" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts
Monday, May 10, 2021
နိုင်ငံရေးပါတီ စာရင်း
အောက်ဖော်ပြပါ စာရင်းထဲက ပါတီ တစ်ခုချင်းစီရဲ့ အကြောင်းကို က လစ်နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
၁။ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ
၂။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
၃။ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၄။ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ
၅။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ
၆။ ဒီမိုကရက်တစ်ပါတီ(မြန်မာ)
၇။ ကယန်းအမျိုးသားပါတီ
၈။ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ
၉။ ကရင်ပြည်သူ့ပါတီ
၁၀။ “ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ
အထူးအစီရင်ခံစာတင်သွင်းသူနှင့် အချက်အလက်ရှာဖွေ ရေးအဖွဲ့တို့နှင့် အပြန်အလှန် ဆွေးနွေးပွဲများ၌ မြန်မာအမြဲ တမ်းကိုယ်စားလှယ်က ပြန်လည်တုံ့ပြန်ပြောကြား
အထူးအစီရင်ခံစာတင်သွင်းသူနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့တို့နှင့် အပြန်အလှန် ဆွေးနွေးပွဲများ၌ မြန်မာ အမြဲတမ်းကိုယ်စားလှယ်က ပြန်လည်တုံ့ပြန်ပြောကြား
(၁၉-၉-၂၀၁၉ ရက်၊ ဂျီနီဗာမြို့)
ဂျီနီဗာမြို့၊ ကုလသမဂ္ဂအဆောက်အဦ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ (၄၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုနှင့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေေ ရး အဖွဲ့(FFM)၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ကို ၁၆-၉-၂၀၁၉ ရက်နှင့် ၁၇-၉-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံအပေါ် အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြုသဘော မေ ဆာင်သည့် ဝေဖန်သုံးသပ် ပြောကြားမှုများနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ မျှတမှုမရှိသည့် အစီရင်ခံစာ တို့နှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က တုံ့ပြန်ပြောကြားခဲ့သည်။
Friday, May 7, 2021
အခုစာမေးပွဲ အောင်ဖို့ လိုပါတယ်။
YU Open Political Society
@yuopenps · Political Organization
ဥသြ
May 7'2021
အခုဆို NUG ဟာ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာ(အထူးသဖြင့် အနောက်နိုင်ငံတွေ)ရဲ့ မေး ခွန်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စဟာ NUGရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအပေါ်မှာ ထားရှိတဲ့ သဘော ထား ကို စစ်လိုက်တဲ့ စာမေးပွဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကြောင့် အိမ်နီး ချင်း ဘင်္ဂလားဒေရှ့်နိုင်ငံကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးရတာဟာ အခုဆို လေးနှစ်နီးပါးရှိပြီဖြစ်ပါတယ် [i]။ ဒါပေမယ့် သူတို့အတွက် တရားမျှတမှုကို အခုအထိ ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံတ ကာ အထူးသဖြင့် OICနဲ့ အနောက်နိုင်ငံများက ရိုဟင်ဂျာတွေအပေါ်မှာ စစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေး ယူပေးဖို့ မြန်မာအစိုးရ(တစ်နည်း NLDအစိုးရ)ကို အစဉ်တစိုက် ဖိအားပေးလာခဲ့ပါတယ်။
Thursday, May 6, 2021
မြန်မာ့အရေး အမေရိကန် အထက်လွှတ်တော်နိုင်ငံခြား ရေးကော်မတီ ကြားနာပွဲ
VOA
ဗီွအိုအေမြန်မာပိုင်း
March 25
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ဘယ်လို တုံ့ပြန်သင့်သလဲ ဆိုတာ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ ကြားနာပွဲတရပ် ကျင်းပနေတာပါ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Atul Keshap၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အလုပ် သမားရေးရာ ယာယီ ဒု လက်ထောက်ဝန်ကြီး Scott Busby တို့နဲ့အတူ မြန်မာနိုင်ငံ လူ့အခွင့်အ ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews နဲ့ အမေရိကန်ပြည်ထောင်စု အမျို းသမီးရေးရာ သံအမတ်ကြီးဟောင်း Kelley Currie တို့ ဆွေးနွေးကြတာပါ။
Link : Here
NUG ကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ကန်အောက်လွှတ်တော်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို
VOA
05 မေ၊ 2021
အင်ကြင်းနိုင်
မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် NUG ကို အသိအမှတ်ပြုဖို့နဲ့ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာအစိုးရ ရန်ပုံငွေကို မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် NUG အနေနဲ့ ထိန်းချုပ်ခွင့်ပြုဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန်အောက်လွှတ်တော်အမတ်တွေကို တိုက်တွန်းလိုက်ပါတယ်။
အင်္ဂါနေ့က အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ ဗွီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်တဲ့ မြန်မာ့အရေး ကြားနာပွဲမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာ စစ်ဗိုလ်ချုပ်တွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေဟာ မြန်မာ့အကြပ်အတည်းဖြေရှင်းရာမှာ ထိရောက်တဲ့ နည်းလမ်းတခုဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
မြန်မာအစိုးရအဖွဲ့၏ မူဝါဒချမှတ်သော လုပ်ငန်းစဉ်များ
ကန်အောက်လွှတ်တော်ကြားနာပွဲ မြန်မာသံအမတ်ကြီး တင်ပြချက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကြိုဆို
VOA
05 မေ၊ 2021
အင်ကြင်းနိုင်
မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို အသိအမှတ်ပြုဖို့နဲ့ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီဆီ ငွေကြေးစီးဆင်းမှုတွေကို ချက်ခြင်းရပ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန်အောက်လွှတ်တော်အမတ်တွေကိုတိုက်တွန်း လိုက်ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။
Link : Here
ဘီဘီစီမြန်မာပိုင်း
မေလ ၅ ရက် ၂၀၂၁
ထွေအုပ်ကို ပြည်ထဲရေးအောက် ပြန်ပြောင်
NLD အစိုးရလက်ထက်မှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ကနေ ပြောင်းရွှေ့ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အခုအခါ ပြည်ထဲရေးလက်အောက်မှာ ပြန်ပြောင်းရွှေ့ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ နေ့စွဲနဲ့ စစ်ကောင်စီက ကြေညာပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၁၉အရအခုလို ပြောင်းရွှေ့ခဲ့တာလို့ အဲဒီအမိန့်ကြေညာချက်မှာ ပါရှိပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (ပြင်ဆင်ချက် မူကြမ်း)
မေလ (၃) ရက် ၂၀၂၁ ခုနှစ်
#ဥပဒေအထောက်အကူပြုကွန်ရက် Link : Here
ရိုဟင်ဂျာလူထုများအား နိုင်ငံသားဖြစ်ခွင့်မပေးပါက NUG အားအသိအမှတ်ပြုရန် ခဲယဉ်းကြောင်း အမေရိကန်ပြည် ထောင်စု အောက်လွှတ်တော်အမတ်များက ဖိအားပေးခြင်း နှင့်ဆက်စပ်လျက် ၎င်းတို့အား အဘယ်ကြောင့် နိုင်ငံသား ပေးသင့်ကြောင်း သုံးသပ်တင်ပြချက်။
Legal Aid Network
2021 May 5th Link :Here
Wednesday, May 5, 2021
ဖက်ဒရယ်တပ်မတော်ရဲ့အစိတ်အပိုင်း ပြည်သူ့ကာကွယ် ရေးတပ်ကို NUG ဖွဲ့စည်း
လွတ်လပ်တဲ့အာရှအသံ ( RFA )
2021-05-05
အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီး နေတဲ့အတွက် ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအမြုတေအဖြစ် “ပြည်သူ့ကာကွယ်ရေးတပ်” People Defence Force ကို စတင်ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ မေလ ၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကုလသမဂ္ဂ ကိုယ် စားလှယ် ဦးကျော်မိုးထွန်းကို အမေရိကန် ကွန်ဂရက်အမတ် ဘရတ်ရှာမန်းမေးမြန်းခဏ်း
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အမေရိကန် ကွန်ဂရက်အမတ် ဘရတ်ရှာမန်းမေးမြန်းခဏ်း
https://twitter.com/BradShe.../status/1389675308538859527...
မေး - အခုဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၂၈ယောက်မှာ ရိုဟင်ဂျာတစ်ယောက်မှ မပါဘူး။
(၁) ရိုဟင်ဂျာတွေကို အမျိုးသားညီညွတ်ရေးအစိုးရမှာ ထည့်ပေးဖို့ အစီအစဉ်ရှိလား။
(၂) မြန်မာပြည်နဲ့ ဒုက္ခသည်စခန်းမှာ မွေးတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပါမယ်လို့ NUGအစိုးရက ကြေညာမလား။ (ဘရက်အဒမ် အမတ်)
ဖြေ - အခုလို ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ကျနော်အထက်မှာ ပြောခဲ့တဲ့အတိုင်း စစ်အစိုးရကို အဓိက တိုက်ခိုက်ပြီးတဲ့နောက် ကျနော်တို့ဟာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို ပိုမိုကာကွယ်ပေးနိုင်တဲ့ အနေ အထားမှာ ရှိနေမှာဖြစ်တယ်။ (NUGအစိုးရ၏ ကုလသံ ဦးကျော်မိုးထွန်း)
မြန်မာ့အရေး အမေရိကန်ဦးဆောင်လှုပ်ရှားဖို့ မြန်မာသံအ မတ်တိုက်တွန်
လွတ်လပ်တဲ့အာရှအသံ ( RFA )
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-05-04
 အမေရိကန်ဟာ မြန်မာ့အရေးကို ကူညီဖြေရှင်းဖို့ ဦးဆောင်တဲ့နေရာကိုယူပြီး ပြတ်ပြတ်သားသား လုပ်ဆောင် ဖို့ လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ မနေ့ညနေက ကျင်းပခဲ့တဲ့ မြန်မာ့အရေး ကြား နာ စစ်ဆေးပွဲအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာနဲ့ အမေရိကန်ရဲ့ ကမ္ဘာ လုံးဆိုင်ရာ အမျိုးသမီးရေးရာ သံအမတ် မစ္စ ကယ်လီကာရီတို့က တက်ရောက်ပြီး အောက်လွှတ်တော်ကော် မတီဝင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။
စစ်ကောင်စီကို ဒဏ်ခတ်ပြီး ပြည်သူတွေကို စာနာမှုအ ထောက် အပံ့ပိုပေးဖို့ G-7 ကို ဗြိတိန် တိုက်တွန်းဖွယ်ရှိ
VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 မေ၊ 2021
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ အင်္ဂါနေ့က စတင်လိုက်တဲ့ ၂ ရက်ကြာ (G7) စက်မှုထိပ်သီး ၇ နိုင်ငံ အစည်း အဝေးအတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဆက်နွယ်နေသူတွေနဲ့လုပ်ငန်းတွေ ကို ဒဏ်ခတ်အရေးယူဖို့ အိမ်ရှင်ဗြိတိန်နိုင်ငံက တိုက်တွန်းလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။
စစ်လက်နက် ရောင်းချမှုတွေ တားမြစ်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် စာနာမှု အကူအညီတွေ တိုးမြှင့်ပေးအပ် နိုင်ရေး အတွက်လည်း နိုင်ငံခြားရေးဝန်ကြီး Dominic Raab က တိုက်တွန်းမယ့် အလားအလာရှိနေပါတယ်။
စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှု ချက်ချင်းဖြတ်တောက်ဖို့ ကန်အောက်လွှတ်တော်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း
VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 မေ၊ 2021
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းး။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - စက်တင်ဘာ ၂၃၊ ၂၀၂၀)
စစ်အာဏာသိမ်းထားတဲ့ မြန်မာ စစ်တပ် အပေါ်မှာ အမေရိကန်ဘက်က ပစ်မှတ်ထား ဒဏ်ခတ် အရေးယူဖို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ရာ ကော်မတီ ကြားနာပွဲမှာ တိုက်တွန်းပါတယ်။
“မြ၀တီဘဏ်၊ အင်းဝဘဏ်၊ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီ MOGE တို့ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ အမြန်ဆုံး ထည့်သွင်းသင့်ပါတယ်။ စစ်တပ်နဲ့ စစ်တပ် အဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ ဘဏ်စာရင်းတွေကို ထိန်းချုပ်ပြီး စစ်အုပ်ချုပ်ရေး အဖွဲ့၊ နောက် ပတ်သက် သူတွေထံ ငွေကြေး စီးဆင်းမှုတွေကို ချက်ချင်းဘဲ ဖြတ်တောက် သင့်ကြောင်းနဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံ မှုတွေကိုလည်း ဆိုင်းငံ့ထားသင့်ပါကြောင်း” ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က အင်္ဂါနေ့ အောက်လွှတ်တော် နိုင်ငံခြားရေး ရာ ကော်မတီ ကြားနာပွဲမှာ ပြောဆိုခဲ့တာပါ။
Sunday, May 2, 2021
အရေးပေါ် အခြေအနေမှာ သုံးစွဲနိုင်တဲ့ ESS နဲ့ မြန်မာ
2021-05-02
ကမ္ဘာမှာ အကြပ်အတည်းဆိုက်နေရတဲ့ နိုင်ငံတွေအတွက် “Responsibility to Protect (R2P)” လို့ခေါ်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးအစီအစဉ် ရှိသလို၊ ESS ခေါ် အထူးအရေးပေါ် အခြေအနေ အတွက် သုံးစွဲနိုင်တဲ့ အခွင့်အလမ်းတရပ်လည်း ရှိနေ ပါတယ်။
ဒီအကြောင်း RFA ဝိုင်းတော်သား ဦးသစ်ဆင်းက စုစည်းတင်ပြထားပါတယ်။
Link : Here
အာဏာရှင်စနစ် - မူလ၊ လက္ခဏာ၊ အကြောင်းရင်းနှင့် အကျိုးဆက်များ
အာဏာရှင်စနစ် ၎င်းသည်နိုင်ငံတော်အာဏာကိုအပြည့်အ၀ ကျင့်သုံးခြင်း၊ ကွဲပြားခြင်းများနှင့် ကန့်သတ် ချက် များကိုဖယ်ရှားခြင်းအပေါ်အခြေခံသည့်အယူအဆများ၊ လှုပ်ရှားမှုများနှင့်နိုင်ငံရေးအုပ်ချုပ်မှုအုပ်စုများဖြစ်သည်
ဖီးမားရှယ် အီဒီအာမင်ဒါဒါ: အာမင်၊ အီဒီ (ခရစ် ၁၉၂၅ ဖွား)
 ဖီးမားရှယ် အီဒီအာမင်ဒါ⁠ဒါသည် ၁၉၂၅ ခုနှစ်တွင် မွေးဖွား၍ ၁၉၇၁-ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှသည် ယနေ့တိုင် ယူဂန်းဒါနိုင်ငံ၏ သမ္မတဖြစ်သည်။ ဗြိတိသျှလက်အောက်ခံ ကိုလိုနီဘဝတွင် အာမင်စစ်ထဲဝင်၍ သာမန်စစ်သည် အဖြစ် အမှူထမ်းရာမှ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာတွင် ဗြိတိသျှဘက်မှ တိုက်ပွဲဝင်ခဲ့သည်။ စစ်တပ်သည် သာ သူ၏ဘဝကျောင်းရာ အလုပ်ခွင်ဖြစ်သည်နှင့်အညီ အာမင်သည် တပ် တွင်း၌ ၁ဝ နှစ်တိုင်တိုင် ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့၏။
မှတ်ပုံတင် ၄ သန်းနီးပါး ထုတ်ပေးမယ်လို့ စစ်ကောင်စီ ကြေညာ
B B C
ဘီဘီစီမြန်မာပိုင်း
02.05.2021
မှတ်ပုံတင်ဟာ မရှိမဖြစ်နီးပါးအရေးပါတဲ့ နေရာမှာရှိပေမဲ့ ရွေးကောက်ပွဲဥပဒေ မူဘောင်တွေအရတော့ မဲပေးခွင့်အတွက် မှတ်ပုံတင်ပြစရာမလိုဘဲ မဲစာရင်းမှာပါဖို့က အဓိက ဖြစ်ပါတယ်။
နိုင်ငံတဝန်း မှတ်ပုံတင် ၃ ဒသမ ၈ သန်းကျော် ထုတ်ပေးမယ့် ပန်းခင်းစီမံချက် ကို မေလ ၃ ရက်မှာ စတင်မယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တစ်နှစ်ခွဲ ကြာမယ့် ဒီစီမံချက်ဟာ ၂၀၂၂ နိုဝင်ဘာ ၃ ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။
ဒီစီမံချက်ဟာ စစ်ကောင်စီကကျင်းပပေးမယ်ပြောထားတဲ့ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင် မရှိဘဲ မဲပေးသူ ၄ ဒသမ ၆ သန်း ရှိတယ်လို့စိစစ်တွေ့ရှိရပြီး လာမယ့်ရွေးကောက်ပွဲအတွက် မှတ်ပုံတင်တွေလုပ်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က စစ်ကောင်စီအစည်းအဝေးမှာ ပြောပြီးတဲ့နောက် ဒီစီမံချက် ဖြစ်လာတာပါ။
ဒါကြောင့် ရွေးကောက်ပွဲဟာ ၂၀၂၂ နိုဝင်ဘာ ၃ ရက် မတိုင်ခင် ဖြစ်လာဖွယ်မရှိဘူးလို့ ယူဆနိုင်စရာရှိပါတယ်။
Saturday, May 1, 2021
အာဆီယံသဘောတူညီချက် NUG နဲ့ ထိစပ်အ ကောင် အထည်ဖော်ဖို့ SAC-M တိုက်တွန်း
VOA
ဗွီအိုအေ (မြန်မာဌာန)
30 ဧပြီ၊ 2021
မြန်မာ့အရေး အာဆီယယံအစည်းအဝေးနှင့်ပတ်သက်ပြီး ပြောဆိုနေသည့် အင်ဒိုနီးရှားသမ္မတ Joko Widodo ။ ဧပြီ ၂၄၊ ၂၀၂၁။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ အချက်ငါးချက်ပါ သဘောတူညီ ချက်အပေါ် အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိစပ်ပြီး ခိုင်မာတဲ့လုပ်ဆောင်မှုနဲ့ အကောင်အထည်ဖော်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */