" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 10, 2021

အထူးအစီရင္ခံစာတင္သြင္းသူႏွင့္ အခ်က္အလက္ရွာဖြေ ေရးအဖြဲ႕တို႔ႏွင့္ အျပန္အလွန္ ေဆြးေႏြးပြဲမ်ား၌ ျမန္မာအၿမဲ တမ္းကိုယ္စားလွယ္က ျပန္လည္တုံ႔ျပန္ေျပာၾကား

အထူးအစီရင္ခံစာတင္သြင္းသူႏွင့္ အခ်က္အလက္ရွာေဖြေရးအဖြဲ႕တို႔ႏွင့္ အျပန္အလွန္ ေဆြးေႏြးပြဲမ်ား၌ ျမန္မာ အၿမဲတမ္းကိုယ္စားလွယ္က ျပန္လည္တုံ႔ျပန္ေျပာၾကား

(၁၉-၉-၂၀၁၉ ရက္၊ ဂ်ီနီဗာၿမိဳ႕)
ဂ်ီနီဗာၿမိဳ႕၊ ကုလသမဂၢအေဆာက္အဦ၌ က်င္းပလ်က္ရွိသည့္ ကုလသမဂၢလူ႔အခြင့္အေရး ေကာင္စီ၏ (၄၂) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးကာလအတြင္း ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး အေျခအေနဆိုင္ရာ အထူးအစီ ရင္ခံစာတင္သြင္းသူႏွင့္ အျပန္အလွန္ေဆြးေႏြးမႈႏွင့္ လြတ္လပ္ေသာ ႏိုင္ငံတကာ အခ်က္အလက္ ရွာေဖြေ ရး အဖြဲ႕(FFM)၏ ျမန္မာႏိုင္ငံဆိုင္ရာ အစီရင္ခံစာအေပၚ အျပန္အလွန္ ေဆြးေႏြးပြဲတို႔ကို ၁၆-၉-၂၀၁၉ ရက္ႏွင့္ ၁၇-၉-၂၀၁၉ ရက္တြင္ ျပဳလုပ္ခဲ့ရာ၌ ျမန္မာႏိုင္ငံအေပၚ အထူးအစီရင္ခံစာတင္သြင္းသူ၏ အျပဳသေဘာ မေ ဆာင္သည့္ ေဝဖန္သုံးသပ္ ေျပာၾကားမႈမ်ားႏွင့္ အခ်က္အလက္ရွာေဖြေရးအဖြဲ႕၏ မွ်တမႈမရွိသည့္ အစီရင္ခံစာ တို႔ႏွင့္ပတ္သက္၍ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း က တုံ႔ျပန္ေျပာၾကားခဲ့သည္။
အထူးအစီရင္ခံစာတင္သြင္းသူႏွင့္ အျပန္အလွန္ေဆြးေႏြးပြဲ၌ အၿမဲတမ္းကိုယ္စားလွယ္က ဒီမိုကေရစီ ခိုင္မာ ေရး၊ ေဝလံေခါင္ဖ်ားေဒသမ်ားရွိ လူနည္းစု တိုင္းရင္းသားမ်ားအပါအဝင္ အားလုံး၏ လူ႔အခြင့္အေရး ျမႇင့္တင္ ေရး၊ ညီမွ်သည့္ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈ မရွိဘဲ တာဝန္ခံမႈရွိသည့္ ရင္းႏွီးၿမႇဳပ္ ႏွံမႈ ျမႇင့္တင္ေရး၊ ဘာသာေပါင္းစုံခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ သဟဇာတျဖစ္ေရး၊ လြတ္လပ္စြာထုတ္ေဖာ္ခြင့္ႏွင့္ အင္ တာနက္အသုံးျပဳႏိုင္မႈ၊ အဓမၼေစခိုင္းမႈမ်ား အဆုံးသတ္ေရး၊ အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္ မ်ားအပါအ ဝင္ မည္သူ႔အေပၚက်ဴးလြန္သည့္ မည္သည့္အၾကမ္းဖက္မႈမ်ိဳးကိုမဆို ကာကြယ္ေရးတို႔ႏွင့္ပတ္သက္၍ ျမန္မာ နိုင္ငံ ၏ႀကိဳးပမ္း ေဆာင္႐ြက္မႈမ်ားကို လူ႔အခြင့္အေရးေကာင္စီသို႔ အသိေပးေျပာၾကားခဲ့သည္။

 အၿမဲတမ္းကိုယ္စားလွယ္က လက္နက္ကိုင္ပဋိပကၡအတြင္း ကေလးသူငယ္မ်ား ပါဝင္ပတ္သက္မႈတြင္ ကေလး သူငယ္မ်ား၏ အခြင့္အေရးဆိုင္ရာ ေနာက္ဆက္တြဲ အေျချပစာခ်ဳပ္သို႔ ျမန္မာႏိုင္ငံမွ အတည္ျပဳ ပါဝင္သြား မည္ျဖစ္ေၾကာင္းကိုလည္း ေကာင္စီသို႔ အသိေပးေျပာၾကားခဲ့ပါသည္။လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ မ်ားႏွင့္ ပတ္ သက္၍ ျမန္မာအစိုးရ၏ ခိုင္မာေသာမူဝါဒမွာ ျပစ္မႈက်ဴးလြန္သူမ်ားကို ဥပေဒႏွင့္အညီ အေရးယူေၾကာင္း၊ က်ား-မ၊ အသက္အ႐ြယ္၊ လိင္ကြဲျပားမႈ၊ အဆင့္အတန္း၊ တိုင္းရင္းသားျဖစ္မႈႏွင့္ ဘာသာေရးတို႔ကို အေျခခံ၍ ခြဲျခားဆက္ဆံမႈမရွိေၾကာင္း ေျပာၾကားခဲ့သည္။ 

ထို႔ျပင္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ လူမႈအဖြဲ႕အစည္းမ်ား၊ အမ်ိဳးသမီးမ်ား၊ လူငယ္မ်ားႏွင့္ မ သန္စြမ္းသူမ်ားပါဝင္ေနျခင္းေၾကာင့္ “အားလုံးပါဝင္သည့္ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္” ျဖစ္သည္ကို ျပသေနေ ေၾကာင္းေျပာၾကားခဲ့သည္။

ရခိုင္ျပည္နယ္အေရးကိစၥႏွင့္စပ္လ်ဥ္း၍ ျမန္မာအစိုးရသည္ အားလုံးပါဝင္သည့္ အလုံးစုံ ခ်ဥ္းကပ္မႈပုံစံမ်ိဳးျဖင့္ ေဆာင္႐ြက္ေနေၾကာင္း၊ ေနရပ္စြန္႔ခြာမႈျဖစ္ပြားရသည့္ အဓိကအေၾကာင္းရင္းမွာ နယ္ျခားေစာင့္ရဲစခန္း (၃၀)ကို အာဆာအၾကမ္းဖက္မ်ား တိုက္ခိုက္မႈႏွင့္ အျပစ္မဲ့ ျပည္သူမ်ားအေပၚ ရက္ရက္စက္စက္ က်ဴးလြန္မႈမ်ားႏွင့္ၿခိမ္း ေၿခာက္မႈမ်ားေၾကာင့္ ျဖစ္ေၾကာင္း၊ ျမန္မာအဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႕ ေကာ့ခ္ဘဇားသို႔ (၃)ႀကိမ္သြား ေရာက္ခဲ့ၿပီး၊ ေနရပ္စြန္႔ခြာသူမ်ား ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္စတင္ႏိုင္ေရး (၃)ႀကိမ္တိုင္တိုင္ ႀကိဳးပမ္း ခဲ့ ေၾကာင္း၊ စခန္းမ်ား၌ အာဆာ၏ ၿခိမ္းေျခာက္မႈမ်ား၊ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းအခ်ိဳ႕တို႔၏ ဟန္႔တားမႈ တို႔က ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ကို အဟန္႔အတားျဖစ္ေစေၾကာင္း၊ ေန႔စြန္ရပ္ခြာသူမ်ား၏ အတိဒုကၡကို ႏိုင္ငံေရးအက်ိဳးအျမတ္အတြက္ အသုံးခ်ေနေၾကာင္း၊ သို႔ျဖစ္၍ ေနရပ္စြန္႔ခြာသူမ်ား ေၾကာက္႐ြံ႕မႈ၊ လႊမ္းမိုးခ်ဳပ္ ကိုင္မႈ ကင္းစြာျဖင့္ အမွန္တရားကို ထုတ္ေဖာ္ေျပာၾကားႏိုင္ေရးအတြက္ စခန္းမ်ား၌လည္း သင့္ေလ်ာ္ သည့္ ပတ္ ဝန္းက်င္ ဖန္တီးေပးေရးသည္ အေရးႀကီးေၾကာင္း အေလးအနက္ ေျပာၾကားခဲ့သည္။

 ျမန္မာႏိုင္ငံသည္ တာဝန္ယူမႈ၊ တာဝန္ခံမႈအတြက္ “ကိုင္တြယ္ေျဖရွင္းရန္ဆႏၵ” ရွိသကဲ့သို႔ “ကိုင္တြယ္ေျဖ ရွင္း နိုင္စြမ္း”လည္းရွိေၾကာင္း၊ ႏိုင္ငံတကာ တရားစီရင္မႈ ခံယူေရးအတြက္ ႀကိဳးပမ္းေနျခင္းႏွင့္ မည္သည့္ယႏၲရား မ်ိဳး ကိုမဆို ကန္႔ကြက္ေၾကာင္း ထပ္ေလာင္း ေျပာၾကားခဲ့သည္။

မစၥယန္ဟီးလီ၏ သမာသမတ္မက်မႈ၊ ဓမၼဓိဌာန္မက်မႈႏွင့္ ေကာင္းမြန္ေသာ စိတ္ရင္းေစတနာ မရွိမႈတို႔ေၾကာင့္ သူမအား လႊတ္ေတာ္၌ တညီတၫြတ္တည္း ရႈတ္ခ်ခဲ့ေၾကာင္း ေျပာၾကားခဲ့ၿပီး ျမန္မာႏိုင္ငံအေနျဖင့္ သင့္ေလ်ာ္ သည့္ ကုလသမဂၢယႏၲရားမ်ားႏွင့္ ပူးေပါင္း ေဆာင္႐ြက္ေနမႈမ်ားကို ေျပာၾကားခဲ့သည္။ 

လူ႔အခြင့္အေရးေခါင္းစဥ္တပ္၍ အျပဳသေဘာမေဆာင္သည့္ ခ်ဥ္းကပ္မႈမ်ား၊ ခြဲျခားျပဳမႈမ်ား၊ ဒဏ္ခတ္အေရး ယူ မႈမ်ားႏွင့္ လြန္ကဲသည့္ဖိအားေပးမႈမ်ားသည္ ျမန္မာႏိုင္ငံတြင္ ေကာင္းမြန္သည့္ ေျပာင္းလဲမႈမ်ားကို လႈံ႕ေဆာ္ ေပးႏိုင္ရန္ မည္သည့္နည္းႏွင့္မွ် မျဖစ္ႏိုင္ေၾကာင္း ေျပာၾကားခဲ့ၿပီး၊ လူ႔အခြင့္အေရးျမႇင့္တင္ေရးအတြက္ ႀကိဳးပမ္း မႈ မ်ားတြင္ ျမန္မာဒီမိုကေရစီအစိုးရအား အျပဳသေဘာေဆာင္သည့္ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ပံ့ပိုးမႈမ်ားေပးရန္ ႏိုင္ငံတကာအသိုက္အဝန္းကို ေမတၱာရပ္ခံရင္း နိဂုံးခ်ဳပ္ေျပာၾကားခဲ့သည္။

အၿမဲတမ္းကိုယ္စားလွယ္က FFM ၏ အစီရင္ခံစာႏွင့္စပ္လ်ဥ္း၍ တုံ႔ျပန္ေျပာၾကားရာတြင္ ျမန္မာအစိုးရ၊ ကုန္ သည္ႀကီးမ်ားအသင္း၊ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္၊ UEHRD ႏွင့္ ပုဂၢလိက ကုမၸဏီမ်ားအပါအဝင္ ျမန္မာ တစ္ႏိုင္ငံလုံးက FFM ၏အစီရင္ခံစာႏွင့္ ၎၏ အေျခအျမစ္မရွိသည့္ စြပ္စြဲခ်က္မ်ားအား ကန္႔ကြက္ေၾကာင္းႏွင့္ ယင္းအစီရင္ခံစာအား ဒါ႐ူစမန္အစီရင္ခံစာဟု အလြယ္တကူ ေခၚေဝၚေၾကာင္း ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံအေနျဖင့္ FFM စတင္ဖြဲ႕စည္းစဥ္ကတည္းက ျပင္းထန္စြာ ကန္႔ကြက္ေၾကာင္း၊ ၎၏ဓမၼဓိဌာန္မက် သည့္အစီရင္ခံစာ၊ မမွန္ကန္သည့္ ေကာက္ခ်က္ခ်မႈမ်ားႏွင့္ အႀကဳံျပဳခ်က္မ်ားကိုလည္း ျပင္းထန္စြာ ကန္႔ကြက္ ေၾကာင္း ၊ FFM ၏ ဆင့္ပြားျဖစ္သည့္ IIM ဖြဲ႕စည္း ေဆာင္႐ြက္မႈကို ျပင္းထန္စြာ ကန္႔ကြက္ေၾကာင္း၊ ယင္းမွာ ျမန္မာႏိုင္ငံအေပၚ သီးသန္႔ခြဲျခားဆက္ဆံ ေစာင့္ၾကည့္ စစ္ေဆးျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ဒီမိုကေရ စီႏွင့္ လူ႔အခြင့္အေရးအတြက္ ကာလၾကာရွည္ ႐ုန္းကန္ခဲ့ရခ်ိန္မ်ားတြင္ ကုလသမဂၢဘက္မွ တစ္စိုက္မတ္မတ္ ရပ္တည္ခဲ့သည့္ ျမန္မာျပည္သူမ်ားသည္ ကုလသမဂၢ၏ ျမန္မာႏိုင္ငံအေပၚ ဓမၼဓိဌာန္မက်သည့္ ရပ္တည္ ခ်က္ ေၾကာင့္ စိတ္ပ်က္လ်က္ရွိေၾကာင္း၊ FFM ၏ လုပ္ငန္းမ်ားသည္ လူ႔အခြင့္အေရးေကာင္စီႏွင့္ ကုလသမဂၢ စနစ္ တစ္ခုလုံးကို မေကာင္းသည့္ပုံရိပ္ ထင္ဟပ္မႈ မျဖစ္ေစသင့္ေၾကာင္း အေလးအနက္ ေျပာၾကားခဲ့သည္။

ထို႔ျပင္ FFM က ျမန္မာႏိုင္ငံအေပၚ စီးပြားေရးအရ အထီးက်န္ေစရန္ (economic isolation) တိုက္တြန္းေန မႈ မ်ားသည္ အျပစ္မဲ့ ျပည္သူသန္းေပါင္းမ်ားစြာအား စီးပြားေရး ၾကပ္တည္းမႈ ျဖစ္ေပၚေစရာ ၎တို႔၏ ဖြံ႕ၿဖိဳးတိုး တက္ခြင့္ (right to development) အပါအဝင္ လူ႔အခြင့္အေရးကို ထိခိုက္ေစေၾကာင္း ေျပာၾကားခဲ့သည္။FFM အစီရင္ခံစာတြင္ လူသားခ်င္းစာနာမႈအဖြဲ႕ျဖစ္သည့္ UEHRD ၏ ပုံရိပ္ကို လိုရာဆြဲ၍ မမွန္မကန္ေျပာၾကား မႈ မ်ား ကိုလည္း ေထာက္ျပခဲ့ၿပီး၊ ျမန္မာႏိုင္ငံအေနျဖင့္ လုံၿခဳံေရးႏွင့္ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္မႈမ်ားကို ကာ ကြယ္ရန္ နယ္နိမိတ္မ်ဥ္းတစ္ေလွ်ာက္ ၿခံစည္း႐ိုးတည္ေဆာက္ရန္ အခ်ဳပ္အျခာအာဏာ လုပ္ပိုင္ခြင့္ ရွိ သ ၿဖင့္ နယ္စပ္ၿခံစည္း႐ိုးတည္ေဆာက္မႈႏွင့္စပ္လ်ဥ္း၍ စြပ္စြဲေျပာဆိုမႈမ်ားကို တုံ႔ျပန္ေျပာၾကားခဲ့သည္။

အၿမဲတမ္းကိုယ္စားလွယ္က FFM သည္ ၎တို႔ အသားေပးလိုသည့္အရာကိုသာ အာ႐ုံစိုက္ၿပီး၊ အာဆာ အ ၾကမ္း ဖက္အဖြဲ႕က အျပစ္မဲ့ တိုင္းရင္းသားလူနည္းစု ရာေပါင္းမ်ားစြာအေပၚ ရက္စက္ၾကမ္းၾကဳတ္မႈ၊ အစုလိုက္ အၿပဳံလိုက္သတ္ျဖတ္မႈတို႔ကို ရည္႐ြယ္ခ်က္ရွိရွိ လ်စ္လ်ဴရႈထားေၾကာင္း ေထာက္ျပခဲ့သည္။ ၎က ျမန္မာႏိုင္ ငံတြင္ လိင္အၾကမ္းဖက္မႈတားဆီးေရးႏွင့္ က်ဴးလြန္သူမ်ားအား အေရးယူ ကိုင္တြယ္ေျဖရွင္းေနမႈမ်ားကိုေကာင္ စီထံသို႔ ေျပာၾကားခဲ့သည္။

ျပစ္ဒဏ္ကင္းလြတ္ခြင့္ေပးျခင္းကို မူဝါဒမရွိေၾကာင္းႏွင့္ အစဥ္အလာလည္း မရွိေၾကာင္း၊ ထို႔ျပင္ နယ္ေျမရွင္း လင္းသုတ္သင္ျခင္းဆိုသည္မွာလည္း ေသာင္းက်န္းသူမ်ားကို တန္ျပန္တိုက္စစ္ဆင္ျခင္းကိုဆိုလိုၿပီး၊ နယ္ေျမ တစ္ခုလုံးကို ရွင္းလင္းျခင္းမဟုတ္ေၾကာင္း၊ “Clearance Operation” ဆိုသည့္ အသုံးအႏႈန္းကို FFM မွ မွား ယြင္းစြာ နားလည္ အဓိပါယ္ဖြင့္ဆိုထားျခင္းကို ေထာက္ျပခဲ့ပါသည္။

အၿမဲတမ္းကိုယ္စားလွယ္က ႏိုင္ငံတကာအသိုက္အဝန္းအေနျဖင့္ ျမန္မာႏိုင္ငံ၏ လူမႈ-စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ မႈ၊ ဒီမိုကေရစီလုပ္ငန္းစဥ္ ပိုမိုခိုင္မာမႈ၊ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈတို႔ကို အေထာက္အကူျပဳေစမည့္ အျပဳသေ ဘာေဆာင္ေသာ ကူညီပံ့ပိုးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ေပးအပ္ရန္ ေတာင္းဆိုပါေၾကာင္း နိဂုံးခ်ဳပ္ေျပာ ၾကားခဲ့သည္ဟု သိရွိရပါသည္။
-------------
အထူးအစီရင်ခံစာတင်သွင်းသူနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့တို့နှင့် အပြန်အလှန် ဆွေးနွေးပွဲများ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြန်လည်တုံ့ပြန်ပြောကြား
(၁၉-၉-၂၀၁၉ ရက်၊ ဂျီနီဗာမြို့)
ဂျီနီဗာမြို့၊ ကုလသမဂ္ဂအဆောက်အဦ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုနှင့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့(FFM)၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ကို ၁၆-၉-၂၀၁၉ ရက်နှင့် ၁၇-၉-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံအပေါ် အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြုသဘောမဆောင်သည့် ဝေဖန်သုံးသပ်ပြောကြားမှုများနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ မျှတမှုမရှိသည့် အစီရင်ခံစာတို့နှင့်ပတ်သက်၍ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က တုံ့ပြန်ပြောကြားခဲ့သည်။
အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးပွဲ၌ အမြဲတမ်းကိုယ်စားလှယ်က ဒီမိုကရေစီခိုင်မာရေး၊ ဝေလံခေါင်ဖျားဒေသများရှိ လူနည်းစု တိုင်းရင်းသားများအပါအဝင် အားလုံး၏ လူ့အခွင့်အရေး မြှင့်တင်ရေး၊ ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိဘဲ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးမှုနှင့် သဟဇာတဖြစ်ရေး၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် အင်တာနက်အသုံးပြုနိုင်မှု၊ အဓမ္မစေခိုင်းမှုများ အဆုံးသတ်ရေး၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် မည်သူ့အပေါ်ကျူးလွန်သည့် မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ကာကွယ်ရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ကြိုးပမ်း ဆောင်ရွက်မှုများကို လူ့အခွင့်အရေးကောင်စီသို့ အသိပေးပြောကြားခဲ့သည်။ အမြဲတမ်းကိုယ်စားလှယ်က လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကောင်စီသို့ အသိပေးပြောကြားခဲ့ပါသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ခိုင်မာသောမူဝါဒမှာ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူကြောင်း၊ ကျား-မ၊ အသက်အရွယ်၊ လိင်ကွဲပြားမှု၊ အဆင့်အတန်း၊ တိုင်းရင်းသားဖြစ်မှုနှင့် ဘာသာရေးတို့ကို အခြေခံ၍ ခွဲခြားဆက်ဆံမှုမရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် မသန်စွမ်းသူများပါဝင်နေခြင်းကြောင့် “အားလုံးပါဝင်သည့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်” ဖြစ်သည်ကို ပြသနေကြောင်းပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ မြန်မာအစိုးရသည် အားလုံးပါဝင်သည့် အလုံးစုံ ချဉ်းကပ်မှုပုံစံမျိုးဖြင့် ဆောင်ရွက်နေကြောင်း၊ နေရပ်စွန့်ခွာမှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ နယ်ခြားစောင့်ရဲစခန်း (၃၀)ကို အာဆာအကြမ်းဖက်များ တိုက်ခိုက်မှုနှင့် အပြစ်မဲ့ ပြည်သူများအပေါ် ရက်ရက်စက်စက် ကျူးလွန်မှုများနှင့် ခြိမ်းမြောက်မှုများကြောင့် ဖြစ်ကြောင်း၊ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ကော့ခ်ဘဇားသို့ (၃)ကြိမ်သွားရောက်ခဲ့ပြီး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်စတင်နိုင်ရေး (၃)ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ကြောင်း၊ စခန်းများ၌ အာဆာ၏ ခြိမ်းခြောက်မှုများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့တို့၏ ဟန့်တားမှုတို့က ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေကြောင်း၊ နေ့စွန်ရပ်ခွာသူများ၏ အတိဒုက္ခကို နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချနေကြောင်း၊ သို့ဖြစ်၍ နေရပ်စွန့်ခွာသူများ ကြောက်ရွံ့မှု၊ လွှမ်းမိုးချုပ်ကိုင်မှု ကင်းစွာဖြင့် အမှန်တရားကို ထုတ်ဖော်ပြောကြားနိုင်ရေးအတွက် စခန်းများ၌လည်း သင့်လျော်သည့်ပတ်ဝန်းကျင် ဖန်တီးပေးရေးသည် အရေးကြီးကြောင်း အလေးအနက် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် “ကိုင်တွယ်ဖြေရှင်းရန်ဆန္ဒ” ရှိသကဲ့သို့ “ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း”လည်းရှိကြောင်း၊ နိုင်ငံတကာ တရားစီရင်မှု ခံယူရေးအတွက် ကြိုးပမ်းနေခြင်းနှင့် မည်သည့်ယန္တရားမျိုးကိုမဆို ကန့်ကွက်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
မစ္စယန်ဟီးလီ၏ သမာသမတ်မကျမှု၊ ဓမ္မဓိဌာန်မကျမှုနှင့် ကောင်းမွန်သော စိတ်ရင်းစေတနာ မရှိမှုတို့ကြောင့် သူမအား လွှတ်တော်၌ တညီတညွတ်တည်း ရှုတ်ချခဲ့ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် သင့်လျော်သည့် ကုလသမဂ္ဂယန္တရားများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်။ လူ့အခွင့်အရေးခေါင်းစဉ်တပ်၍ အပြုသဘောမဆောင်သည့် ချဉ်းကပ်မှုများ၊ ခွဲခြားပြုမှုများ၊ ဒဏ်ခတ်အရေးယူမှုများနှင့် လွန်ကဲသည့်ဖိအားပေးမှုများသည် မြန်မာနိုင်ငံတွင် ကောင်းမွန်သည့် ပြောင်းလဲမှုများကို လှုံ့ဆော်ပေးနိုင်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး၊ လူ့အခွင့်အရေးမြှင့်တင်ရေးအတွက် ကြိုးပမ်းမှုများတွင် မြန်မာဒီမိုကရေစီအစိုးရအား အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးမှုများပေးရန် နိုင်ငံတကာအသိုက်အဝန်းကို မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပြောကြားခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က FFM ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ တုံ့ပြန်ပြောကြားရာတွင် မြန်မာအစိုးရ၊ ကုန်သည်ကြီးများအသင်း၊ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ UEHRD နှင့် ပုဂ္ဂလိက ကုမ္ပဏီများအပါအဝင် မြန်မာတစ်နိုင်ငံလုံးက FFM ၏အစီရင်ခံစာနှင့် ၎င်း၏ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များအား ကန့်ကွက်ကြောင်းနှင့် ယင်းအစီရင်ခံစာအား ဒါရူစမန်အစီရင်ခံစာဟု အလွယ်တကူ ခေါ်ဝေါ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် FFM စတင်ဖွဲ့စည်းစဉ်ကတည်းက ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ၎င်း၏ဓမ္မဓိဌာန်မကျသည့်အစီရင်ခံစာ၊ မမှန်ကန်သည့် ကောက်ချက်ချမှုများနှင့် အကြုံပြုချက်များကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၊ FFM ၏ ဆင့်ပွားဖြစ်သည့် IIM ဖွဲ့စည်း ဆောင်ရွက်မှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ယင်းမှာ မြန်မာနိုင်ငံအပေါ် သီးသန့်ခွဲခြားဆက်ဆံ စောင့်ကြည့် စစ်ဆေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ကာလကြာရှည် ရုန်းကန်ခဲ့ရချိန်များတွင် ကုလသမဂ္ဂဘက်မှ တစ်စိုက်မတ်မတ် ရပ်တည်ခဲ့သည့် မြန်မာပြည်သူများသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ဓမ္မဓိဌာန်မကျသည့် ရပ်တည်ချက်ကြောင့် စိတ်ပျက်လျက်ရှိကြောင်း၊ FFM ၏ လုပ်ငန်းများသည် လူ့အခွင့်အရေးကောင်စီနှင့် ကုလသမဂ္ဂစနစ်တစ်ခုလုံးကို မကောင်းသည့်ပုံရိပ် ထင်ဟပ်မှု မဖြစ်စေသင့်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
ထို့ပြင် FFM က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အထီးကျန်စေရန် (economic isolation) တိုက်တွန်းနေမှုများသည် အပြစ်မဲ့ ပြည်သူသန်းပေါင်းများစွာအား စီးပွားရေး ကြပ်တည်းမှု ဖြစ်ပေါ်စေရာ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ခွင့် (right to development) အပါအဝင် လူ့အခွင့်အရေးကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။
FFM အစီရင်ခံစာတွင် လူသားချင်းစာနာမှုအဖွဲ့ဖြစ်သည့် UEHRD ၏ ပုံရိပ်ကို လိုရာဆွဲ၍ မမှန်မကန် ပြောကြားမှုများကိုလည်း ထောက်ပြခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် လုံခြုံရေးနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို ကာကွယ်ရန် နယ်နိမိတ်မျဉ်းတစ်လျှောက် ခြံစည်းရိုးတည်ဆောက်ရန် အချုပ်အခြာအာဏာ လုပ်ပိုင်ခွင့်ရှိသဖြင့် နယ်စပ်ခြံစည်းရိုးတည်ဆောက်မှုနှင့်စပ်လျဉ်း၍ စွပ်စွဲပြောဆိုမှုများကို တုံ့ပြန်ပြောကြားခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က FFM သည် ၎င်းတို့ အသားပေးလိုသည့်အရာကိုသာ အာရုံစိုက်ပြီး၊ အာဆာအကြမ်းဖက်အဖွဲ့က အပြစ်မဲ့ တိုင်းရင်းသားလူနည်းစု ရာပေါင်းများစွာအပေါ် ရက်စက်ကြမ်းကြုတ်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့ကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားကြောင်း ထောက်ပြခဲ့သည်။
၎င်းက မြန်မာနိုင်ငံတွင် လိင်အကြမ်းဖက်မှုတားဆီးရေးနှင့် ကျူးလွန်သူများအား အရေးယူ ကိုင်တွယ်ဖြေရှင်းနေမှုများကို ကောင်စီထံသို့ ပြောကြားခဲ့သည်။
ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခြင်းကို မူဝါဒမရှိကြောင်းနှင့် အစဉ်အလာလည်း မရှိကြောင်း၊ ထို့ပြင် နယ်မြေရှင်းလင်းသုတ်သင်ခြင်းဆိုသည်မှာလည်း သောင်းကျန်းသူများကို တန်ပြန်တိုက်စစ်ဆင်ခြင်းကိုဆိုလိုပြီး၊ နယ်မြေတစ်ခုလုံးကို ရှင်းလင်းခြင်းမဟုတ်ကြောင်း၊ “Clearance Operation” ဆိုသည့် အသုံးအနှုန်းကို FFM မှ မှားယွင်းစွာ နားလည် အဓိပါယ်ဖွင့်ဆိုထားခြင်းကို ထောက်ပြခဲ့ပါသည်။
အမြဲတမ်းကိုယ်စားလှယ်က နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ လူမှု-စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒီမိုကရေစီလုပ်ငန်းစဉ် ပိုမိုခိုင်မာမှု၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတို့ကို အထောက်အကူပြုစေမည့် အပြုသဘောဆောင်သော ကူညီပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပေးအပ်ရန် တောင်းဆိုပါကြောင်း နိဂုံးချုပ်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */