" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒုက္ခသည်. Show all posts
Showing posts with label ဒုက္ခသည်. Show all posts

Friday, May 22, 2020

မြန်မာ ရိုဟင်ဂျာနှိပ်ကွပ်မှု လူမျိုးတုန်းအဆင့်သတ် မှတ် ဖို့ကန်ဝန်ကြီးကို ဒုက္ခသည်အဖွဲ့တွေ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
2 မေ၊ 2020 
မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှုဟာ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်တဲ့အကြောင်း အမေရိ ကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo အနေနဲ့ လက်ခံပြီး ဒီစကားရပ်ကို ခေါ်ဝေါ်အသုံးပြုဖို့ တင်ပြ လျှောက် ထားလွှာ ကောက်ယူမယ့် အစီအစဉ် (Petition) ကို မေလ ၂၁ ရက်နေ့ကစတင် လိုက်ပြီလို့ Refugees International အဖွဲ့က ပါတယ်။

Friday, May 8, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွား နိုင်ခြေများနေ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
2020-05-07
ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေတဲ့အချိန်အတောအတွင်း ထိခိုက်အလွယ်ဆုံး လူနည်းစုတွေကို ဘယ်လို အကာအကွယ်ပေးသင့်သလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲတခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီ စီမြို့တော်မှာ မနေ့က အင်တာနက်တာနက်ကတဆင့်ကျင်းပခဲ့ပြီး အဲဒီမှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။

Wednesday, October 23, 2019

ဘင်္ဂလားဒေ့ရှ်ရောက် မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင် ကြပါဦးမလား

Frontier
MYANMAR
Wednesday, October 23, 2019
စည်သူအောင်မြင့် ရေးသားသည်။


ဒုက္ခသည်တွေ နေရပ်ကိုဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးမှာ အပြုသဘောဆောင်ဖြေရှင်းနည်းလိုအပ်သလို နိုင်ငံရေးကစားတာမျိုး မလုပ်ကြဖို့လည်း လိုပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်မှာ အာဆာအဖွဲ့ ARSA က အကြမ်းဖက် တိုက်ခိုက်မှု လုပ်ခဲ့တာ ၃ နှစ် ပြည့်ခဲ့ပါပြီ။

Saturday, August 3, 2019

ဘင်္ဂလားဒေ့ရှ်ဟာ ခေတ်သစ်ထွက်မြောက်ရာ နယ်မြေ ဖြစ်နေဟု ဘုန်းတော်ကြီးမောင်ဘိုပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားက ရိုဟင်ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့တဲ့ ကာဒီနယ် ချားလ်စ် ဘို ကို ၂ဝ၁၉ ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ် Photo: Caritas Bangladesh

အာရှကက်သလစ်သာသနာပိုင်ချုပ်များ ဖယ်ဒရေးရှင်း ဥက္ကဋ္ဌ ဖြစ်တဲ့ မြန်မာနိုင်ငံ ကက်သလစ် သာသနာပိုင် ချုပ် ဘုန်းတော်ကြီး ချားလ်မောင်ဘို ဦးဆောင်တဲ့ ရိုမန်ကက်သလစ် သာသနာပိုင်ချုပ်ဆရာတော်တွေ ပါဝင် တဲ့ အဖွဲ့ဟာ ဇူလိုင်လ ၂၉ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ကြ ပြီး ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ ကက်သလစ် သတင်းဌာန Crux က မနေ့က ရေးသားလိုက်ပါတယ်။

Wednesday, May 22, 2019

ဒုက္ခသည်တွေနဲ့လူမှုအဖွဲ့တွေ တင်ပြချက် မြန်မာ အစိုးရနဲ့ ဆွေးနွေးမယ်လို့ မဟာမင်းကြီးပြော

RFA 
လြတ္လပ္တဲ့ အာရွအသံ   
2019-05-22
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi ကို စစ်တွေမြို့မှာ ၂၀၁၉ မေ ၂၂ ရက်နေ့က တွေ့ရစဉ်
                                                                        Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေ လုံခြုံတဲ့ အမိုးအကာရရှိရေးကိစ္စ အပါအဝင် လူသားချင်း စာ နာမှုဆိုင်ရာ အထောက်အပံ့တွေ အပြည့်အဝ ရရှိရေးအတွက် ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့ တွေနဲ့ ဒုက္ခ သည်တွေရဲ့ တင်ပြချက်ကို မြန်မာအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာမဟာမင်းကြီး Mr.Filippo Grandi က သူရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြောခဲ့ပါ တယ်။

Tuesday, May 21, 2019

ကုလမဟာမင်းကြီး ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ

VOA
ဗွီအိုအေ (မြန်မာဌာန
21 မေ၊ 2019
မေခ၊ မဆုမွန်
၂၀၁၇ တုန်းက ကုလမဟာမင်းကြီး Filippo Grandi မောင်တောမြို့ရှိ ဒုက္ခသည်များနှင့်တွေ့ဆုံစဉ် (credit- UNHCR/Roger Arnold )
 
 မြန်မာနိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ဒီကနေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ရောက်ရှိနေပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေ၊ စစ်ရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒုက္ခသည်တွေကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ မောင်တော၊ ဘူးသီးတောင် ဒေသတွင်း လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့တယ်လို့ ကိုယ်တိုင်တွေ့ ဆုံသူတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မေခက ဆက်သွယ်မေးမြန်း ထားပါ တယ်။

Tuesday, April 2, 2019

ရခိုင်ပဋိပက္ခကြောင့် သောင်းချီဒေသခံတွေ စားဝတ် နေရေး INGO ၁၆ ဖွဲ့စိုးရိမ်

VOA
ဗြီအိုုေအ (ျမန္မာဌာန)
02 ဧၿပီ၊ 2019 
  စစ်ကြောင့် ထွက်ပြေးရတဲ့ ရခိုင်ဒုက္ခသည်များ (Khine Murn Chun (Citizen Journalist)

ရခိုင်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံ လုံခြုံရေးနဲ့ ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တု့ိကြား ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းနဲ့ တိုက်ပွဲမှာ ပါဝင်ပတ် သက်နေတဲ့ အဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားတွေကို အကာကွယ်ပေးဖို့ INGOs အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၆ ဖွဲ့ က ဧပြီလ တရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

Sunday, March 3, 2019

၂လကျော် ဖမ်းဆီးထားတဲ့ မြန်မာစစ်သား ဘင်္ဂလား ဒေ့ရ်ှ လွှဲအပ်

VOA   
 ဗွီအိုအေ (မြန်မာဌာန)
03 မတ်၊ 2019
ဘင်္ဂလားဒေ့ရ်ှ နယ်ကြားစောင့် ရဲတပ်ဖွဲ့များ
ဘင်္ဂလားဒေ့ရ်ှနယ်စပ်က တောအုပ်တခုထဲမှာ ပြီးခဲ့တဲ့နှစ်လကျော်က ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာစစ်သားကိုဘင်္ဂလား ဒေ့ရ်ှအာဏာပိုင်တွေက ဒီကနေ့ မတ်လ ၃ ရက် တနင်္ဂနွေနေ့မှာ မြန်မာတာဝန်ရှိသူတွေထံ လွဲှ ပြောင်း အပ်နှံခဲ့ပါတယ်။

Saturday, February 23, 2019

ဂျာမန်ရုပ်သံအဖွဲ့ကို လူကုန်ကူးသူတွေအဖြစ်နားလည် မှုလွဲပြီး ရိုဟင်ဂျာဒုက္ခသည်တွေတိုက်ခိုက်

VOA
ဗွီအိုအေ (မြန်မာဌာန)၊ 
22 ဖေဖော်ဝါရီ၊ 2019
မဆုမွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပလောင် ဒုက္ခသည်စခန်းအတွင်းမှ ဒုက္ခသည်များ ထွက်ပြေးလာကြတဲ့ နှစ်ပတ်လည်အခန်းအနားကို စောင့်ကြည့်နေကြစဉ်။ (သြဂုတ် ၂၅၊ ၂၀၁၈)

ရိုဟင်ဂျာတွေကို လူကုန်ကူးမယ့်သူတွေလို့ သံသယဖြစ်ပြီး ဂျာမန်ရုပ်သံမှတ်တမ်း ရိုက် ကူးရေး အဖွဲ့နဲ့ ဘင်္ဂလားဘာသာပြန်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကုတုပလောင် ဒုက္ခသည် စခန်းထဲမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခ သည်တွေက ဝိုင်းရိုက်လွှတ်လိုက်တဲ့ကိစ္စဟာ အထင်အမြင် လွဲမှားမှုသာ ဖြစ်တဲ့ အကြောင်း ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်က ပြောပါတယ်။ မြန်မာပြည်ပြန်နိုင်ရေး မရေမရာဖြစ်လာနေချိန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေ ကနေ လူကုန်ကူးသူ တွေကတဆင့် မလေးရှားနိုင်ငံလို တခြားနိုင်ငံတွေကို မိသားစု လိုက် တရား မဝင် ထွက်ပြေးနေကြတဲ့သူ
တွေ များလာ နေတဲ့ အတွက် ဒုက္ခသည်စခန်းတွင်း လုံခြုံရေး ကိုလည်း ပိုတိုးမြင့်ချထားသလို ဒုက္ခသည်တွေ ကို လည်း စောင့်ကြည့်မှုတွေ များလာနေ တယ်လို့လည်း ဒုက္ခသည်တွေကပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

Wednesday, February 20, 2019

ကရင်ဒုက္ခသည် ၁၀၀ ကျော် နေရပ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
မအေးအေးမာ ၊20 ဖေဖော်ဝါရီ၊ 2019

ဖေေဝေါရီလ ၂၀ရက်နေက နေရပ်ပြန်တဲ့ဒုက္ခသည်များ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနကြတဲ့ ဒုက္ခသည်တွေထဲက ၁၀၀ ကျော်ဟာ ဒီရက်ပိုင်းအတွင်း မှာပဲ နေရပ်ကို ပြန်နေကြပါတယ်။ ဒုက္ခသည်တွေအနေနဲ့ မိမိဆန္ဒအလျောက် နေရပ်ရင်း ပြန်ချင်ရင် ပြန်နိုင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်စခန်းတိုင်းမှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင် ဌာနတွေ ဖွင့်လှစ်ထားပြီး နေရပ်ပြန်ချင်သူတွေ စာရင်းပေး သွင်းနိုင် တယ်လို့ ကြေညာခဲ့ပြီးတဲ့ နောက်မှာပဲ ဒီရက်ပိုင်း ပြန်ဖို့စာရင်းပေးသူ ၅၀၀ ကျော် ရှိခဲ့ တယ်လို့ ကရင်ဒုက္ခသည် ကော် မတီက ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေး မာက သတင်းပေးပို့ထားပါတယ်။

Tuesday, February 19, 2019

ကချင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019.02.19
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
 
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နဲ့ မံစီမြို့အနီးက စစ်ဘေးဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် ကချင်လူသားချင်းစာနာမှုကော်မတီ KHCC က ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆွေးနွေးခဲ့ပါတယ်။

Sunday, February 17, 2019

ကချင်ဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော် ပျက်စီး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-02-17

ဇန်နဝါရီလ ၁၆ ရက်နေ့ မနေ့ည ၁၂ နာရီဝန်းကျင်မှာ လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသ မိုးမောက်မြို့နယ်အတွင်းမှာရှိတဲ့ ပါကထောင်နဲ့ အင်ခေါင်းပါ ဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော် ပြိုကျပျက်စီးခဲ့ပါတယ်။

Thursday, January 31, 2019

ဆွေးနွေးဖလှယ်မှု ပြုလုပ်ဖို့ ကုလ အထူးကိုယ်စား လှယ် မြန်မာကိုတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၃၁ ဇန်နဝါရီ၊ ၂၀၁၉ 

အပြန်အလှန် ဆွေးနွေး ဖလှယ်မှုဟာ မြန်မာနိုင်ငံကို ပိုမို အင်အားကောင်းစေလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်ကနေ ၁၉ ရက်နေ့ အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ် အပြီးမှာ ထုတ်ပြန်ကြေညာတဲ့ အခါမှာ မစ္စ ခရစ်စတီး ဘာဂနာက အခုလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ လွတ်လပ်စွာ သွားလာခွင့်ဟာ လူသားအားလုံး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လက်လှမ်းမီဖို့ အတွက် အဓိက ကျတဲ့ အကြောင်း၊ လွတ်လပ်စွာ သွားလာခွင့် မရှိရင်ကလေး တွေ အတွက် ကျောင်းမတက်နိုင်သလို ဆေးရုံသွားရာမှာလည်း အခက်အခဲ ရောက်မယ်၊ ဒုက္ခရောက်မယ်၊ ယုံကြည် မှု ပြန်လည်တည်ဆောက်ရေးဟာ အင်မတန် အရေး ကြီးတယ်ဆိုပြီးတော့လည်း ရခိုင် အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကြေညာချက်မှာ ဆက်လက် ဖော်ပြ ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */