" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 31, 2023

ရိုဟင်ဂျာ ၂,၈၀၀ ပြန်လက်ခံရန် စစ်ကောင်စီကိုယ်စားလှယ် အဖွဲ့ ဘင်္ဂလားဒေ့ရှ် သွားရောက်

DVB
October 31, 2023

စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးလည်းဖြစ်၊ လူဝင်မှုကြီးကြပ် ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးစောနိုင် ခေါင်းဆောင်တဲ့အဖွဲ့ဟာ နေ ရပ်စွန့်ခွာသွားတဲ့ ရိုဟင်ဂျာ ၂,၈၀၀ ပြန်လည်လက်ခံဖို့ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို သွားရောက်နေတယ်လို့ ပြန်လည်လက်ခံရေး တာဝန်ရှိတွေထံက သိရပါတယ်။

ဒုက္ခသည်ပြန်လည်နေရာချထားပေးရေး တာဝန်သူတဦးက “အဓိကကတော့ မြန်မာဘက်ကို ပြန်လာ ချင်လို့ စာရင်းပေးထားတဲ့ မိသားစုတွေနဲ့ တွေ့ဆုံသွားမှာ။ သူတို့ပြန်လာနိုင်ဖို့ စီစဥ်ဆောင်ရွက်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့ အသေးစိတ် ဆွေးနွေးသွားဖို့ရှိတယ်။ ဒီပွင့်လင်းရာသီ မှာ နေရပ်စွန့်ခွာသူ ၂,၈၀၀ လောက်အထိ လက်ခံဖို့ ပြင်ဆင်ထားတယ်။”

ဦးစောနိုင် ဦးဆောင်တဲ့အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးတဦး ပါဝင်ပြီး စစ်တွေအ ခြေစိုက် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်နဲ့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေဦးနဲ့ တခြား လ.ဝ.က အရာရှိတွေ လိုက်ပါသွားခဲ့ကြပါတယ်။

မြန်မာဘက်မှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်တွေကြောင့် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး သွားခဲ့ကြရတဲ့ ရိုဟင်ဂျာ ၆ သိန်းကျော်အနက် ၂,၈၀၀ ကို ပြန်လည်ခေါ်ယူသွားမှာလည်း ဖြစ်ပါတယ်။

အဲဒီလို ပြန်လည်လက်ခံပြီး နေရာချထားပေးရာမှာ မောင်တောတောင်ပိုင်း ကျေးရွာတွေ မပါဝင်ဘဲ မောင်တောမြောက်ပိုင်းက ကျေးရွာ ၁၅ ရွာအထိသာ ပြန်လည်နေရာချထားပေးဖို့ စီစဥ်ထားကြောင်း တာဝန်သူတဦးက ဆိုပါတယ်။

“ပြန်လည်ဝင်ရောက်လာသူတွေကို မောင်တောမြောက်ပိုင်းက ကျေးရွာ ၁၅ ရွာမှာပဲ ပြန်လည်နေရာချ ထားပေးဖို့ စီစဥ်ထားတယ်။ တောင်ပိုင်းကျေးရွာတွေ မပါဘူးဗျ။ မြောက်ပိုင်းမှာပဲ ချပေးသွားမှာ။”

မောင်တောမြောက်ပိုင်းက စစ်ကောင်စီ ပြန်လည်နေရာချထားမယ့် ကျေးရွာတွေမှာ လှဖိုးခေါင်၊ သဲ ချောင်း၊ ကျောက်လှေကား၊ သက်ကယ်ပြင်၊ ဒါးကြီးစား၊ စံပယ်ကုံး၊ ဒိုးတန်း၊ ဘင်္ကာဂုံးနား၊ ကြိမ် ချောင်း တောင်၊ ကျောက်ပြင်ဆိပ်အရှေ့၊ ကျောက်ပြင်ဆိပ်အနောက်၊ ကျောက်ပြင်ဆိပ်တောင်၊ ပွင့်ဖြူချောင်း၊ ကျွန်းပေါက်ပြင်စုနဲ့ မြို့မိချောင်းတို့ ဖြစ်တယ်လို့ ထွေအုပ်စာရင်းများအရ သိရပါတယ်။

မတ်လ ၁၅ ရက်ကလည်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာဘက် ပြန်လာနိုင်ရေး တွေ့ဆုံစည်းရုံးခဲ့ပါသေးတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */