VOA
ဆုမွန်
၁၁ မတ်၊ ၂၀၂၄
Monday, March 11, 2024
မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
Thursday, March 7, 2024
မောင်တောနယ်မှာ အရပ်သားနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
RFA
RFA Burmese
2024.03.07
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က တောင်ပြို-ကြိမ်းချောင်းကားလမ်းမပေါ်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက သေ နတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Thursday, February 8, 2024
တောင်ပြိုစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီက ရိုဟင်ဂျာတပ်ဖွဲ့တချို့နဲ့ ပူးပေါင်းခုခံခဲ့ဟု AA ထုတ်ပြန်
VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဖေဖော်ဝါရီ၊ ၂၀၂၄
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ Arakan Rohingya Army (ARA) နဲ့ Rohingya Solidarity Organisation (RSO) တပ်ဖွဲ့တွေနဲ့ ပူးပေါင်းခုခံခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ဘက်က ဖေဖော်ဝါရီ (၇) ရက် (ဗုဒ္ဓဟူးနေ့) က သတင်းထုတ်ပြန်ပါတယ်။
Tuesday, December 12, 2023
အင်ဒိုကမ်းခြေရောက် ရိုဟင်ဂျာတွေကို ဒေသခံတွေဆန္ဒပြ မောင်းထုတ်
VOA
ဗွီအိုအေ (မြန်မာဌာန)
၁၂ ဒီဇင်ဘာ၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ အာချေးက ဆာဘန်ကျွန်းကို လှေနဲ့ရောက်ရှိလာတဲ့ရိုဟင်ဂျာတွေကို ဒေသခံတွေက ပြန်နှင်ထုတ်ဖို့ ကြိုးစားနေကြတာကြောင့် အထိတ်တလန့်ဖြစ်ရပါတယ်လို့ ကုလသမဂ္ဂဒုက္ခသည် များ ဆိုင်ရာရုံး UNHCR က ပြောပါတယ်။
Wednesday, November 29, 2023
ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး
ဧရာဝတီ
28 November 2023
Wednesday, November 22, 2023
ရခိုင်မှာ တိုက်ပွဲပြင်းထန်လာပြီး ဒေသခံများ အခက်အခဲ ပိုမိုကြုံတွေ့နေရ
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ တိုက်ပွဲပြင်းထန်လာပြီး ဒေသတွင်းနေ ပြည်သူများ အခက်အခဲ ပိုမိုကြုံတွေ့နေရသည်ဟု ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည်။
Saturday, May 20, 2023
မိုခါကြောင့် သေဆုံးသူ ၁၄၅ ယောက်ရှိ
B B C
၁၉ မေ ၂၀၂၃မေလ ၁၄ရက်နေ့က ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် သေဆုံးသူ စုစုပေါင်း ၁၄၅ ယောက် ရှိခဲ့တယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။ အဲဒီ သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာ တစ်ရာကျော် ပါဝင်နေပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာတွေ အသေအပျောက် များခဲ့တာ ဘာကြောင့်ပါလဲ။ မုန်တိုင်း အလွန် ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ဘယ်လို ရှိပါသလဲ။ မအေးသူ စံက ပြောပြပေးမှာပါ။
Link : Here
Tuesday, May 16, 2023
မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းက နေအိမ် ၂၈ဝဝ ကျော်ခန့် ပျက်စီး၊ ဒုက္ခသည် ၇ ဦး ဒဏ်ရာရ
DVB
May 15, 2023
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို မေ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က စတင်ဝင်ရောက်ခဲ့တဲ့ အင်အား အ လွန်ပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ဖ်နာ့ဖ်နဲ့ အူခိယာဒေသမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ ခသည်စခန်းက နေအိမ်အဆောက်အအုံပေါင်း ၂၈၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေ ရပ်ပြန်ပို့ရေးကော်မရှင်နာ (RRRC) က ထုတ်ပြန်ပါတယ်။
Tuesday, April 11, 2023
ရိုဟင်ဂျာစာနာကူညီမှု အိမ်ရှင်ဘင်္ဂလားဒေ့ရှ်ကို ကန်ကျေးဇူး တင်
VOA
ဗွီအိုအေ (မြန်မာဌာန)
၁၁ ဧပြီ၊ ၂၀၂၃
ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ကို လက်ခံစောင့်ရှောက်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလွန်တရာကျေးဇူး တင် ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Monday, March 13, 2023
ရိုဟင်ဂျာစခန်းမီးလောင်မှု ထိထိရောက်ရောက်အရေးယူဖို့ ဒုက္ခသည်တွေမျှော်လင့်
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.12
Saturday, January 14, 2023
မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့် လှစ် ဆောင်ရွက်သွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ပြော
DVB
13 January, 2023
မြန်မာနိုင်ငံက ပဋိပက္ခတွေကို အာဆီယံအဖွဲ့အနေနဲ့ ဦးဆောင်ဖြေရှင်းနိုင်ရေး ရည်ရွယ်ပြီး အသစ်ဖွင့်လှစ် သွား မယ့် မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးမှာ သူကိုယ်တိုင် ဦးဆောင်သွားမှာဖြစ်တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။
အင်ဒိုနီးရှားဟာ အခုနှစ်မှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတာဖြစ်ပြီး အာဆီယံရဲ့ ဥက္ကဋ္ဌရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်အဖြစ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက တာဝန်ယူမှာ ဖြစ်ပါတယ်။
Saturday, November 19, 2022
နယ်မြေကျော် ရိုဟင်ဂျာများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
Thursday, November 17, 2022
နိုဝင်ဘာလ ၁၅ ရက်နေ့က ထောင်ဒဏ် ၅ နှစ်စီ ချခံလိုက်ရသည့် ရိုဟင်ဂျာများထဲတွင် အသက်မပြည့်သေးသူ ၁၃ ဦးကိုမူ ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်ရန် အမိန့်ချလိုက်သည်ဟု တရားရုံး အသိုင်း အဝိုင်းနှင့် ဧရာဝတီ မြန်မာ-မူဆလင် လူငယ်ကွန်ရက် အဖွဲ့ဝင်များက ပြောသည်။
Tuesday, November 15, 2022
မင်္ဂလာဒုံမြို့နယ် ပုလဲလမ်းဆုံတွင် ရိုဟင်ဂျာ ၉ ဦး ဖမ်းဆီး ခံရ
DVB
14 November, 2022
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် အမှတ် ၃ လမ်းမကြီး ပုလဲလမ်းဆုံမှာ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၈ နာရီခွဲက ရိုဟင်ဂျာ ၉ ဦး ဖမ်းမိရမိခဲ့တယ်လို့ သိရပါတယ်။
သဃန်းကျွန်းကြီးကျေးရွာ ပုလဲလမ်းဆုံနဲ့ ရခိုင်ဘုန်းကြီးကျောင်းမှတ်တိုင်ကြားမှာ ကားပေါ်က ဆင်းလာတဲ့ ရိုဟင်ဂျာတွေကို တွေ့ရှိကြောင်း သတင်းပေးပို့ခဲ့ရာမှ ဖမ်းဆီးခံခဲ့ရတာလို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြော ပါတယ်။
Thursday, October 20, 2022
အဓမ္မပြုကျင့်သူ AA မှ တပ်သားအဆင့်ရှိသူ ရဲဘော်နှစ်ဦး အား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်
အောက်တိုဘာ ၂၀/၂၀၂၂
အိမ်ထောင်သည် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်သူ ရက္ခိုင့်တပ်တော် (AA)မှ တပ်သားအဆင့်ရှိသူ ရဲဘော် နှစ်ဦးအား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်လိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အောက်တိုဘာ ၂၀ ရက် ယနေ့ သတင်းထုတ်ပြန်သည်။
၎င်းထုတ်ပြန်ချက် အပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။။
အောက်တိုဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီ မိနစ် (၃၀) ခန့်တွင် ရက္ခိုင့်တပ်တော်မှ တပ်သား အဆင့်ရှိ ရဲ ဘော် (၂) ယောက်သည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင် ကျေးရွာအုပ်စုနေ အသက် (၃၀) အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား ၎င်း၏ နေအိမ်၌ လက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့သည်ဟု ကျူးလွန်ခံရသူမှ တိုင်တန်းလာသောကြောင့် ရက္ခိုင့်တပ်တော်အနေဖြင့် ယင်းအမှုအား စစ်ခုံရုံးဖွဲ့၍ စနစ်တကျ စုံစမ်းစစ်ဆေးခဲ့ပါသည်။
Wednesday, September 7, 2022
ပင်လယ်ထဲမျောပါနေသည့် ရိုဟင်ဂျာ ၁၀ဦးနှင့် ကျွန်းပေါ်က ၄၁ဦးတို့ကို ထိုင်းကယ်တင်
Dawei Watch
September 7, 2022
စတုန်ခရိုင် လန်ဂူးဒေသ ဘူလိုးကျွန်းအနီး ပင်လယ်ပြင်တွင် မျောပါနေသည်ကို ထိုင်းငါးဖမ်းသမားများက မြင်တွေ့သဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
Monday, August 22, 2022
မောင်တောမြို့နယ်တွင် AA နှင့် တပ်မတော်ကောင်စီတို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
မီယိုတိုင်ရွာအနီး ဝေတောင်ပေါ်တွင် လက်နက်ကြီးတစ်ခု။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတစ်ဦးကတော့ နှစ်ဖက်စလုံးက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
Monday, July 11, 2022
ICJ မှာ မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်ချက် ဇူလိုင် ၂၂ ရက်နေ့တွင် ဆုံးဖြတ်မည်
RFA
Radio Free Asia
2022.07.11
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေ ကန့်ကွက်ထားတာနဲ့ ပတ်သက်လို့ တရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ ချမှတ်မယ်လို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ဇူလိုင် ၁၁ ရက် မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ကြေ ညာလိုက်ပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က Peace Palace လို့ခေါ်တဲ့ ICJ တရားရုံးမှာ ဇူလိုင်လ ၂၂ ရက် သောကြာနေ့ ညနေ ၃ နာရီမှာ စတင်မယ်လို့ ဆိုပါတယ်။ တရားသူကြီး Joan Donoghue က ဆုံးဖြတ်ချက်ကို ဖတ်ကြား မှာ ဖြစ်ပါတယ်။
Wednesday, March 2, 2022
ICJ မှာ မြန်မာနိုင်ငံ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီ မြန်မာ ရိုဟင်ဂျာအစည်းအရုံး( လန်ဒန်)ဥက္ကဌဦးထွန်းခင်နှင့် မဇ္ဈိမ ဆက်သွယ်မေမြန်းချက်
2 Mar 2022
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ကအပြည်ပြည်ဆိုင်ရာတရားရုံး ( ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့အမှု့တွက်ဒုတိယအကြိမ်မြောက်ကြားနာစစ်ဆေးပီးသွားပီဖြစ်ပါတယ်။ ICJ တရားရုံးအနေနဲ့နစ်နာ သူရိုဟင်ဂျာတွေဖက်ကအပြည့်အဝထည့်သွင်းစဉ်းစားဆောင်ရွ က်မယ်လို့ယုံကြည်မိသလို လူမျိုးတုန်းသတ်ဖြတ် မှု့တွေကျုးလွန်ခဲ့တဲ့ စစ်တပ်အာဏာရှင်တွေကို အာဂျင်တီးနားတရားရုံးမှာလည်း မကြာခင်လပိုင်းတွေတွင်း အရေး ယူနိုင်ဖို့တွေရှိလာတော့မှာ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေးကိုနိုင်ငံတကာမှာဦးဆောင်လှုပ်ရှားနေတဲ့ မြန်မာရိုဟင်ဂျာ အစည် းအရုံး( လန်ဒန်)ဥက္ကဌဦးထွန်းခင်ကပြောပါတယ်. မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။