ဗွီအိုအေ (မြန်မာဌာန)
စုစု
02 ဒီဇင်ဘာ၊ 2019

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် နှစ်ဘက် အစိုးရတာဝန်ရှိသူတွေက အစီအ စဉ် ဆွဲဆောင်ရွက်နေကြပေမယ့်လို့ နှစ်ဘက် သဘောတူညီချက် အစီအစဉ်အရ ပြန်လည်ဝင်ရောက်သူတွေ ဒီနေ့အထိ မရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာကြတဲ့ ဒုက္ခသည် အရေ အတွက်ကတော့ ၄၀၀ ကျော်လာပါပြီ။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အခြေအနေနဲ့ ပတ် သက် လို့ စုစု မေးမြန်းသတင်းပေးပို့ထားပါတယ်။
နေရပ်ပြန်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပေးပို့လာတဲ့ ဒုက္ခသည် ၂၂,၄၃၂ ဦးထဲက ၂၁,၂၄၃ ဦးကို စိစစ် ဆောင်ရွက်ပြီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက ၃,၄၅၀ ဦးစာရင်းကို နှစ်ဘက်အစီအစဉ်နဲ့ လက်ခံရေးဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပေး ပို့ထားတယ်လို့လည်း နိုင်ငံ ခြားရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါပေမဲ့ စိစစ်တဲ့နေရာမှာ ဘယ်နှစ်ဦး က ငြင်းပယ်တယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်တာမျိုး မရှိပါဘူး။
နေရပ်ပြန်သူတွေကို စိစစ်ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တောင်ပြိုလက်ဝဲ လက်ခံရေးစခန်း က လူဝင်မှုကြီးကြပ်ရေးဌာန ဒုညွှန်ကြားရေးမှူး ဦးအောင်ဖြိုးဟန်က ပြောပါတယ်။
“အသုတ်လိုက် ခွဲစစ်တယ် ကျနော်တို့။ ခွဲစစ်တယ်ဆိုတာ ကျနော်တို့ဘက်ကတော့ ဒီမှာ အမှန်တကယ် နေထိုင်ခဲ့ ဖူးသူ ဟုတ်၊ မဟုတ် ကျနော်တို့ စစ်တာပေါ့နော်။ ပြည်ထဲရေးဘက်ကတော့ သူတို့ပြစ်မှုဆိုင်ရာ တစုံ တရာ ငြိစွန်းမှုရှိ၊ မရှိပေါ့နော်။ အဲဒါနဲ့ စစ်တယ်ပေါ့။ အဲနှစ်ခု ကျနော်တို့ ပေါင်းပြီးတော့မှ စိစစ်ပြီးတဲ့ အချက် တွေပေါ့။ သူတို့ဝင်လာရင် ဒီအဖွဲ့တွေထဲက ပြန်ပြီးတော့မှ Check (စစ်ဆေး) လုပ်ပြီးမှ ဒါကိုခွင့်ပြုပြီးပြီဆို
တော့ မှ G to G (အစိုးရချင်း) ပေါ့နော်။ အဲလိုမျိုးစိစစ်ပေးထားတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ ၄၀၀ ကျော် က တော့ UEHRD အစီအစဉ်နဲ့ မိမိဆန္ဒသဘောအလျောက် ဒါ ကျနော်တို့ G to G မဟုတ်ဘဲနဲ့ သူတို့ပြန်ဝင် လာတဲ့ အဖွဲ့တွေပေါ့နော်။”
ဒုက္ခသည်ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး နှစ်ဘက် အစိုးရအကြား အပြန်အလှန်စာရင်း ပို့ဆောင်တာ တွေ ရှိနေပေမယ့်လည်း နှစ်ဘက် အစိုးရပူးတွဲ အစီအစဉ်အရ ပြန်ဝင်လာတဲ့ ဒုက္ခသည်တွေတော့ အခုထိ မရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ဝင်လာတဲ့ ဒုက္ခသည်တွေကို မြန်မာဘက်က သီးခြား စီ စစ် ဖို့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတို့မှာ လက်ခံနေရာချထားပေးနေပါတယ်။ ဒါပေမဲ့လည်း ပြန်လည် ဝင် ရောက်လာသူအများစုက လုံခြုံ ရေးအခြေအနေကြောင့် သူတို့တွေရဲ့ ဆွေမျိုးနီးစပ်အိမ်မှာသာ နေထိုင်ကြ တာ များတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
“လုံခြုံရေး အခြေအနေအရပေါ့။ မသွားချင်သေးဘူးဆိုတာ သူတို့ပြန်ဝင်လာတည်းက ဟိုဘက်မှာက ပြန် သွား ရင်သတ်မယ်၊ ပြုမယ်နဲ့ ခြိမ်းခြောက်မှုတွေရှိတာကို ဘင်္ဂလားဒေ့ရှ်ဘက်မှာလေ။ ကျန်တာတော့ မရှိပါ ဘူး။ အများအလိုက် ပြန်ဝင်လာရင်တော့ သူတို့နေရာချဖို့ မြန်တာပေါ့ဗျာ။ သူတို့ဟာနဲ့ သူတို့ပြန်ဝင် လာ တော့ ကျနော်လည်း ပြန်နေရာချဖို့က နည်းနည်း စီစဉ်ရခက်တာပေါ့။ ကျန်တာတော့ သိပ်အခက်အခဲ မရှိပါ ဘူး။ သူတို့လည်း ဒီတိုင်းအေးအေးချမ်းချမ်း နေကြတာပဲ။ ဒီက မြို့ပေါ်မှာရှိတဲ့ တိုင်းရင်းသားကလည်း ဘာ မှပြဿနာ မရှာပါဘူး။”
အစိုးရက ပြန်လည် ဝင်ရောက်လာသူတွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနေပြီး သူတို့ကိုယ်တိုင်ကလည်း ရှာဖွေစားသောက်နေတယ်လို့ ဦးစိုးအောင်က အခုလို ဆက်ပြောပါတယ်။
“အဓိကတော့ သူတို့က အရင်ကတော့ ရွာတွေကဆိုတော့ စိုက်ပျိုးရေးပေါ့ဗျာ။ စိုက်ပျိုးရေးတို့၊ ပုစွန်ကန်တွေ မွေးမြူရေးပေါ့။ ဒါပေမဲ့ ခုကကျတော့လည်း ဘယ်လိုပြောမလဲ နီးစပ်ရာ နီးစပ်ရာပေါ့။ သူတို့ဆွေမျိုးတွေနဲ့ ပေါင်းလုပ်တာတွေ ရှိမယ်။ နောက် နေ့စားလုပ်တာတွေ ရှိတာပေါ့နော်။”
ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ဝင်လာသူတွေကို မြန်မာအစိုးရက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု ကူညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အစီအစဉ်နဲ့ ပြန်လည် လက်ခံနေတာပါ။
တဘက်နိုင်ငံကို ထွက်ပြေးသွားကြသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုမှုအပေါ် မြန်မာအစိုးရက လက်မခံပေမဲ့ ဒုက္ ခသည်တွေနေရပ် ပြန်နိုင်ရေးအတွက်ကိုတော့ အာစီယံအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေသလို၊ UNDP ၊ UNHCR အဖွဲ့တွေနဲ့လည်း MOU လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်။
Link : Here
No comments:
Post a Comment