" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 18, 2023

ရိုဟင်ဂျာတွေအတွက် ဒေါ်လာ ၅ သန်းခွဲ ဗြိတိန် ထောက်ပံ့ မည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၁၇ အောက်တိုဘာ၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပေါင်ငွေ ၄ သန်းခွဲ (အမေရိကန်ဒေါ်လာ ၅ သန်းခွဲ) နောက်ထပ် ထောက်ပံ့မယ့်အကြောင်း ဗြိတိန်အစိုးရက ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ဘေး ကင်းလုံခြုံပြီး၊ ကိုယ့်သဘောဆန္ဒနဲ့အညီ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အပါအဝင် ရိုဟင်ဂျာအ ရေး ရေရှည်အဖြေရဖို့ သန္နိဓာန်ချထားကြောင်းလည်း ဗြိတိန်အစိုးရရဲ့ အင်ဒိုပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။ ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်သေး ခင် မှာ လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက် ပေးအပ်သွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ အကျပ်အတည်းတွေကြောင့် ရိုဟင်ဂျာအရေး အပါအဝင် လက်ရှိပြဿနာတွေကို မေ့မ ထားဖို့နဲ့ ကူညီထောက်ပံ့မှုတွေ ဆက်ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ အေဂျင်စီအကြီးအကဲက တိုက်တွန်းနေချိန်မှာပဲ ဗြိတိန်က နောက်ထပ် အကူအညီပေးဖို့ ကြေညာလိုက်တာပါ။ ရိုဟင်ဂျာ ဒုက္ခ သည်အရေး အဆင့်မြင့် အစည်းအဝေးအတွက် ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ကတော့ ရိုဟင်ဂျာတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေ ဒေါ်လာ ၈၇၅ သန်းကျော်မှာ ၄၀ ရာခိုင်နှုန်းကျော်သာ ရရှိထားသေးတယ်လို့ ပြောဆိုထားပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */