" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 4, 2023

အူခီးယာဒုက္ခသည်စခန်းတွင်ARSA နှင့် RSOကြား တိုက်ခိုက် မှုများ ဖြစ်ပြီး ARSA ထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံး

DMG
October 5 2023

ပုံစာ - ၂၀၂၂ ခုနှစ် ဧပြီလက အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့သည့် ဗွီဒီယိုဖိုင်တွင်တွေ့ရသော ARSA တပ်ဖွဲ့ဝင်များ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ အူခီးယာဒုက္ခသည်စခန်းတွင် ယနေ့ အောက်တိုဘာလ ၄ ရက် အစောပိုင်းက ARSA နှင့် RSO အဖွဲ့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေလီစတားသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ 

သေဆုံးသူများမှာ အသက် ၃၂ နှစ်အရွယ် ယူဆွတ်ခေါ် ချာမိုင်ယာယူဆွတ်နှင့် ၁၅ နှစ်အရွယ် အာရာဖက်ဟိုဆိန်း တို့ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

စခန်းအမှတ် ၈ အနောက်တွင် ယနေ့အာရုံ ၂ နာရီခန့်က နှစ်ဘက်အုပ်စုအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်ရဲတပ်ရင်း APBn ၁၄ ၏ လက်ထောက် စုံစမ်းစစ်ဆေးရေးမှူး ဗိုလ်ကြီး မိုဟာမက်အစ်ကဘာ၏ ပြောကြားချက်အရ သိရသည်။

သေဆုံးသူနှစ်ဦးအနက် ချာမိုင်ယာယူဆွတ်သည် ARSA အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ကာ သေနတ် နှင့် ပစ်ခံခဲ့ရသလို ဓားနှင့်ပါ ထိုးခံထားရပြီး သေဆုံးသွားခြင်းဖြစ်သည်။ စခန်းအမှတ် ၉ တွင်နေထိုင်သူ ယူဆွတ် သည် လူသတ်မှုသုံးမှုတွင် စွပ်စွဲခံထားရသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။အာရာဖက် မှာလည်း RSO ထောက်ခံသူ တစ်ဦးဖြစ်ကာ ယနေ့နံနက် ၅ နာရီခန့်က စခန်းအမှတ် ၁၅ တွင် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း APVn-8 ၏ လက်ထောက်စုံစမ်းစစ်ဆေးရေးမှူး ဗိုလ်ကြီး အာမီယာဇာဖားက ပြောကြားသည်။

စခန်း ၈ တွင် အာဆာခေါင်းဆောင် အသတ်ခံရသည်ကို လက်တုံ့ပြန်သည့်အနေနှင့် ဆယ်ကျော်သက်လူငယ် အာရာဖက်ကို သတ်ဖြတ်ခဲ့ကြခြင်းဟု ဒုက္ခသည်များက ပြောကြသည်။ အဆိုပါ သေဆုံးမှုများ ဖြစ်ပြီးနောက်ဒုက္ခ သည်စခန်းများတွင် အခြေအနေများ တင်းမာလျက်ရှိကြောင်းလည်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်းရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည် တစ်သန်းခန့် နေထိုင်လျက်ရှိသည်။ စခန်းများ ၌ ရာဇဝတ်မှုများ အလွန်ထူပြောပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ရဲတပ်ဖွဲ့က တရားဝင် မှတ်တမ်းတင်ထားသည့် မှုခင်းစုစုပေါင်း ၁၂၀၀ ခန့်ရှိကာ အသတ်ခံရသူ ၃၁ ဦး ရှိခဲ့သည်။ 

ARSA နှင့် RSO တို့သည် အဆိုပါစခန်းများ၌ သြဇာလွှမ်းမိုးရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိကာ နှစ် ဘက်အုပ်စုကြား ပဋိပက္ခများ၊ တိုက်ခိုက်မှုများလည်း မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ပြီးခဲ့သည့် ဇူလိုင် လ ၇ ရက်နေ့ကလည်း ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၈ တွင် ARSA နှင့် RSO အကြား ပစ်ခတ်မှုများ ဖြစ် ပွားခဲ့ပြီး ငါးဦး သေဆုံးခဲ့သည်။




No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */