စစ်ကောင်စီအဖွဲ့က မတ်လ ၁ရက်နေ့တွင် ဖျက်စီးခဲ့​သည်။

ထို့အပြင် အမ်း-တပ်တောင်ကြားရှိ လုံးကျေးရွာ အဝင်ဘက်ရှိ တံတားနှင့် အထွက်ဖက်ရှိ တံတားများကိုလည်း စစ်ကောင်စီက ဘက်ဟိုးစက်ကြီးဖြင့် ဖြိုချ ဖျက်ဆီးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညဥ့် ၉ နာရီ၊ ၂၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီက မအီမြို့၊ မအီချောင်းတံတားနှင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ကျောက်ဖြူဖက်သို့ သွားသည့် လမ်းမကြီးတွင်ရှိသော ကျောက်ကြီးပေါက်ချောင်းတံတားကို ဖျက်ဆီးခဲ့သည်။

ကျောက်တော်မြို့အနီး ကစ္ဆပနဒီတံတားနှင့် စစ်တွေမြို့နယ်ရှိ အမြင့်ကျွန်းတံတားတို့ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ရက်နေ့က အကြမ်းဖက် စစ်ကောင်စီအဖွဲ့က Y12 စစ်ထောက်ပို့ လေယာဥ်ဖြင့် ဗုံးကြဲ ဖျက်ဆီးခဲ့သည်။

ရက္ခိုင်တွင် တိုက်ပွဲ စဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှစပြီး ပြည်သူများအား ခရီးသွားလာခွင့်များကို စစ်ကောင်စီက ပိတ်ပင်ထားခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */