B B C
ဘီဘီစီမြန်မာပိုင်း
၂၄ ဇန္နဝါရီ ၂၀၂၃စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံ၊ တာဝန်ယူစေဖို့ တိုင်ကြားသူ ၁၆ ယောက်နဲ့ လူ့အခွင့် အ ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Fortify Right တို့က နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို အသုံးပြုပြီး တောင်းဆိုခဲ့တယ်လို့ Fortify Right က ဒီနေ့ ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
စာမျက်နှာ ၂၁၅ မျက်နှာပါ တိုင်ကြားချက်နဲ့အတူ စာမျက်နှာ ၁၀၀၀ ကျော်ပါတဲ့ နောက်ဆက်တွဲစာရွက်စာတမ်း တွေကို ဂျာမနီနိုင်ငံ ပြည်ထောင်စုအစိုးရရှေ့နေဆီ ဇန်နဝါရီ ၂၀ ရက်မှာ တိုင်ကြားခဲ့ကြတာပါ။