" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 1, 2023

ရိုဟင်ဂျာ နေရပ်ပြန်ရေး ဆွေးနွေးနေဆဲ

VOA
ဇော်မိုးကျော်
၀၂ နိုဝင်ဘာ၊ ၂၀၂၃ 

မြန်မာပြည်ဘက်က ရောက်လာမယ့် စစ်ကောင်စီအဖွဲ့ဝင်တွေကို တွေ့ဖို့ စောင့်ဆိုင်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာများ။ (အောက်တိုဘာ ၃၁၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးဆွေးနွေးဖို့ စစ်ကောင်စီတာဝန်ရှိသူတွေဟာ အင်္ဂါနေ့ က ဘင်္ဂလားဒေ့ရှ် ကိုသွားပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ မူလနေရပ်ကို ပြန် လာချင်ပေမယ့် သူတို့ရဲ့တောင်းဆိုချက်တွေကို စစ်ကောင်စီဘက်က မလိုက်လျောသေးတာကြောင့် ပြန်ဖို့ခက်ခဲ နေ တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထား ပါ တယ်။


စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေကြောင့် တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခ သည် တွေ နေရပ်ပြန်ခေါ်ရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ စစ်ကောင်စီကြား ဆွေးနွေးနေတာပါ။ မြန်မာ အာဏာပိုင်တွေဘက်ကလည်း မကြာခဏဆိုသလို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီးတော့ ဒုက္ခ သည်တွေနဲ့ တွေ့ဆုံတာ၊ အချက်အလက်တွေကောက်ယူနေပေမယ့် အခုအချိန်ထိ ဒုက္ခသည်တွေပြန်လာတာတော့ မတွေ့ရသေးပါဘူး။

အင်္ဂါနေ့ကလည်း စစ်ကောင်စီတာဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတချို့ကိုသွားပြီး ဒုက္ခ သည်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်း အမှတ် ၂၄ က ရိုဟင်ဂျာဒုက္ခသည်တဦးက ပြောပါတယ်။

“မနေ့က ဒုက္ခသည်စခန်းကိုရောက်လာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က သူတို့က ခရိုင်အဆင့်ပဲရှိတယ်။ ပြည်နယ် အဆင့်တောင် မရှိဘူး။ ဒီမှာရောက်လာတာက၊ ခယက၊ မယကတို့ လဝကတို့ သူတို့ပဲ ရောက်လာတာပါ။ ၃၅ ဦးပါ တယ်-သူတို့အဖွဲ့က။ ဒီက ဘင်္ဂလား ဒေ့ရှ် BGB အဖွဲ့ကကြိုဆိုပြီးတော့ လက်ခံတယ်။ လက်ခံပြီးတော့ ကမ့် (ဒုက္ခ သည်စခန်း) ၂၇ -၂၆ -၂၄ မှာရှိတဲ့လူတွေကို မေးတယ်၊ သူတို့က တခြားသူတွေကို မမေးဘူး။ စာရင်းပါတဲ့ လူတွေ ကိုမေးတယ်၊ မေးတာက ခင်များတို့က မြန်မာကိုပြန်သွားချင်လား။ ဟုတ်တယ်။ ကျနော်တို့ ခပ်မြန်မြန် အခုသွားချင် တယ်၊ ဒီမှာ မနေချင်ဘူး။ အဲလိုပြောလိုက်ပါတယ်။”

အခုလို မြန်မာစစ်ကောင်စီ တာဝန်ရှိသူတွေလာရောက်တဲ့အချိန်မှာ ဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်လိုကြောင်းနဲ့ သူတို့တောင်းဆိုထားတဲ့အချက်တွေကို ထပ်မံပြောဆိုခဲ့ကြပေမယ့် အင်္ဂါနေ့ကရောက်လာတဲ့သူတွေဟာ ခရိုင်နဲ့မြို့ နယ် အဆင့် တာဝန်ရှိသူတွေ လောက်သာဖြစ်တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ တောင်းဆိုချက်တွေကို တင်ပြ ပေးမယ့်အကြောင်းလောက်သာ ပြောသွားတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကတော့ နေရပ်ပြန်ချင်ပေမယ့် စစ်ကောင်စီကို အယုံအကြည်မရှိသလို သူတို့တောင်းဆို ထားတဲ့ နိုင်ငံသားအခွင့်အရေးအပြည့်အဝရရှိရေး လုံခြုံရေး အာမခံချက်ရရှိရေးနဲ့ မူလနေရာမှာ ပြန်လည်နေ ထိုင်ရေး ၁၉၈၂ နိုင်ငံသားဥပဒေ ပြင်ဆင်ရေး စတဲ့အချက်တွေကို စစ်ကောင်စီက လိုက်လျောပေးမှသာ နေရပ်ပြန် လာနိုင်မယ်လို့ ရိုဟင်ဂျာဒုက္ခသည်တဦးက ပြောပါတယ်။

“မြန်မာကိုယ်စားလှယ်တွေ ပြောနေတာက ကျနော်တို့ ဒီကနေ လှဖိုးခေါင်ဒုက္ခသည်စခန်းမှာထားမယ်လို့ပြောတယ်။ အဲဒါကို ကျနော်တို့ ရိုဟင်ဂျာတွေက လုံးဝ လက်မခံဘူး၊ ကျနော်တို့ ဒီကနေ တောက်လျောက် အိမ်ပြန်မယ်။ ဘင်္ဂ လားဒုက္ခသည်စခန်းကနေ တောက်လျောက် Go Home ပဲ သွားမှာ၊ မူလနေရာကို သွားနိုင်မှသာ ကျနော်တို့သွားမှာ၊ ပြန်ဖို့လည်း အဆင်သင့်ပဲ။ မနက်ခေါ်ရင် ညနေသွားဖို့ အဆင်သင့်ပဲ။ နောက်တခုက ၁၉၈၂ နိုင်ငံသား ဥပဒေကို ဖျက်သိမ်းပေးရမယ်။ ဒီဥပဒေရှိနေသရွေ့ ကျနော်တို့ နိုင်ငံသားအခွင့်အရေးရမှာမဟုတ်ဘူး၊ စစ်အစိုးရကိုလည်း ကျနော်တို့မယုံဘူး။”

လက်ရှိဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ စားဝတ်နေရေး အကြပ်အတည်းတွေ နဲ့ ရင်ဆိုင်နေကြရသလို ARSA အစွန်းရောက်အဖွဲ့တွေရဲ့ သတ်ဖြတ်ဖမ်းဆီး လုယက်တာတွေနဲ့ပါ ရင်ဆိုင်နေကြရ တာပါ။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်းသိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ခေါ်ဖို့ စစ်ကောင်စီကိုမကြာခ ဏတိုက်တွန်းသလို တခြားနိုင်ငံတကာအဖွဲ့စည်းတွေကလည်း ဒုက္ခသည်နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး စစ်ကောင် စီကို ဖိအားပေးနေတာပါ။ စစ်ကောင်စီအနေနဲ့ ဒုက္ခသည်နေရပ်ပြန်ရေးကိစ္စ စီစဉ်ဆောင်ရွက်နေတယ်လို့ မကြခ ဏပြောတာတွေလည်း ရှိပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */