RFA
2023.11.09
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။ Reuters
လူမျိုးတုန်းသတ်ဖြတ်ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် အပြည်ပြည်ဆိုင်ရာမှာ တရားမျှတမှုရရှိစေဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တာ၀န်ရှိပေမယ့် ရိုဟင်ဂျာ တွေ အတွက် ရရှိသင့်တဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ Fortify Rights လူ့အခွင့်အရေး အဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာဟာ လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ၂၀၁၈ ခုနှစ်ကစပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေ မှတ်တမ်းတွေကို သုံးသပ် မယ့် အစီအစဥ်အတွက် Fortify Rights က အကြံပြုတင်ပြတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။
Fortify Rights အနေနဲ့ အကြံပြုချက် ၁၅ ချက်ကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာမှာ အဓိကအနေနဲ့ ရိုဟင်ဂျာတွေကို စစ်သွေးကြွတွေက ဘယ်လိုသတ်ဖြတ်တာ ခံနေရသ လဲ၊ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ရိုဟင်ဂျာတွေကို ဥပဒေမဲ့ ဖမ်းဆီးနေတဲ့ကိစ္စ၊ ရိုဟင်ဂျာတွေရဲ့ လွတ်လပ်စွာ လှုပ်ရှားခွင့်တွေကို အာဏာပိုင်တွေက ဘယ်လိုချိုးဖောက်နေသလဲ စတဲ့အချက်တွေ အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေ တရားမျှတမှု ရရှိရေးအတွက် ဘယ်လို အထောက် အပံ မျိုးတွေ ဆောင်ရွက်ပေးနေသလဲဆိုတဲ့ အချက်တွေ သုံးသပ်တင်ပြထားပါတယ်။
ဆက်နွယ်သောသတင်းများ

- ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ရိုဟင်ဂျာ ခြောက်ဦး ဘူးသီးတောင်မှာ ဖမ်းဆီးခံရ
- မြန်မာစစ်တပ်ကို ထပ်တိုးအရေးယူဖို့ ဩစတြေးလျကို အဖွဲ့အစည်းလေးရာကျော် တောင်းဆို
- ထိုင်းနဲ့ မလေးရှားကို လှေနဲ့ထွက်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၂၂၆ ဦး ဖမ်းဆီးခံရ
- ရိုဟင်ဂျာတွေ ပြန်လက်ခံရေး မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေ
- မောင်တောကိုပြန်လာတဲ့ ရိုဟင်ဂျာကလေးငယ်လေးဦး ဖမ်းဆီးစစ်ဆေးခံရ.
No comments:
Post a Comment