" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, May 4, 2024

ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ICJ အမြန်ဆုံးဖြတ်ချက်ချဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာ မျှော်လင့်

RFA
RFA Burmese
2024.05.04 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ်။ ICJ 


ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့အမှုကို အမြန်ဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာနိုင်ငံတို့က မျှော် လင့်တဲ့အကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံမှာ ပြုလုပ်မယ့် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ၁၅ ကြိမ်မြောက် ထိပ်သီး ညီလာခံမတိုင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟတ်စနာ မာမက်နဲ့ ဂမ်ဘီယာ တရားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို လက်ခံထားတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ICJ တရားရုံးအမှုမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ငွေကြေးထောက်ပံ့ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ICJ တရားရုံးအမှုမှာ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့ကြောင်း သက်သေပြနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ဒီအမှုကို ဆက်လက်ဆောင်ရွက်ဖို့ ရန်ပုံငွေ မလုံလောက်မှုဖြစ်နေတဲ့အကြောင်း ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လိုအပ်တဲ့ သက်သေအထောက်အထား ဥပဒေရေးရာ အကူအညီတွေ ပေးအပ်သွားဖို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက ကတိပြုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဆက်နွယ်သောသတင်းများ 
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */