" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Monday, September 6, 2021

အဒူလာကိန်းဓါးမြအဖွဲ့ထံ ဖမ်းဆီးခံ ပဒင်းအုပ်ချုပ်ရေးမှူး ဘင်္ဂလာငွေ ၃ သိန်း အာမခံဖြင့် လွတ်မြောက်လာ

DMG
Sep 4, 2021
မောင်တော

မောင်တောမြို့နယ်၊ ပဒင်း(မွတ်ဆလင်) ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီ အဒူလာကိန်းဓါးမြ အဖွဲ့ထံ ရက်ပေါင်း ၂၀ ခန့် ဖမ်းဆီးခံရပြီးနောက် ဘင်္ဂလာငွေ ၃ သိန်း အာမခံဖြင့်စက်တင်ဘာလ ၃ ရက်နေ့ နံနက်အာရုဏ်တွင် လွတ်မြောက်လာကြောင်း သိရသည်။

Saturday, September 4, 2021

မြန်မာနိုင်ငံ သမိုင်းကြောင်း၊ အာဏာသိမ်းပွဲများနှင့် ရွေးကောက်ပွဲများ(၂)

Frontier MYANMAR
ဂျာရတ် ဒေါင်းနင်း ရေးသားသည်။
June 25, 2016
( For Reference only )
လက်ရှိမြန်မာနိုင်ငံကို ပုံဖော်လိုက်သော ရှုပ်ထွေးပွေလီမှုများနှင့် ပြည့်နှက်နေသည့် သမိုင်းအကျဉ်း (ဒုတိယပိုင်း)
ဓာတ်ပုံ - ဂူးဂဲ
၁၉၈၈

လူထုအုံကြွတော်လှန်မှုဆီသို့

မြန်မာနိုင်ငံ၏ တချိန်က အောင်မြင်ခဲ့သော စီးပွားရေးအခြေအနေမှာ မှေးမှိန်ပျောက်ကွယ်လုနီးပါး အိပ်မက် တစ်ခုသာ ဖြစ်တော့သည်။ တိုင်းပြည်မှာ စစ်အေးတိုက်ပွဲမှ ကောင်းစွာ ရှောင်ရှားနိုင်သည့်တိုင် စီးပွားရေးနှင့် နိုင်ငံရေးတွင် ချွတ်ခြုံကျသွားခဲ့ရသည်။ ဗိုလ်ချုပ်နေဝင်းမှာလည်း တနှစ်ထက်တနှစ် ယုံမှားသံသယ ဖြစ်စိတ် နှင့် အဆင်အခြင်မဲ့ အကြောက်တရားတို့ ကြီးသထက်ကြီးလာတော့သည်။ ၎င်း၏နောက်လိုက် လက်စွဲတော် များက တိုင်းပြည်၏ ပကတိအနေအထားကို အထူးတလည် အကောင်းမြင်အောင် ဝိုင်းဝန်းဖန်တီးထားကြ သ ဖြင့် ဗိုလ်ချုပ်နေဝင်းမှာ သူ၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ ယုံကြည်စိတ်ချထားမိတော့ကြောင်း နှောင်းပိုင်းဝေ ဖန်စောကြောမှုများ ရှိလာသည်။ အခြားသူများကမူ ၎င်းသည် အာဏာကို နည်းလမ်းပေါင်းစုံဖြင့် ဆုပ်ကိုင်ထား ခြင်းသာ ဖြစ်ကြောင်း ဆိုသည်။ ၁၉၈၈ ခုနှစ်၌မူ မြန်မာနိုင်ငံသည် အပြောင်းအလဲတစ်ခုသို့ ရောက်ရှိသွားသည်။

တော်လှန်ရေးကောင်စီအစိုးရခေတ် (March 2, 1962)

ISP Peace Desk 

( For Reference Only )

သမိုင်းအတွေ့အကြုံ

အိမ်စောင့်အစိုးရ ဦးဆောင်ပြုလုပ်ပေးခဲ့သည့် ၁၉၆၀ ဧပြီ ရွေးကောက်ပွဲတွင် ဦးနု၏ ပြည်ထောင်စုပါတီက ဆန္ဒမဲအားလုံး၏ ၅၂ ဒသမ ၇ ရာခိုင်နှုန်း အနိုင် ရရှိခဲ့ပြီး လွှတ်တော်အမတ်နေရာ ၂၅၀ အနက် ၁၅၇ နေရာ အထိ အနိုင် ရရှိ ခဲ့သည်။ တည်မြဲဖဆပလမှာ အမတ်နေရာ ၄၂ နေရာသာ အနိုင်ရရှိခဲ့ပြီး ကျန်နေရာများကို ပါတီငယ် များ၊ ရှမ်းနှင့် ရခိုင်တိုင်းရင်းသားပါတီများက ရရှိခဲ့သည်။


ဦးနု ဦးဆောင်သည့် ပြည်ထောင်စုပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရ ခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်နယ်များ ဖွဲ့စည်းရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။


ယင်းနောက် ၁၉၆၂ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖက်ဒရစ်ပြည်ထောင် စု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် နိုင် ရေး အတွက် အမျိုးသားညီလာခံ ခေါ် ယူကျင်းပခဲ့ပြီး မတ်လ ၁ ရက်နေ့ တွင် ဖက်ဒရယ်မူဆွေးနွေးပွဲကြီးကို မြန်မာ့အသံအသံလွှင့်ရုံခန်းမကြီးတွင် ကျင်းပခဲ့သည်။

၁၉၈၈ တတိယ စစ်အာဏာသိမ်းမှု

B B C

ဘီဘီစီမြန်မာပိုင်း             ( For Reference Only )
ဆောင်းပါးရှင်
ဦးမျိုးသစ်
၁၇ စက်တင်ဘာ ၂၀၁၇

ကြေညာချက်အမှတ် ၁/၈၈ ဖြင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်း၊ ဓာတ်ပုံ ရင်းမြစ်, AFP

၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့ဟာ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာ တတိယ အကြိမ် စစ်အာဏာ သိမ်းမှုကြီး လို့ သတ်မှတ် ခေါ်ဆို လို့ ရတဲ့ တပ်မတော် အာဏာ သိမ်းမှု ကြီး ဖြစ်ပွားခဲ့တာ အခုဆိုရင် အနှစ် ၃ဝ ရှိခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် စစ်အာဏာသိမ်းမှု ကြီးက ၁၉၅၈ခုနှစ် စက်တင်ဘာ မှာ ပေါ်ပေါက်ခဲ့ပြီး ရ လဒ်အဖြစ် အိမ်စောင့် အစိုးရ ဆိုတာ ပေါ်ပေါက် ခဲ့ပါတယ်။

အိမ်စောင့် အစိုးရ အနေနဲ့ ၁၉၆ဝခုနှစ် ဧပြီလ အထိ (၁၈) လတာ တိုင်းပြည် အာဏာ ကို ထိန်းသိမ်း ခဲ့ပါ တယ်။

မြန်မာ့ အာဏာသိမ်းမှု ဖြစ်စဉ်နှောင်းပိုင်း မြန်မာ-တရုတ် ဆက်ဆံရေး၏ ပထဝီဝင်နိုင်ငံရေး: မြန်မာ့အာဏာသိမ်းမှု ဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ မဟာဗျူဟာ‌မြောက်တွက်ချက်မှု များ

BY TEACIRCLEOXFORD
POSTED ON JULY 26, 2021

 ( For Reference Only )

အောက်ပါ ဆောင်းပါးအား Tea Circle တွင် ဇွန်လ ၇ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဆောင်းပါးရှင် Julian (ကလောင်အမည်) သည် ယခု ဆောင်းပါးတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထား ရှိ သော ပထဝီနိုင်ငံရေးဆိုင်ရာ တွက်ချက်မှုများနှင့် ရည်မှန်းချက်များကို ဆွေးနွေးရေးသားထားသည်။

မြန်မာ့စစ်အာဏာသိမ်းမှု စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်ဆန္ဒပြသူများနှင့် အများပြည်သူတို့သည် မြန်မာပြည် စစ်အာဏာသိမ်းမှုဖြစ်စဉ်တွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ လျှိူ့ဝှက်စွာ အားပေးအားမြှောက်ပြုခြင်းများ ရှိခဲ့သည်ဟု သံသယများ ရှိနေကြသော်လည်း တရုတ်နိုင်ငံကမူ ထိုအချက်ကို ငြင်းဆိုသည်။ ၎င်းသံသယဖြစ်စဉ်များအနက် တစ်ခုမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မှ ကူမင်းသို့ ပျံသန်းပြေးဆွဲသော ပစ္စည်းတင် လေကြောင်းလိုင်းများဖြစ်ပြီး နှစ်နိုင်ငံစလုံးကမူ ၎င်းပျံသန်းမှုများသည် ပုံမှန် ပင်လယ်စာ သယ်ယူပို့ဆောင်သည့် ခရီးစဉ်များဟုသာ တုန့်ပြန်ခဲ့ကြသည်။ ထိုဖြစ်ရပ်များကြောင့် တရုတ် နိုင် ငံအနေဖြင့် နည်းပညာများနှင့် ကျွမ်းကျင်သူများကို မြန်မာ့ အာဏာသိမ်း စစ်ခေါင်းဆောင်များအား ပံ့ပိုးပေးနေ ကြသလော စသည့် မှန်းဆမှုများ တိုးပွားလာခဲ့သည်။

Friday, September 3, 2021

တရုတ်ရဲ့ထောက်ပံ့မှုတွေပေါ်မှာ မှီခိုအားထားမယ်လို့ တာလီဘန်အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ဆို

Myanmar Muslim Media
ဘာသာပြန် သတင်း
စက်တင်ဘာ ၃၊ ၂၀၂၁ 

အာဖဂန်ကနေ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေရုပ်သိမ်းသွားမှုနဲ့ နိုင်ငံကိုသိမ်းယူနိုင်ပြီးနောက် တာလီ ဘန် အဖွဲ့ဟာ တရုတ်ဆီကနေ ဘဏ္ဍာရေးပိုင်းအဓိကမှီခိုအားထားရလိမ့်မယ်လို့ တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟွလ္လာ မူဂျာဟစ်က အီတလီသတင်းစာတစ်ခုကိုပြောကြားခဲ့ပါတယ်။

ကြာသာပတေးနေ့ကထုတ်ဝေခဲ့တဲ့ La Repubblica နဲ့အင်တာဗျူးမှာ မူဂျာဟစ်က တာလီဘန် တွေဟာ တရုတ်ဆီကအကူအညီနဲ့အတူ စီးပွားရေးပိုင်းပြန်လည်ထူထောင်ဖို့လုပ်ဆောင် သွား မယ် လို့ ပြောကြား ခဲ့ပါ တယ်။ သြဂုတ်လ ၁၅ရက်နေ့မှာ တာလီဘန်တွေက အာဖဂန်မြို့ေ တာ် ကဘူးလ်ကို သိမ်းယူထိန်း ချုပ်ခဲ့ပြီး နောက် နှစ်၂၀ကြာစစ်ပွဲကုအဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့် လည်း စီးပွားရေးပြိုလဲမှုတွေ အငတ်ဘေးဆိုက်မှု တွနဲ့ပတ်သက်ပြီး ကြောက်ရွံ့ပူပန်မှုတွေ ရှိ နေပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ရခိုင်ပြည်အလား အလာ

DMG
မင်းထီး ရေးသားသည်
ရက္ခိုင့်တပ်တော် တပ်မှူးချုပ်နဲ့ အာရက္ခမီဒီယာတို့ တွေ့ဆုံမေးမြန်းခန်းတစ်ခုကို သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ အဲဒီအင်တာဗျူးမှာ အေအေတပ်မှူးချုပ်က တော်လှန်ရေးကို အဆင့်လေး ဆင့် နဲ့ ခွဲခြားသတ်မှတ်မည်ဆိုပါက လက်ရှိအချိန်မှာ အဆင့်သုံးကိုရောက်ရှိနေပြီလို့ ဖြေကြားခဲ့ပါတယ်။ အဲဒီအ ဆင့် လေးဆင့်ကတော့ တော်လှန်ရေးအစပြုကာလ၊ နှစ်ဘက်အားပြိုင်မှုကာလ၊တစ်ပြည်လုံးကိုသိမ်းဆည်း     တဲ့ ကာလနဲ့ နိုင်ငံတည်ဆောက်ရေး(State Building)ကာလလို့ ဆိုပါတယ်။

တစ်ပတ်အတွင်း ရခိုင်သတင်းများ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု

DMG
Development Media Group
သြဂုတ် ၂၃

■ ရခိုင်ပြည်တွင် မိုးနည်းနေသော်လည်း ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့တွင် စိုးရိမ်ရေမှတ်ထက်ကျော်လာ ပါကာ ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားခဲ့သည်။

■ မောင်တောမြို့နယ် မြောက်ပိုင်းမှာ ရေဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့ရသည့် ရွာချင်းဆက်တံတား (၇) စင်းထဲမှ (၆) စင်းမှာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

■ ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကာလအတွင်းက မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာ တို့မှ နေအိမ် ၁၄၈ အိမ်နှင့် သေဆုံးခဲ့ရသူ အမျိုးသား ၂ ဦးတို့အတွက် ဝမ်းနည်းခြင်း တစ်နှစ်ပြည့်အထိမ်း အ မှတ်အဖြစ် သြဂုတ်လ ၂၃ ရက်နေ့ ညရှစ်နာရီတွင် ရွာလုံးကျွတ်ဆီမီးထွန်းမှုများ ပြုလုပ်ခဲ့ကြသည်။

■ မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်လှိုင်ဝင်းကို သြဂုတ်လ ၂၃ ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း ကိုဗစ်ကာလ ရုံးပိတ်ရက်ဖြစ်နေ သည့်အတွက် စစ်ဆေးမေးမြန်းခြင်းမရှိခဲ့ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းခဲ့သည်။

Thursday, September 2, 2021

မောင်တောတွင် လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့ တိုက်ခိုက်မှု ကြောင့် ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

ဧရာဝတီ
2 September 2021
ရခိုင်ပြည်နယ် မောင်တောမြို့

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင် မွတ်စလင်ကျေးရွာအတွင်း မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ကျေးရွာ တာဝန်ခံ ၁ ဦး သေဆုံးကာ ၂ ဦးမှာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရ သည်။

ယနေ့ (စက်တင်ဘာလ ၂ ရက်) နံနက် ၁ နာရီ ဝန်းကျင်ခန့်က ပန်းတောပြင်မွတ်ဆလင် ကျေးရွာတာဝန်ခံ မူဟီးဘူရာမာန် (၄၈ နှစ်) နေအိမ်သို့ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း ပန်းတောပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအဏ္ဏာဝါက ပြောသည်။

Wednesday, September 1, 2021

မောင်တောက အဖမ်းခံရတဲ့ ရိုဟင်ဂျာအုပ်ချုပ်ရေးမှူး နှစ်ရက် အတွင်း သေဆုံး

RFA
လွတ်လပ်တဲ့အာရှအသံ
2021-09-01

ရခိုင်ပြည်နယ်၊ မောင်တောမြို့က ဈေးကြီးကို မြင်တွေ့ရစဉ်
Photo: RFA


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဦးရှည့်ကျကျေးရွာက ရိုဟင်ဂျာအုပ်ချုပ်ရေးမှူး ဦးရူဘီအာလောမ်ကို သြ ဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့ မနေ့က မောင်တောမြို့နယ် ဆေးရုံကို ရုပ်အလောင်းလာပို့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက RFA ကိုပြောပါတယ်။

Tuesday, August 31, 2021

စစ်တွေက ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းကျော် စားဝတ်နေ ရေးခက်ခဲနေ

RFA
လွတ်လပ်တဲ့အာရှအသံ
ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021-08-31
စစ်တွေမြို့နယ် သဲချောင်း မွတ်စလင်ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနောက်ဘက်က ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တစ်စုနီးပါးကြာ ထွက်ပြေး ခို လှုံနေကြရတဲ့ ရိုဟင်ဂျာ တစ်သိန်းကျော်ဟာ  လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကာလအတွင်း ဒုက္ခ သည် စခန်းတွေမှာ စားဝတ်နေရေး အခက်အခဲတွေအပြင် အလုပ်အကိုင် အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေ ကြရတယ် လို့ ဒုက္ခသည်တွေက RFA ကို ဒီနေ့ပြောပါတယ်။

အခုလက်ရှိ သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဦးမောင်ကျော်စိန်က စခန်းထဲမှာ စားဝတ်နေရေး လည်း အဆင်မပြေလည်သလို အလုပ်အကိုင်တွေလည်း မရှိတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြ   ရတယ်လို့ ပြောပါတယ်။

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) သြဂုတ်လ၊ ၂၀၂၁

အသံဖိုင်များကို " နံနက်ပိုင်း/ ညနေပိုင်း" တွင်ကလစ်နှိပ်၍ နားဆင် နိုင်ပါသည်။
အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင်နိုင်ပါသည်။

ရက်စွဲ့
သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်း အစီအစဉ်
31.08.2021
VOA
VOA
VOA
31.08.2021
BBC
BBC
BBC
31.08.2021
RFA
RFA
RFA

ရိုဟင်ဂျာလူမျိုးမရှိဘူး သတ္တိရှိရှိပြောဖို့ စစ်ကောင်စီက ဝန်ထမ်းတွေကို ညွှန်ကြား

RFA
လွတ်လပ်တဲ့အာရှအသံ
2021-08-31 

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၁ ဩဂုတ် ၃၀ ရက်နေ့က တွေ့ရစဉ် Photo: Myanmar Military

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိဘူးလို့ ရဲရဲဝံ့ဝံ့ထုတ်ပြောကြဖို့ စစ်ကောင်စီက သူ့လက်အောက်ကဝန်ထမ်း တွေကို သြဂုတ်လအတွင်း လျှို့ဝှက်ညွှန်ကြားခဲ့ပါတယ်။

RFA က ရရှိထားတဲ့ အဲဒီညွှန်ကြားချက်မှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုးရှိပြီး ရိုဟင်ဂျာလူမျိုးမရှိဘဲ သူတို့ဟာ ဘင်္ဂါလီတွေသာဖြစ်တယ်လို့ သတ္တိရှိရှိထုတ်ဖော်ပြောဆိုကြဖို့၊ လက်နက်ကိုင်ဆောင်ပစ်ခတ်မှုတွေနဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေကို ထိထိရောက်ရောက်တားဆီးဖို့၊ ရပ်ကွက်အတွင်း လူစိမ်းအဝင်အထွက်ရှိ မရှိနဲ့ ဧည့် စာရင်းစစ်ဆေးဖို့၊ CDM လုပ်ပြီး တာဝန်ပြန်လည်ထမ်းဆောင်သူတွေဟာ Non CDM တွေကို ခြိမ်းခြောက် ဖိနှိပ်တာတွေလုပ်နေလို့ ဖော်ထုတ်အရေးယူဖို့၊ ကိုယ်တိုင် CDM မလုပ်ပေမယ့် CDM ကိုလက်ခံပြီး လက် အောက်ငယ်သားတွေကို ခြိမ်းခြောက်အကျပ်ကိုင်တာတွေကို ဖော်ထုတ်ဖို့ စတဲ့အချက်တွေ အပါအဝင် အ ချက် ၁၃ ချက်ပါဝင်ပါတယ်။

အာဖဂန်ကျဆုံးခြင်း မြန်မာ လာဂယက်ထ

ဧရာဝတီ
Naw Theresa
31 August 2021ဩဂုတ်လ ၁၆ ရက် ကဘူးလ်လေဆိပ်တွင် တွေ့ရသည့် အာဖဂန်မိသားစုတစု / Getty Image

အမေရိကန်ကျောထောက်နောက်ခံပြု အာဖဂန်နစ္စတန် တာလီဘန်တို့လက်သို့ ကျရောက်သွားခြင်းသည် ကမ္ဘာ တဝှမ်းတွင် ရိုက်ခတ်မှုများဖြစ်စေခဲ့သည်။ အာဖဂန်အမျိုးသားတပ်မတော် (ANA) အလျှင်အမြန်ပြို လဲ သွားခြင်း ၊ သမ္မတအက်ရှ်ရက်ဖ်ဂါနီ ထွက်ပြေးရခြင်းနှင့် နောက်ဆက်တွဲ ဖရိုဖရဲအခြေအနေများသည် ခန့်မှန်း မရတော့ သည့် ဒေသတွင်းလုံခြုံရေးအခြေအနေတွင် အမေရိကန်အပေါ် ယုံကြည်အားထားနိုင်မှုအပေါ် အရိပ် မည်းထိုး ကျေ စသည်။

ယေန့ သတင်း( အမြန်ရှာရန် )သြဂုတ်လ၊၂၀၂၁

ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။ 

31.08.2021

စစ်တွေက ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းကျော် စားဝတ်နေရေးခက်ခဲနေ - RFA

ရန်ကုန်မှာ အမျိုးသမီးတွေဦးဆောင်ပြီး ဆန္ဒပြချီတက် - VOA

ရှမ်းမြောက်မုံးကိုးဒေသ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၇၀၀ မုံးကိုးမြို့ တွင်းခိုလှုံ  -VOA

နိုင်ငံရေးပါတီတွေရဲ့ ဘဏ္ဍာရေး၊ ပိုင်ဆိုင်မှု၊ လူအင်အား နဲ့ပတ်သတ်လို့ UEC စစ်ဆေး -VOA

ရခိုင်ပြည်နယ် မူဆလင်ဒုက္ခသည်စခန်း ကိုဗစ်ကာကွယ်ဆေးသတင်းယူခွင့် ကန့်သတ်ခံရ - VOA

အကြမ်းနည်း တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့ ရန်ကုန် - ဧရာဝတီ

မြန်မာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန် ဘယ်လိုကိုင်တွယ်နိုင်သလဲ- ဧရာဝတီ

မြစ်ငယ် CDM မီးရထားဝန်ထမ်း ၁၀၀၀ ကျော် ရာထူးမှထုတ်ပယ်ခံရ  - ဧရာဝတီ

မုံးကိုးတိုက်ပွဲ စစ်ကောင်စီဘက် ၁၅ ဦး ကျ လက်နက်ခဲယမ်း သိမ်းဆည်းရရှိ-ဧရာဝတီ

ကလေးမြို့တောင်ပိုင်း စစ်ကောင်စီနဲ့ PDF တို့  တိုက်ပွဲဖြစ်ပွား- RFA

ရန်ကုန်မြို့နယ်တချို့ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လုံခြုံရေးတင်းကျပ်တဲ့ကြား စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြ -VOA

စစ်ကောင်စီအစိုးရ ICJ အမှုရင်ဆိုင်ရေးလုပ်ရပ် ရိုဟင်ဂျာတို့အကျိုးမရှိနိုင်-VOA

သြဂုတ်လအတွင်း စစ်ကောင်စီဘက်က ၁၀၀ ကျော်သေတယ်လို့ KNLA တပ်မဟာ (၅) ထုတ်ပြန်- RFA

DNA သတင်းထောက်ဟောင်း ကိုမျိုးစံစိုး ဖမ်းဆီးခံရ- RFA

လှည်းကူးမြို့မှာ ရပ်ထားတဲ့ စစ်ကောင်စီကားပေါ် ပေါက်ကွဲမှုဖြစ်- RFA 

CDM ရဲတပ်သားရဲ့ဖခင် သဲဖြူဝရွာမကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ- RFA

မြန်မာအမြဲတမ်းကိုယ်စားလှယ်အတွက် ပြည်သူတွေဘက်က အလားအလာကောင်း- RFA

တိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့သား ဖမ်းဆီးစစ်ဆေးခံရ- RFA

စစ်ကောင်စီအစိုးရ ICJ အမှုရင်ဆိုင်ရေးလုပ်ရပ် ရိုဟင်ဂျာတို့အကျိုးမရှိနိုင်

VOA
ဗွီအိုအေမြန်မာပိုင်း
အင်ကြင်းနိုင်
31 သြဂုတ်၊ 2021

Link : Here

ယနေ့သတင်းစာများ ( ကြေးမုံ+ မြန်မာ့အလင်း )သြဂုတ်လ ၊၂၀၂၁

မြန်မာ့အလင်း သတင်းစာ

31.08.2021

 

Monday, August 30, 2021

စစ်တွေ မွတ်ဆလင်ဒုက္ခသည်စခန်းအချို့မှာ ကိုဗစ်ကာ ကွယ် ‌ဆေးထိုး

B B C
ဘီဘီစီမြန်မာပိုင်း
29-08-2021

ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ဖွင့်လှစ်ထားတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို တရုတ် နိုင်ငံထုတ် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးပေးနေပြီလို့ ကိုယ်တိုင်ဆေးထိုးခဲ့ရသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

Friday, August 27, 2021

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးမယ်လို့ စစ်ကောင်စီပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2021-08-27

စစ်တွေမြို့က မွတ်စလင်ဘာသာဝင်တွေကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်Photo: RFA

ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာတွေအတွက်ပါ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ စစ်ကောင်စီ ပြန်ကြား ရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ဩဂုတ်လ ၂၇ ရက်နေ့ နေပြည်တော်က သတင်း စာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */