" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 2, 2021

ဖီးမားရွယ္ အီဒီအာမင္ဒါဒါ: အာမင္၊( ဖီးမားရှယ် အီဒီအာမင်ဒါဒါ: အာမင်၊ )

ဖီးမားရွယ္ အီဒီအာမင္ဒါဒါ: အာမင္၊ အီဒီ (ခရစ္ ၁၉၂၅ ဖြား)

 ဖီးမားရွယ္ အီဒီအာမင္ဒါ⁠ဒါသည္ ၁၉၂၅ ခုႏွစ္တြင္ ေမြးဖြား၍ ၁၉၇၁-ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္ေန႔မွသည္ ယေန႔တိုင္ ယူဂန္းဒါနိုင္ငံ၏ သမၼတျဖစ္သည္။ ၿဗိတိသၽွလက္ေအာက္ခံ ကိုလိုနီဘဝတြင္ အာမင္စစ္ထဲဝင္၍ သာမန္စစ္သည္ အျဖစ္ အမႉထမ္းရာမွ ဒုတိယကမၻာစစ္အတြင္း ျမန္မာျပည္ စစ္မ်က္ႏွာတြင္ ၿဗိတိသၽွဘက္မွ တိုက္ပြဲဝင္ခဲ့သည္။ စစ္တပ္သည္ သာ သူ၏ဘဝေက်ာင္းရာ အလုပ္ခြင္ျဖစ္သည္ႏွင့္အညီ အာမင္သည္ တပ္ တြင္း၌ ၁ဝ ႏွစ္တိုင္တိုင္ ဟဲဗီးဝိတ္ လက္ေဝွ႕ခ်န္ပီယံ ျဖစ္ခဲ့၏။


၁၉၆၂ ခုႏွစ္တြင္ ယူဂန္းဒါး နိုင္ငံလြတ္လပ္ေရးရရွိၿပီးေနာက္ ဗိုလ္ခ်ဳပ္မႉး ရာထူးအထိ တိုးတက္ခန႔္ထားျခင္း ခံရသည္။ အီဒီအာမင္ႏွင့္ အေပါင္းပါ စစ္ဘက္ပုဂၢိဳလ္တို႔က စကၤာပူဓနသဟာယ အစည္းအေဝးသို႔ သမၼတအို ဘိုေတး တက္ေရာက္ေနစဥ္ အာဏာသိမ္းယူလိုက္ၾကသည္။ အာမင္သည္ အာဏာရသည္ႏွင့္ တစ္ၿပိဳင္နက္ ပါလီမန္ကို ဖ်က္သိမ္းသည္။ ၿမိဳ႕ျပအုပ္ခ်ဳပ္ေရးကို ရပ္ဆိုင္းသည္။ နိုင္ငံေရးလႈပ္ရွားမႈ အားလုံးကို အဆုံးသတ္၍ စစ္တပ္အား အထူးအာဏာမ်ား ေပးထားသည္။ စစ္ေသနာပတိ ရာထူးကိုပါ ပူးတြဲကိုင္ကာ စစ္တပ္ႏွင့္ နိုင္ငံကို အုပ္ခ်ဳပ္သည္။ ၁၉၇၂ ခုႏွစ္ စက္တင္ဘာလတြင္ အိုဘိုေတးတို႔အုပ္စုက အာမင္အားဖယ္ရွားရန္ ႀကံစည္တိုက္ ခိုက္သည္။ မေအာင္ျမင္ခဲ့ေခ်။ အီဒီအာမင္သည္ အထူးသျဖင့္ အရင္းရွင္နိုင္ငံႏွင့္ ထိုနိုင္ငံသားမ်ား၊ ထိုနိုင္ငံတို႔ ၏ ဘက္ေတာ္သားမ်ားႏွင့္ ဆက္ဆံမႈမ်ား အလြန္အမင္း မေျပမလည္ျဖစ္ခဲ့သည္မွာ ယေန႔တိုင္ေအာင္ပင္။ အဂၤ လိပ္လူမ်ိဳးတစ္ဦးကို အာမင္အား ေတာသားအဓမၼလက္်ာ ဆိုရပါမည္ေလာဟု မ်က္မာန္ပြားလ်က္ သတ္ပစ္ မည္ျဖစ္ေၾကာင္း ၿခိမ္းေျခာက္ေန၍ ထိုစဥ္က ၿဗိတိသၽွ နိုင္ငံျခားေရးဝန္ႀကီး ကလယ္လာဟန္ ကိုယ္တိုင္ ေမတၱာ ရပ္ခံေပးရသည္။

သတင္းစာသမားတစ္ဦးႏွင့္ မာကေရးေရး တကၠသိုလ္ ကထိကတစ္ဦး(ေပါင္းအေမရိကန္ႏွစ္ဦး) အား လူ သတ္ သတင္းစူးစမ္းေစမႈ႔ေၾကာင့္ သတ္ပစ္လိုက္သည္။ ယင္းကိစၥအတြက္ အျပည္ျပည္ဆိုင္ရာ ဂ်ဴရီေကာ္မ ရွင္က အဓမၼမႈ ႀကီးစိုးတိုက္ခိုက္ျဖစ္ေနၿပီဟု ကမၻာသို႔ တင္ျပခဲ့သည္။ ၁၉၇၂ ခုႏွစ္တြင္ အာရွသားမ်ားစြာအား ညႇဥ္းပန္းျခင္း၊ နိုင္ငံမွ ႏွင္ထုတ္ျခင္းတို႔ ျပဳသည့္အျပင္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ထံသို႔ မိမိသည္ဟစ္တလာ က ဂ်ဴး ေျခာက္သန္းအား သုတ္သင္ခဲ့မႈကို ေထာက္ခံေၾကာင္း သတင္းပို႔သည္။ နီးဂရိုး ဘုန္းေတာ္ႀကီး ဂ်ာနာနီ လူဝမ္ႏွင့္ ယူဂန္းဒါးဝန္ႀကီး ႏွစ္ဦးကို အိုဘိုေတးတို႔၏ လႈပ္ရွားမႈႏွင့္ ပတ္သက္သည္ဟု သကၤာမကင၍ ဖမ္းဆီး ထားၿပီး တစ္ေနရာမွ တစ္ေနရာသို႔အပို႔တြင္ ကားခ်င္းတိုက္၍ အသက္ဆုံးသည္ဟုဆိုသည္။

၁၉၇၆ ခုဇူလိုင္လတြင္ အၾကမ္းဖက္သမားတစ္စုက ေလယာဥ္ႏွင့္ ခရီးသည္မ်ားကို ျပန္ေပးဆြဲလ်က္ ယူဂန္းဒါး ရွိ အင္တက္ဘီေလဆိပ္တြင္ လိုလားခ်က္မ်ားကို္ေဖာ္ျပရင္း ဆင္းသက္ေနစဥ္ အဇၨာရီယယ္ကြန္မန္ဒိုတို႔က စြမ္း⁠ စြမ္းတမံ တိုက္ခိုက္ကယ္တင္ခဲ့သည္။ ဤအေရးတြင္ ေလဆိပ္မွ တာဝန္ရွိသူမ်ားကို အာမင္က အက်ဥ္းနည္း စစ္ေဆးစီရင္သည္။ အာမင္သည္ သူ႔အား ကိုးႀကိမ္ လုပ္ႀကံရန္ စိုင္းျပင္းခဲ့ၾကသည္ကိုလည္း ဂုဏ္ယူ၍မဆုံး  ေခ်။ ၁၉၇၂ ခုႏွစ္က တန္ဇားနီးယားကို ဝင္တိုက္မည္ဟု ႀကိမ္းခဲ့သလို ယခုလည္း ယူဂန္းဒါးမွ ထြက္ေျပးေနၾက သူမ်ား က်က္စား၍ အာမင္အေၾကာင္း သြားပုပ္ေလလြင့္ျပဳရာ စခန္းျဖစ္ေသာ ကင္ညာနိုင္ငံအား ေခ်မႈန္းမည္ ဟုၿခိမ္း ေျခာက္လ်က္ရွိသည္။ အာမင္သည္ ၁၉၇၆ ခုႏွစ္တြင္ မိမိကိုယ္မိမိ ရာသက္ပန္ သမၼတတင္ေျမွာက္ ခဲ့ေလသည္။

ဖီးမားရွယ္ အီဒီအာမင္ဒါဒါ: ကိုးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၄)

ဖီးမားရွယ္ အီဒီအာမင္ဒါဒါ အျခားဘာသာစကားမ်ာ

ဖီးမားရှယ် အီဒီအာမင်ဒါဒါ: အာမင်၊ အီဒီ (ခရစ် ၁၉၂၅ ဖွား)

 
ဖီးမားရှယ် အီဒီအာမင်ဒါ⁠ဒါသည် ၁၉၂၅ ခုနှစ်တွင် မွေးဖွား၍ ၁၉၇၁-ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ သည် ယနေ့တိုင် ယူဂန်းဒါနိုင်ငံ၏ သမ္မတဖြစ်သည်။ ဗြိတိသျှလက်အောက်ခံ ကိုလိုနီဘဝတွင် အာမင်စ စ်ထဲဝင်၍ သာမန်စစ်သည် အဖြစ် အမှူထမ်းရာမှ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာ တွင် ဗြိတိသျှဘက်မှ တိုက်ပွဲဝင်ခဲ့သည်။ စစ်တပ်သည် သာ သူ၏ဘဝကျောင်းရာ အလုပ်ခွင်ဖြစ် သည် နှင့်အညီ အာမင်သည် တပ်တွင်း၌ ၁ဝ နှစ်တိုင်တိုင် ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့၏။

၁၉၆၂ ခုနှစ်တွင် ယူဂန်းဒါး နိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ဗိုလ်ချုပ်မှူး ရာထူးအထိ တိုးတက်ခန့်ထား ခြင်း ခံရသည်။ အီဒီအာမင်နှင့် အပေါင်းပါ စစ်ဘက်ပုဂ္ဂိုလ်တို့က စင်္ကာပူဓနသဟာယ အစည်းအဝေးသို့ သမ္မတအိုဘိုတေး တက်ရောက်နေစဉ် အာဏာသိမ်းယူလိုက်ကြသည်။ အာမင်သည် အာဏာရသည်နှင့် တစ်ပြိုင်နက်ပါလီမန်ကို ဖျက်သိမ်းသည်။ မြို့ပြအုပ်ချုပ်ရေးကို ရပ်ဆိုင်းသည်။ နိုင်ငံရေးလှုပ်ရှားမှု အား လုံး ကို အဆုံးသတ်၍ စစ်တပ်အား အထူးအာဏာများ ပေးထားသည်။ စစ်သေနာပတိ ရာထူးကိုပါ ပူးတွဲ ကိုင် ကာ စစ်တပ်နှင့် နိုင်ငံကိုအုပ်ချုပ်သည်။ ၁၉၇၂ ခုနှစ် စက်တင်ဘာလတွင် အိုဘိုတေးတို့အုပ်စုက အာမင်အားဖယ်ရှားရန် ကြံစည်တိုက်ခိုက်သည်။ မအောင်မြင်ခဲ့ချေ။ အီဒီအာမင်သည် အထူးသဖြင့်အရင်း ရှင်နိုင်ငံနှင့် ထိုနိုင်ငံသားများ၊ ထိုနိုင်ငံတို့၏ ဘက်တော်သားများနှင့် ဆက်ဆံမှုများ အလွန်အမင်း မပြေမလည်ဖြစ်ခဲ့သည်မှာ ယနေ့တိုင်အောင်ပင်။ အင်္ဂလိပ်လူမျိုးတစ်ဦးကို အာမင်အား တောသား အဓမ္ မလက်ျာ ဆိုရပါမည်လောဟု မျက်မာန်ပွားလျက် သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်နေ၍ ထိုစဉ်က ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ကလယ်လာဟန် ကိုယ်တိုင် မေတ္တာရပ်ခံပေးရသည်။ 

သတင်းစာသမားတစ်ဦးနှင့် မာကရေးရေး တက္ကသိုလ် ကထိကတစ်ဦး(ပေါင်းအမေရိကန်နှစ်ဦး) အား လူ သတ် သတင်းစူးစမ်းစေမှု့ကြောင့် သတ်ပစ်လိုက်သည်။ ယင်းကိစ္စအတွက် အပြည်ပြည်ဆိုင်ရာ ဂျူရီကော်မ ရှင်က အဓမ္မမှု ကြီးစိုးတိုက်ခိုက်ဖြစ်နေပြီဟု ကမ္ဘာသို့ တင်ပြခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အာရှသားများစွာအား ညှဉ်းပန်းခြင်း၊ နိုင်ငံမှ နှင်ထုတ်ခြင်းတို့ ပြုသည့်အပြင် ကုလသမဂ္ဂအတွင်း ရေး မှူးချုပ်ထံသို့ မိမိသည် ဟစ်တလာက ဂျူး ခြောက်သန်းအား သုတ်သင်ခဲ့မှုကို ထောက်ခံကြောင်း သ တင်းပို့သည်။ နီးဂရိုး ဘုန်းတော်ကြီး ဂျာနာနီလူဝမ်နှင့် ယူဂန်းဒါးဝန်ကြီး နှစ်ဦးကို အိုဘိုတေးတို့၏ လှုပ်ရှားမှုနှင့် ပတ်သက်သည်ဟု သင်္ကာမ ကင်း ၍ ဖမ်းဆီးထားပြီး တစ်နေရာမှ တစ်နေရာ သို့ အပို့တွင် ကားချင်းတိုက်၍ အသက်ဆုံးသည်ဟုဆိုသည်။

၁၉၇၆ ခုဇူလိုင်လတွင် အကြမ်းဖက်သမားတစ်စုက လေယာဉ်နှင့် ခရီးသည်များကို ပြန်ပေးဆွဲလျက် ယူဂန်းဒါးရှိ အင်တက်ဘီလေဆိပ်တွင် လိုလားချက်များကို်ဖော်ပြရင်း ဆင်းသက်နေစဉ် အဇ္ဇာရီယယ်ကွန်မန်ဒိုတို့က စွမ်း⁠စွမ်းတမံ တိုက်ခိုက်ကယ်တင်ခဲ့သည်။ ဤအရေးတွင် လေဆိပ်မှ တာဝန်ရှိသူများကို အာမင်က အကျဉ်းနည်းစစ်ဆေးစီရင်သည်။ အာမင်သည် သူ့အား ကိုးကြိမ် လုပ်ကြံရန် စိုင်းပြင်းခဲ့ကြသည်ကိုလည်း ဂုဏ်ယူ၍မဆုံးချေ။ ၁၉၇၂ ခုနှစ်က တန်ဇားနီးယားကို ဝင်တိုက်မည်ဟု ကြိမ်းခဲ့သလို ယခုလည်း ယူဂန်းဒါးမှ ထွက်ပြေးနေကြသူများ ကျက်စား၍ အာမင်အကြောင်း သွားပုပ်လေလွင့်ပြုရာ စခန်းဖြစ်သော ကင်ညာနိုင်ငံအား ချေမှုန်းမည်ဟုခြိမ်း ခြောက်လျက်ရှိသည်။ အာမင်သည် ၁၉၇၆ ခုနှစ်တွင် မိမိကိုယ်မိမိ ရာသက်ပန် သမ္မတတင်မြေှာက်ခဲ့လေသည်။

ဖီးမားရှယ် အီဒီအာမင်ဒါဒါ: ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)

ဖီးမားရှယ် အီဒီအာမင်ဒါဒါ အခြားဘာသာစကားမျာ
 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */