" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 18, 2023

ရိုဟင်ဂျာတွေအတွက် ဗြိတိန်က ပေါင် ၄ သန်းခွဲ ထပ်မံ ထောက်ပံ့

BBC
ဘီဘီစီမြန်မာပိုင်း
၁၈ အောက်တိုဘာ ၂၀၂၃ 

ဘင်္ဂလားဒေ့်ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာတွေအတွက် ပေါင် ၄ သန်းခွဲ ( ‌အမေရိကန် ဒေါ် လာ၅ သန်း ခွဲ)  ကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအတွက် ဗြိတိန်အစိုးရ က ထောက်ပံ့ကူညီ သွား မယ်လို့ မနေ့အောက်တိုဘာ ၁၇ ရက်က ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ရိုဟင်ဂျာအရေး ကုလသမဂ္ဂရဲ့ လူသားချင်းဆိုင်ရာအကူအညီ‌ပေးရေး ‌အဖွဲ့ UNHCR ရဲ့ ညီလာခံမှာ ယူကေအစိုးရရဲ့ အင်ဒို - ပစိဖိတ် ဝန်ကြီး အန်နီမာရီ ကပြောပါတယ်။

ဒီအကူအညီပေးရေးမှာ ရိုဟင်ဂျာဒုက္ခသည်တွေသာမက သူတို့ကို ကူညီလက်ခံစောင့်ရှောက်ပေးနေ တဲ့ ဘင်္ဂလားဒေ့ရှ် က လူမှုအသိုင်းအဝိုင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုတွေ ပံ့ပိုးပေးနိုင်ဖို့ ဒီ ပေါင်ငွေ ၄ သန်းခွဲကို ‌ထပ်မံပေးအပ်တာလို့ဆိုပါတယ်။

'' ရိုဟင်ဂျာအကျပ်အတည်းအတွက် ရေရှည်အဖြေရှာဖို့ ဗြိတိန်အစိုးရက ကတိပြုထားပါတယ်။ ရိုဟင် ဂျာ တွေ သူတို့ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ မြန်မာနိုင်ငံကို လုံခြုံစွာပြန်နိုင်ဖို့လည်းပါပါတယ် '' လို့ ယူကေဝန်ကြီး ကပြောပါတယ်။

ရိုဟင်ဂျာတွေ သူတို့ရဲ့ နေရပ်ကို ဘေးကင်းစွာ မပြန်နိုင်မချင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ ဆက်လက်ပေးသွားဖို့ လည်း ယူကေက ကတိပြုပြောပါတယ်။

အခု ထပ်ပေးတဲ့ ပေါင် ၄ သန်းခွဲ ထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေ နဲ့ သူတို့ကိုလက်ခံထားတဲ့ လူ့မှုအဖွဲ့အ စည်း တွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှု ၊ သန့်ရှင်းတဲ့ ‌သောက်သုံးရေရဖို့ နဲ့ အမျိုးသမီး နဲ့ က လေးတွေ အကာအကွယ်ပေးနိုင်တဲ့အစီအမံတွေအတွက် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ကို ပေါင် ၂ ဒသမ ၁ သန်းထောက်ပံ့တာလည်းပါဝင်သလို နောက်ထပ်ငွေကြေးတွေက ကုလ အပါအဝင် တခြားနိုင်ငံတကာအဖွဲ့အစည်းတွေကို ထောက်ပံ့ပေးအပ်ထားတယ်လို့ဆိုပါတယ်။

ယူကေဝန်ကြီးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး နဲ့လည်းတွေ့ဆုံမှာဖြစ်သလို ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီ တို့နဲ့လည်းတွေ့ဆုံမှာဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */