" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, January 28, 2023

ဂျာမနီနိုင်ငံ အနေနဲ့ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေကို စစ်ဆေးအရေးယူပေးဖို့ NUG တိုက်တွန်း

မဲခေါင် သတင်း
28 Jan - 2023

မဲခေါင်၊ ဇန်နဝါရီ ၂၈ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်မှစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စစ်ဆေး အရေးယူနိုင်ဖို့ ဂျာမနီ အာဏာပိုင်တွေ အနေနဲ့ အလေး ထား ဆောင်ရွက်ပေးဖို့ အမျိုးသား ညီညွှတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မနေ့က တိုက် တွန်းလိုက်ပါတယ်။
စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်မှစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စစ်ဆေး အရေးယူနိုင်ဖို့ ဂျာမနီ အာဏာပိုင်တွေ အနေနဲ့ အလေးထား ဆောင်ရွက်ပေးဖို့ အမျိုးသား ညီညွှတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မနေ့က တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်ကျူးလွန်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေကို စတင်စစ်ဆေးနိုင်ဖို့ မတူကွဲပြားတဲ့ တိုင်းရင်းသား အုပ်စုတွေမှ လွတ်မြောက် ကျန်ရစ်သူတွေနဲ့ သက်သေတွေက Fortify Rights ရဲ့ ထောက်ပံ့ ကူညီမှုနဲ့ ဂျာမနီ အာဏာပိုင်တွေဆီ မကြာသေးမီက တောင်းဆို တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဂျာမနီ အာဏာပိုင်တွေ အနေနဲ့ အဲဒီကိစ္စကို အထူးအလေးထား ဆောင်ရွက်ပေးပါလို့ NUG က တိုက်တွန်းထားပါတယ်။

စစ်အုပ်စု အဖွဲ့ဝင်တွေက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် စည်းမျဉ်း မူဘောင်တွေ အပေါ် အခြေခံပြီး အရေးယူနိုင်ဖို့ ကမ္ဘာတဝှမ်းမှာ ကြိုးပမ်းနေမှုတွေ တိုးပွားလာနေတဲ့အပေါ် မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေနဲ့ ကြိုဆိုတယ်လို့လည်း ‌ဆိုပါတယ်။

လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်း သတ်ဖြတ်မှု အစရှိတဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို ဘယ်နေရာမှာ ကျူးလွန်ခဲ့ပါစေ ပြည်တွင်း တရားစီရင်ရေး အခွင့်အာဏာကို အသုံးပြုပြီး စစ်ဆေးစီရင်ပိုင်ခွင့်ကို ကမ္ဘာတဝှမ်းရှိ ပြည်တွင်း တရားရုံးတွေကို နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်က ခွင့်ပြု ပေးအပ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ တာဝန်ရှိမှု ပရောဂျက်-Myanmar Accountability Project ဟာ နှိပ်စက်ညှဉ်းပမ်းမှု အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တယ်လို့ စွပ်စွဲခံနေရတဲ့ စစ်တပ်ကို အရေးယူ ဆောင်ရွက်နိုင်ဖို့ တူရကီနိုင်ငံမှာ တရားစွဲဆိုမှု စတင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို အသုံးပြုပြီး တရားစွဲဆိုနိုင်စေဖို့ တရားရေး ဆိုင်ရာ စည်းမျဉ်း တွေကို ပံ့ပိုးပေးနေတဲ့အပြင် စစ်အုပ်စုကို ဖိလစ်ပိုင်နိုင်ငံမှာ အလားတူ ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ NUG က ဆိုပါတယ်။

အလားတူပင် ယူကေနိုင်ငံရှိ ဗမာ့ရိုဟင်ဂျာ အဖွဲ့အစည်း-BROUK က တင်သွင်းခဲ့တဲ့ မြန်မာ လုံခြုံရေး အဖွဲ့တွေက ရိုဟင်လူမျိုးတွေ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုကို အာဂျင်တီးနားနိုင်ငံရှိ တရားရုံးက လက်ခံပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို မူဘောင် တွေကို ကျင့်သုံးပြီး တရားမျှတမှုနဲ့ တာဝန်ခံမှုတွေ အားကောင်းလာစေဖို့ ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း အာဏာပိုင်တွေ ပိုမိုတိုးပွားလာတာကို တွေ့မြင်ရတာဟာ စိတ်အားတက်စရာ ဖြစ်တယ်လို့ NUG က ဆိုပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အားလုံး အထူးသဖြင့် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် စည်းမျဉ်းမူဘောင်ကို ကျင့်သုံးပိုင်ခွင့်ရှိတဲ့ နိုင်ငံတွေ အနေနဲ့ အလားတူ ပံ့ပိုးပေးမှုတွေ ဆောင်ရွက်ပေးဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */