RFA
လွတ်လပ်တဲ့ အာရှအသံ
■ ရိုဟင်ဂျာပြဿနာဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တယ်လို့ အိန္ဒိယနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ကော်မရှင်နာမင်းကြီးက သတိပေးလိုက်ပြီး၊ ဒုက္ခသည်တွေကို မူလတိုင်းပြည် အမြန် ဆုံးပြန်ပို့တဲ့နည်းနဲ့ ပြဿနာကို စောစောဖြေရှင်းဖို့ တိုက်တွန်းလိုက်ပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
09.08.2019
ဒီပြဿနာဖြေရှင်းရေးအတွက် မြန်မာနဲ့ ကုလသမဂ္ဂကြား သဘောတူလက်မှတ်ရေးထိုးဖို့ လိုအပ်လိမ့်မယ် လို့လည်း ပြောပါတယ်။
ဒီအတွင်း ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခဲ့ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင် တွေနဲ့ ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ ပူးပေါင်းပြီး ဒုက္ခသည် ၅ သိန်း ကျော်အတွက် အချက်အလက်အပြည့်အစုံနဲ့ မှတ်ပုံတင်ကတ်တွေ ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။
အသက် ၁၂ နှစ်ကျော်သူတိုင်းရဲ့ လက်ဗွေနဲ့ မျက်စိသူငယ်အိမ်တွေကို မှတ်သားထားတဲ့ ဇီဝဗေဒဆိုင်ရာနဲ့ ကိုယ်ရေးအချက်အလက်မှန်တွေ ပါဝင်ပြီး၊ အတုအပမလုပ်နိုင်တဲ့ တရားဝင်မှတ်ပုံတင်ကတ် အစစ်တွေပေး မှ ကူညီရေး အဖွဲ့တွေအနေနဲ့ လိုအပ်တာတွေ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ UNHCR က ပြောပါတယ်။
မှတ်ပုံတင်ကတ်အသစ်တွေအရ ဒုက္ခသည်တွေရဲ့ မူလတိုင်းပြည်ဟာ မြန်မာနိုင်ငံဖြစ်ကြောင်း ဖော်ပြထား လို့ သူတို့အနေနဲ့ မူလနေရပ်ကို လုံလုံခြုံခြုံပြန်နိုင်ကြမှာဖြစ်ကြောင်းလည်းပြောပါတယ်။
Photo: AFP

No comments:
Post a Comment