" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင်ဂျာဒုက္ခသည်. Show all posts
Showing posts with label ရိုဟင်ဂျာဒုက္ခသည်. Show all posts

Thursday, December 19, 2019

စိစစ်ပြီး ဒုက္ခသည် လက်ခံဖို့ မြန်မာအသင့်

VOA
ဗွီအိုအေ (မြန်မာဌာန)
19 ဒီဇင်ဘာ၊ 2019
ကျော်ကျော်သိန်း
ကမ္ဘာ့ဒုက္ခသည်များ ဖိုရမ်မှာ သံအမတ် ဒေါ်အိအိတင် အစီရင်ခံ။ ( ဓာတ်ပုံ - UN WEB TV Screen Shot)


မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်တွေထဲက စစ်ဆေးအတည်ပြုပြီး သူတွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့လည်း နှစ်နိုင်ငံ သဘောတူညီချက်တွေ အတိုင်း အတိအကျ အကောင်အထည် ဖော်သင့်တယ်လို့ မြန်မာ သံအမတ်တဦးဖြစ်သူ ဒေါ်အိအိတင်က ပြောပါတယ်။ ပြန်လာသူတွေ အားလုံးအတွက် ပိုပြီး အဆင်ပြေစေမယ့် အခြေအနေ ဖန်တီးပေးဖို့ နိုင်ငံရေးအရ စစ်မှန်တဲ့ဆန္ဒ ရှိတယ်လို့လည်း ပြောပါတယ်။ ဂျီနီဗာ ကုလ သမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ပထမဆုံးအကြိမ် ညီလာခံမှာ မြန်မာနိုင်ငံရဲ့ တင်ပြပြောဆိုချက်ထဲက ကောက်နုတ်ပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

Monday, December 2, 2019

ရိုဟင်ဂျာဒုက္ခသည်များနေရပ်ပြန်ရေး နောက်ဆုံးအခြေ အနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဒီဇင်ဘာ၊ 2019
စုစု
နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ၊ ၀၂၊ ၂၀၁၇)

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် နှစ်ဘက် အစိုးရတာဝန်ရှိသူတွေက အစီအ စဉ် ဆွဲဆောင်ရွက်နေကြပေမယ့်လို့ နှစ်ဘက် သဘောတူညီချက် အစီအစဉ်အရ ပြန်လည်ဝင်ရောက်သူ

တွေ ဒီနေ့အထိ မရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာကြတဲ့ ဒုက္ခသည် အရေအတွက်ကတော့ ၄၀၀ ကျော်လာပါပြီ။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အခြေအနေနဲ့ ပတ် သက် လို့ စုစု မေးမြန်းသတင်းပေးပို့ထားပါတယ်။

Saturday, September 28, 2019

မြန်မာပြည်ကို ပြန်လို - မပြန်လိုတဲ့ ဒုက္ခသည်တချို့

VOA 
ဗွီအိုအေ (မြန်မာဌာန
 28 စက်တင်ဘာ၊ 2019
မဆုမွန်
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာလည်း တချို့က မြန်မာပြည်ဘက်ကို ပြန်လာနေကြပြီ ဖြစ်ပေမယ့် တချို့ကတော့ အခြေခံလူ့အခွင့်အရေးတွေမရလို့ ပြန်ချင်ပေမယ့် မပြန်ဘူးလို့ ပြောနေကြ သူ တွေလည်း ရှိပါတယ်။

ဒီအကြောင်းကို မဆုမွန်က ဆက်ပြီးတော့ ပြောပြမှာပါ။

ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲမှာလည်း မြန်မာနိုင်ငံကို ပြန်လိုသူတွေ ရှိနေကြပါတယ်။ ဒါပေမဲ့လည်း နေရပ်ပြန်တဲ့အခါ လုံခြုံမှုနဲ့ အခြေခံအခွင့်အရေးတွေ ရဖို့လည်း တောင်းဆိုနေကြတာပါ။ မောင်တောမြို့နယ်ကနေ အခုအခါ မိသားစုဝင် ၁၂ ယောက်နဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ကူ တူပလောင် ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ Surat Alam ကတော့ စခန်း တွင်းမှာ မပြည့်မစုံနေထိုင်နေရတယ်လို့ ဗွီအိုအေ ဘင်္ဂလားဒေ့ရှ်ဌာနကို ပြောပါတယ်။ ဒီအတွက်လည်း သား သမီးတွေ ရှေ့ရေးဟာ စိတ်ပူစရာ ကောင်းတယ်လို့ ပြောခဲ့တာပါ။

Tuesday, September 17, 2019

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်

RFA
လွတ်လပ်တဲ့ အာရှအသံ
17 September 2019


■ ရိုဟင်ဂျာဒုက္ခသည်အများစုက တတိယနိုင်ငံကိုသွားကြဖို့ထက် ကိုယ့်နေရပ်မြန်မာနိုင်ငံဘက်ကိုပဲ ပြန် ချင်နေကြတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးထွန်းခင်ကပြောပါတယ်။

ဒီလကုန်ပိုင်းကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရိုဟင်ဂျာအရေးနဲ့ပက်သတ်ပြီး မြန်မာအစိုးရနဲ့ စစ်တပ်ကိုပိုပြီး ဖိအားပေးရေးဦးထွန်းခင်က တိုက်တွန်းနေတာပါ။ အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ ဗြိတိန်အခြေစိုက်မြန်မာ-ရိုဟင်ဂျာအသင်းရဲ့ ဥက္ကဌ ဦးထွန်းခင်ကို ဝါရှင်တန်ဒီစီ RFA ရုံးချုပ်မှာ စောဖိုးခွား က တွေ့ဆုံမေးမြန်းထားပါတယ်။

လင့်၊https://www.youtube.com/watch?v=9FqwfPStBOc

ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို သွားလေ့လာဖို့ မျှော်လင့်နေ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-09-17

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် Li Jiming နဲ့ ကော့ဘဇားခရိုင် Shalbagan ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်တွေ ၂၀၁၉ စက်တင်ဘာ ၁၆ ရက်နေ့ကတွေ့ဆုံစဉ်
Photo: BenarNews
ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ကို ရခိုင်ပြည်နယ် အခြေအနေတွေ သွားရောက်လေ့ လာမယ့် အစီ အစဉ် တစ်ခုလုပ်ဖို့ တရုတ်နိုင်ငံက ကမ်းလှမ်းထားပြီး ဒီကမ်းလှမ်းချက်ကို ရိုဟင်ဂျာ ခေါင်းဆောင် ပိုင်းရော၊ ဘင်္ဂလားဒေ့ရှ် အစိုးရပိုင်းကပါ လိုလားနေကြတယ်လို့ သိရပါတယ်။

Sunday, August 11, 2019

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် Biometric မှတ်ပုံ တင် ပြုလုပ်

VOA
ဗွီအိုအေ (မြန်မာဌာန) 
11 သြဂုတ်၊ 2019
မခွာညို
 
                                                             ရိုဟင်ဂျာ ဒုက္ခသည်များ (Courtesy Image) 

ဘင်္ဂလားဒက်ရှ်မှာ နေနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၅သိန်းကျော်ဟာ သူတို့အတွက် ပေးတဲ့ အကူအညီတွေ အခက်အခဲမရှိဘဲ ရနိုင်တဲ့ သက်သေခံအထောက်အထားတွေကို လုပ်ပေးထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ ဒီအကြောင်း UNHCR ဌာနချုပ်ရှိရာ ဂျနီဗာကနေ Lisa Schlein က သတင်းပေးပို့ထားတာကို ဆက်ပြီး ပြောပြပေးပါမယ်။

Thursday, August 8, 2019

ရိုဟင်ဂျာဒုက္ခသည်ငါးသိန်းကျော်ကို မှတ်ပုံတင်ကတ် ထုတ်ပေးပြီးဖြစ်

RFA
လွတ်လပ်တဲ့ အာရှအသံ
09.08.2019


■ ရိုဟင်ဂျာပြဿနာဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တယ်လို့ အိန္ဒိယနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ကော်မရှင်နာမင်းကြီးက သတိပေးလိုက်ပြီး၊ ဒုက္ခသည်တွေကို မူလတိုင်းပြည် အမြန် ဆုံးပြန်ပို့တဲ့နည်းနဲ့ ပြဿနာကို စောစောဖြေရှင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */