" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 19, 2019

ကချင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019.02.19
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
 
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နဲ့ မံစီမြို့အနီးက စစ်ဘေးဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် ကချင်လူသားချင်းစာနာမှုကော်မတီ KHCC က ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆွေးနွေးခဲ့ပါတယ်။

မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နဲ့ မံစီမြို့နယ်က ကျေးရွာ ၁၀ ရွာကို ရွေးချယ်ခဲ့ပြီး လူဦးရေ ခြောက်ထောင်နဲ့ တစ်သောင်းကြားကို ဦးဆုံးအနေနဲ့ နေရပ်ပြန်နိုင်ဖို့ စီစဉ်ရေးဆွဲခဲ့တယ်လို့ KHCC ဥက္ကဋ္ဌ ဒေါက်တာ ခလမ် ဆမ်ဆွန်က RFA ကို ပြောပါတယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး KHCC က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မကြာမီ သွားရောက်ဆွေးနွေး မှာ ဖြစ်တယ်လို့ သိရပါတယ်။

KIO အနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၂၅ နောက်ပိုင်းမှာ အစိုးရ ငြိမ်းရေးကော်မရှင် NRPC နဲ့တွေ့ဆုံဆွေး နွေးကြ မှာဖြစ်ပြီး အဲဒီနောက် ရလာတဲ့ သဘောတူညီချက်တွေပေါ် အခြေခံကာ ဒုက္ခသည်တွေ နေရပ်ပြန် နိုင်ရေးကို စတင်အကောင်အထည်ဖော်မှာဖြစ်တယ်။

အဲဒီအစီအစဉ်အောင်မြင်ဖို့ NRPC နဲ့ ကေအိုင်အိုကြား သဘောတူညီချက် ရရှိတဲ့နေရာဒေသတွေဖြစ် ဖို့ လည်း လိုပြီး တပ်မတော်ရဲ့  အပစ်အခတ်ရပ်စဲရေးကာလအတွင်း အောင်မြင်အောင် ဆောင်ရွက်သွား မှာဖြစ်တယ်လို့ KHCC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

KHCC မှာ နှစ်ခြင်း ခရစ်ယာန်အသင်းတော်၊ ကက်သလစ်အသင်းတော်၊ အင်္ဂလီကန် အသင်းတော်၊ လွပ် လပ်သော တိုင်းရင်းသားခရစ်ယာန်၊ လလော်၊ လီဆူနှစ်ခြင်း စတဲ့အဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */