" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 5, 2021

မြန်မာ့အရေး အမေရိကန်ဦးဆောင်လှုပ်ရှားဖို့ မြန်မာသံအ မတ်တိုက်တွန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-05-04

 အမေရိကန်ဟာ မြန်မာ့အရေးကို ကူညီဖြေရှင်းဖို့ ဦးဆောင်တဲ့နေရာကိုယူပြီး ပြတ်ပြတ်သားသား လုပ်ဆောင် ဖို့ လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ မနေ့ညနေက ကျင်းပခဲ့တဲ့ မြန်မာ့အရေး ကြား နာ စစ်ဆေးပွဲအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာနဲ့ အမေရိကန်ရဲ့ ကမ္ဘာ လုံးဆိုင်ရာ အမျိုးသမီးရေးရာ သံအမတ် မစ္စ ကယ်လီကာရီတို့က တက်ရောက်ပြီး အောက်လွှတ်တော်ကော် မတီဝင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။


မနေ့ ညနေက ပြုလုပ်တဲ့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ကျင်းပတဲ့ မြန်မာ့အေ ရး ကြားနာ စစ်ဆေးပွဲမှာ နယူးယောက်ပြည်နယ် အောက်လွှတ်တော် အမတ် Gregory Meeks, တက္ကဆပ် ပြည်နယ် လွှတ်တော် အမတ် Michael McCaul တို့က ဦးဆောင်ပြီး၊ မြန်မာ့အရေးနဲ့ ပတ်သက်လို့ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့ကြပြီး၊ အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုပါဝင်လုပ် ဆောင်နိုင်မလဲဆိုတဲ့ အချက်ကို အကြံပြုချက်တွေ ရယူခဲ့ကြပါတယ်။

ကြားနာစစ်ဆေးမှုကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ ဆန္ဒပြလှုပ်ရှားမှုတွေ၊ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ အာဏာသိမ်း စစ်ကောင်စီက အင်အားသုံး ဖြိုခွင်း မှုတွေ နဲ့ NUG အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပုံအကြောင်းကို တင်ပြခဲ့ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို ထိရောက်တဲ့ ကူညီအားပေးမှုတွေ လုပ်နိုင်ဖို့အတွက်၊ သာ မာန် အရပ်သားပြည်သူတွေကို အကာအကွယ်ပေးတာနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးဖို့၊ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေး ခိုလှုံလာတဲ့ မြန်မာ ပြည်သူတွေအတွက် နေထိုင်စရာ စခန်းတွေ တည်ဆောက်ပေးဖို့၊ မြန်မာနိုင်ငံက ဒေသအချို့မှာ လေယာဉ်မပျံသန်းရ No fly zone သတ်မှတ်ပေးဖို့၊ မြန်မာ စစ်တပ်ကို တကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့၊ မြန်မာ စစ်တပ်အတွက် ဝင်ငွေ ရှာ ပေးနေတဲ့ မြဝတီ ဘဏ်၊ အင်းဝဘဏ်၊ MFDV နဲ့ MOGE တို့ကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ ချက် ချင်း ချမှတ်ဖို့၊ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သက်ဆိုင်သူအားလုံးရဲ့ နိုင်ငံတကာ ဘဏ်အကောင့်တွေကို freeze လုပ်ပြီး၊ ရပ်ဆိုင်းထားဖို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်ဆိုင်းထားဖို့၊ NUG ကို တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြု ဖို့၊ စစ်ကောင်စီက ခန့်အပ်လိုက်တဲ့ သံတမန်တွေကို ဗီဇာ ထုတ်မပေးဖို့ စတဲ့ အချက် အတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့ ပါတယ်။

အလားတူပဲ Progressive voice အဖွဲ့က တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာက လက်ရှိအချိန်မှာ စစ်တပ်ကအာ ဏာသိမ်းတာ မအောင်မြင်ဘူးလို့ ဆိုနိုင်ကြောင်း၊ အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ် မြေပြင်သုံး လက်နက်ကြီးတွေ သုံးပြီး ဖြိုခွင်းနေတဲ့အတွက် လူဦးရေ ရာနဲ့ ချီပြီး သေဆုံးနေရကြောင်း၊ အာဏာ ပိုင်တွေက ထိန်းသိမ်းထားစဉ်မှာ သေဆုံးသွားသူတွေကို ညှဉ်းပန်း နှိပ်စက်ထားကြောင်း အထောက်အထား တွေ ဖျောက်ဖျက်တာနဲ့ အလောင်းပြန်ရဖို့ ငွေပေးပြီးရွေးယူခိုင်းတာလို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ် ဆောင်နေကြောင်း၊ဆန္ဒပြ လှုပ်ရှားသူတွေကို ထိန်းသိမ်းထားစဉ်မှာ လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့်တာကို အမျိုးသမီးတွေနဲ့ လိင်တူချစ်သူ LGBT တွေက အများဆုံး ခံနေရကြောင်း၊ အခုဆိုရင် ပြည်သူတွေဟာ တိုင်း ရင်းသား လက်နက်ကိုင် ဒေသတွေဆီကို ထွက်ပြေးနေကြတဲ့အတွက် လူသားချင်းစာနာမှု အကျပ်အတည်း တွေကို ဦးတည်နေကြောင်း ပြောသွားပါတယ်။

မြန်မာ့အရေးမှာ အာဆီယံက ကြားဝင်ဆောင်ရွက်ဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ကြောင်း၊ အာဏာသိမ်း စစ် ခေါင်း ဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ အာဆီယံ နိုင်ငံတွေကို ကတိပြုခဲ့တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို မြန်မာပြည်ပြန် မရောက်ခင်မှာပဲ ပယ်ဖျက်ခဲ့ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံမှာ အမျိုးသားညီညွတ် ရေးအစိုးရကို တည်ထောင်ပြီး ဖက်ဒရယ်တပ်မတော်တည်ထောင်ဖို့ ကြိုးစားနေတာနဲ့ အမျှ အာဏာသိမ်း စစ် တပ်က အကြမ်းဖက် တုန့်ပြန်မှုတွေ တိုးလာနေတဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ ဗဟိုအစိုးရရဲ့ အာဏာပြိုကွဲဖို့ နီးကပ်လာနေကြောင်း၊ အမေရိကန်နိုင်ငံရဲ့ အမျိုးသမီးရေးရာ သံအမတ်ကြီး မစ္စ ကယ်ရီ ကာရီက ပြောသွားတာ ဖြစ်ပါတယ်။

အဲဒီနောက် အောက်လွှတ်တော် အမတ်တွေရဲ့ မေးခွန်းတွေကို တက်ရောက်လာသူတွေက ဖြေကြားခဲ့ရာမှာ၊ အသစ် ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရဟာ မြန်မာနိုင်ငံနဲ့ ဒုက္ခသည်စခန်းတွေမှာ မွေးဖွားခဲ့တဲ့ ရိုဟင်ဂျာတွေ အားလုံးကို မြန်မာနိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးမယ့်အကြောင့် ထုတ်ပြန်ကြေညာပေးဖို့ ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်အမတ် Bradley Sherman က မေးမြန်း ခဲ့တာ နဲ့ ပတ်သက်ပြီး၊အခုအချိန်မှာ ဘုံရန်သူ ဖြစ်နေ တဲ့ အာဏာသိမ်းစစ်တပ်ကို အောင်နိုင်တဲ့အချိန်မှာ ရိုဟင်ဂျာ တွေအတွက် တရားမျှတမှု ရအောင် လုပ်ပေးဖို့ အကောင်းဆုံး အခြေအနေ ဖြစ်လိမ့်မယ်လို့ မြန်မာ သံအမတ် ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်ဖြေကြားခဲ့တာ တွေ့ရပါတယ်။


Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */