" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Video. Show all posts
Showing posts with label Video. Show all posts

Wednesday, February 7, 2024

ဒုက္ခသည်စခန်းထဲ အသတ်ခံရမှာကို စိုးရိမ်နေရတဲ့ ရိုဟင်ဂျာတွေ -

BBC
February 6, 2024

မြန်မာပြည်မှာ ဖိနှိပ်မှုတွေကြောင့် အိုးအိမ်စွန့်ကာပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေထဲမှာလည်း ဘေးကင်းလုံခြုံမှု မရကြပါဘူး။ ပြီးခဲ့တဲ့ နှစ်‌အနည်းငယ်အတွင်း ARSA အဖွဲ့ အပါအဝင်လက် နက်ကိုင်ဂိုဏ်းတွေရဲ့ သတ်ဖြတ်မှုကြောင့် စခန်းထဲက ရိုဟင်ဂျာ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။ အသတ်ခံကြရတဲ့သူတွေထဲ လူ့အခွင့်အရေးလှုပ်ရှားသူ‌တွေ၊ ရပ်ရွာအကျိုး ဆောင်သူတွေ ပါဝင်ပါတယ်။ အမျိုးသမီးအရေး လှုပ်ရှားသူ‌တွေ အဓမ္မအကျင့်ခံရတယ် ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။ ကုလသမဂ္ဂ UNHCR ဟာ ဒုက္ခသည်တွေကိုအကာအကွယ်ပေးဖို့ တာဝန်ရှိပေမဲ့ သူတို့ကို အကာအကွယ်မပေးဘူးလို့ ရိုဟင်ဂျာတွေက ပြောကြပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ရိုဟင်ဂျာ #ဘင်္ဂလားဒေ့ရှ် #ဒုက္ခသည် Link : Here

Tuesday, February 6, 2024

Won't allow Rohingya to enter Bangladesh anymore: BGB chief

The Daily Star
Star Digital Report
Tue Feb 6, 2024

Border Guard Bangladesh (BGB) Director General Major General Mohammad Ashrafuzzaman Siddiqui today said they would no longer allow Rohingya refugees to enter Bangladesh territory.

Saturday, February 3, 2024

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း ပထမပိုင်း-နှင့် ဒုတိယပိုင်း -BBC News မြန်မာ

BBC
03.02.2024

 လက်ရှိ အချိန်ဟာ မြန်မာတစ်ပြည်လုံးက ပြည်သူတွေ စစ်အာဏာရှင်အောက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ဖို့ အကောင်းဆုံး အချိန် ဖြစ်တယ် ဆိုပြီး ရက္ခိုင့်တပ်တော် အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပါတယ်။ အခု မေးမြန်းခန်း ပထမပိုင်း အနေနဲ့ ရက္ခိတ အိပ်မက် ဒီတချီ ပြီးမြောက်မယ်လို့ ယုံကြည်နေပြီလား ... ရက္ခိတ အိပ်မက် ပြည့်မြောက်တယ် ဆိုတာ ရခိုင်ရဲ့ သီးသန့် အချုပ်အခြာ အာဏာကို ကြေညာလာတဲ့ အထိ အဓိပ္ပာယ် သက်ရောက်လား ... ရက္ခိုင့်တပ်တော် အနေနဲ့ NUG အပေါ် ဘယ်လို သဘော ထားလဲ .... တရုတ်က ကြားဝင်လာရင် ရခိုင်ထဲမှာရော တိုက်ပွဲတွေ ရပ်သွားနိုင်လား ... စတဲ့ အကြောင်းအရာတွေ အပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို မေးမြန်းခန်း ပထမပိုင်း အနေနဲ့ ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး မေးမြန်း တင်ဆက်ထားပါတယ်။

Friday, February 2, 2024

LIVE: Dozens Of Rohingya Refugees Flee Malaysian Immigration Detention Centre | News18 LIVE | N18L

CNN News-18
February 02,2024

Immigration officials give a news conference about the detainees who tried to escape last night after a riot at detention centre. Malaysia is searching for dozens of Rohingya refugees and other people from Myanmar after they escaped from a temporary immigration detention centre in the country’s north.

Link : Here

Monday, January 29, 2024

အာချေးရောက်ရိုဟင်ဂျာအရေး NUG ဒုဝန်ကြီးနဲ့ဆက်သွယ်မေးမြန်းချက်

VOA
ဆုမွန်
၂၉ ဇန်နဝါရီ၊ ၂၀၂၄ 

အင်ဒိုနီးရှား အာချေးကမ်းခြေရောက် ရိုဟင်ဂျာတွေကို ရန်လိုတိုက်ခိုက် ပြန်မောင်းထုတ်နေတာတွေ ရပ်တန့်ပေးဖို့နဲ့ အွန်လိုင်းတွေကနေ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ရန်လိုမုန်းတီးမှုတွေ အဆုံးသတ်ရေး စုံစမ်း စစ်ဆေးပေးဖို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားပါတယ်။ NUG လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးကို အာချေးရောက်ရိုဟင်ဂျာတွေအရေး မဆုမွန် က Skype ကနေဆက်သွယ်မေးမြန်းထားပါတယ်။

Link : Here

Monday, January 22, 2024

Rakhine conflict travel restrictions add to woes of Rohingya students

Frontier Mayanmar
January 22, 2024 

“What do you want to do after school or college?” It’s a question many young people are asked. But Rohingya students have so many restrictions and so little choice, that they often can’t answer.

မီးဘေးသင့် ရိုဟင်ဂျာဒုက္ခသည်စခန်းပြန်လည်ထူထောင်ရေး

VOA
ဆုမွန်
၂၂ ဇန်နဝါရီ၊ ၂၀၂၄ 

ကလေးငယ်တွေအပါအဝင် လူပေါင်းငါးထောင်ကျော် မီးဘေးသင့်ခဲ့ရတဲ့ စခန်း(၅) မီးလောင်ကျွမ်းမှု နောက်ဆက် တွဲ လူသားချင်းစာနာမှုအကူအညီတွေ စာသင်ကျောင်းတွေအပါအဝင် နေအိမ်တွေ ပြန်လည်တည်ဆောက်နေ နိုင် ရေး ဝိုင်းဝန်းကူညီပေးကြဖို့NUG လူ့အခွင့်အရေးဒုဝန်ကြီးက တောင်းဆိုပါတယ်။

Link : Here

Monday, January 15, 2024

စခန်း(၅) မီးအကြီးအကျယ်လောင်ကျွမ်းမှု ရိုဟင်ဂျာဒုက္ခ သည် ထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်

VOA
ဆုမွန်
၁၅ ဇန်နဝါရီ၊ ၂၀၂၄

ပြီးခဲ့တဲ့သီတင်းပတ် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း(၅) မီးအကြီးအကျယ်လောင်ကျွမ်းမှုမှာ အိမ်ခြေ တ ထောင်ကျော်နဲ့ စာသင်ကျောင်း ၂၀ကျော် မီးထဲပါသွားလို့ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ကြရပါတယ်။ မီးလောင်မှုနောက်ဆုံးရအခြေအနေတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

Link : Here

Sunday, January 14, 2024

ဖမ်းဆီးထောင်ချခံနေရပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားကိုထွက်ဖို့ ကြိုးစားနေဆဲ

RFA
ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2022.12.15

၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ရောက်ရှိလာသည့် စက်လှေပေါ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ AP

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ စားဝတ်နေရေး အခက်အခဲ၊ အလုပ်အကိုင်အခွင့် အလမ်းရှားပါးမှုနဲ့ လွတ်လပ်စွာသွားလာခွင့်မရှိတာတွေကြောင့် ပြည်ပနိုင်ငံတွေကို သွားဖို့ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ်။

Thursday, January 11, 2024

မီးလောင်ပြင်ထဲမှာ ရိုဟင်ဂျာတွေ ဘယ်လိုနေထိုင်နေကြရသလဲ

Myanmar Now
စထွန်းအောင်
January 11, 2024 

မီးလောင်မှု တစ်ပတ်နီးပါး ရှိလာချိန်အထိ ပြန်လည်ထူထောင်ရေးတွေ စတင်နိုင်တာ မရှိသေးဘဲ နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မီးလောင်ပြင်ထဲမှာပဲ ဖြစ်သလို တဲထိုးပြီး နေထိုင်နေကြရတာကို တွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဆောင်းတွင်းအအေးဒဏ်ကို ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အဓိက ခံစားနေကြရတယ်။ 

အင်ဒိုနီးရှား Galang ကျွန်းရောက် ရိုဟင်ဂျာဒုက္ခသည်များ

VOA
ဆုမွန်
၁၁ ဇန်နဝါရီ၊ ၂၀၂၄ 

Monday, January 8, 2024

လူထောင်ပေါင်းများစွာအိုးအိမ်မဲ့ခဲ့ရသောရိုဟင်ဂျာဒုက္ခသည် စခန်း မီးလောင်မှု

Myanmar Now
AFP
January 8, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၇ မနက်အစောပိုင်းက မီးလောင်မှု ကြောင့် အိမ်ခြေ ၈၀၀ကျော် ပျက်စီးသွားပါတယ်။ ကူတူပါလောင်စခန်း အမှတ် ၅ က အဲ့ဒီမီးလောင်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ပါတယ်။ ၂၀၁၇ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကြောင့် ရခိုင် ပြည်နယ်က ရိုဟင်ဂျာတွေ လူသန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြရကာ နိုင်ငံမဲ့ဘဝနဲ့ ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ နေထိုင်ရင်း အခုလို ဘေးအန္တရာယ်တွေနဲ့လည်း မကြာခဏ ကြုံတွေ့ နေ ရပါတယ်။ 

Saturday, December 30, 2023

အာဏာသိမ်းကာလအတွင်း အသက်ဆုံးရှုံးခဲ့တဲ့ အစ္စလာမ် ဘာသာဝင်တွေအတွက် ဆုတောင်းပွဲကျင်းပ

RFA
2023.12.30
 

အာဏာသိမ်းကာလအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် အစ္စလာမ်ဘာသာဝင်များအတွက် ဆုတောင်းပွဲအား မဲဆောက်မြို့တစ်နေရာတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့စဉ်။ RFA

မြန်မာမွတ်ဆလင် ရဲဘော်တို့အသံအဖွဲ့ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးကာလအတွင်း စစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာနဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ အစ္စလာမ် ဘာသာဝင် စုစုပေါင်း ၈ဝ ရှိပါတယ်။ အဲဒီထဲမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့သူ တွေ၊ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီဝင်၊ ကျောင်းသား၊ အရပ်သားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေ ပါဝင်ပါတယ်။

Thursday, December 28, 2023

ငတ်မွတ်မှုနဲ့ ဒုစရိုက်မှုတွေကြောင့် ဒုက္ခသည်စခန်းကနေ လွတ်မြောက်ဖို့ ရိုဟင်ဂျာတွေ ကြိုးစားနေ

RFA
ဂျူလိုင်မျိုး (ဝါရှင်တန်ဒီစီ)
2023.12.28 

ဘင်္ဂလားဒေ့ရ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှ ကလေးငယ်များ သောက်သုံးရေ သယ်ဆောင်လာသည်ကို ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ AFP

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်လုပြီး ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အ သက်ရှင်သန်ဖို့ မျှော်လင့်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံခဲ့ကြပေမဲ့ ကူညီထောက်ပံ့မှုတွေ လျော့ကျလာတာ ကြောင့် စားဝတ်နေရေး ခက်ခဲလာသလို ဒုစရိုက်မှုတွေ၊ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကိုလည်း ရင်ဆိုင်နေရပြန်ပါ တယ်။

Wednesday, December 27, 2023

ယာယီခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဖိအားပေးဖယ် ရှား ခံရ

RFA
RFA Burmese
2023.12.27

အာချေးပြည်နယ်တွင် အင်ဒိုနီးရှားကျောင်းသားများ ကန့်ကွက်ပြီးနောက် ရိုဟင်ဂျာဒုက္ခသည်များအား နေရာရွှေ့ပြောင်းဖို့ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ AFP 

ရာနဲ့ချီတဲ့ ဒေသခံတက္ကသိုလ်ကျောင်းသားတွေဟာ ရိုဟင်ဂျာဒုက္ခသည် ၁၃၇ ဦး ယာယီနေထိုင်နေတဲ့ အင်ဒိုနီး ရှားနိုင်ငံ၊ အာချေးပြည်နယ် မြို့တော် Banda Aceh အစိုးရခန်းမဆောင်ထဲကို ဒီဇင်ဘာ ၂၇ ရက်နေ့ကဝင်ရောက် စီးနင်းတိုက်ခိုက်ပြီး ဒုက္ခသည်တွေကို ထွက်သွားဖို့ ဖိအားပေးခဲ့တာဖြစ်ပါတယ်။

Tuesday, December 26, 2023

အင်ဒိုနီးရှားပြေးသွားတဲ့ ရိုဟင်ဂျာအနာဂတ် မရေရာ

VOA
သိင်္ဂီထိုက်
၂၆ ဒီဇင်ဘာ၊ ၂၀၂၃

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ထွက်ပြေးကြရပြီးနောက် ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အသက်အန္တရာယ် များလှတဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး နယ်မြေသစ်မှာ အခြေချနိုင်ဖို့ ကြိုစားကြ ပေ မဲ့ အင်ဒိုနီးရှားမှာ ဆန့်ကျင်မှုတွေနဲ့ ကြုံလာရတာကြောင့် သူတို့ အနာဂတ်က မရေမရာ ထပ်ပြီး ဖြစ်လာရပါ တယ်။

Link : Here

Monday, December 18, 2023

လူမျိုးသုဉ်းသတ်ဖြတ်မှု(Genocide)

ဖက်ဒရယ်ဂျာနယ်

လူမျိုးသုဉ်းသတ်ဖြတ်မှု(Genocide)
********************************

မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ရိုဟင်ဂျာ‌တွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ၊ လက်စဖျောက် မှုတွေ၊ ရိုဟင်ဂျာ အမျိုးသမီးများနှင့် မိန်းကလေးတွေအပေါ်မှာ အုပ်စုလိုက် အဓမ္မပြုကျင့်တာတွေ အ ပါ အ၀င် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စနစ်တကျ လုပ်ဆောင်ခဲ့ကြပါတယ်။

Saturday, December 16, 2023

Shipping companies pause Red Sea journeys after Houthi attacks

Aljazeera
Date :5 Dec 2023


Liberia-flagged vessel caught fire in Red Sea after being hit by a projectile from Yemen, US sources say.
Containers are seen on the Maersk's container ship Maersk Gibraltar at the APM Terminals in the port of Algeciras, Spain [File: Jon Nazca/Reuters]
 
Two shipping companies have announced they will pause all journeys through the Red Sea after a series of attacks on shipping by Yemen’s Houthi rebels.

Tuesday, December 12, 2023

စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ တရုတ်စေ့စပ်မှုနဲ့တွေ့ဆုံ ဆွေးနွေး

VOA
အင်ကြင်းနိုင်

၁၂ ဒီဇင်ဘာ၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေကြစဉ် (ဇွန် ၁၊ ၂၀၂၃)

စစ်ကောင်စီအနေနဲ့ တရုတ်အကူအညီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ် ဆို တာ ဟာ သူရင်ဆိုင်နေရတဲ့ စစ်ရေး၊နိုင်ငံရေးအကြပ်အတည်းကို ထွက်ပေါက်ရှာရေး အတွက်ဖြစ် တယ်လို့ မြင်ကြောင်း မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ဗွီအိုအေကို ပြောပါတယ်။

Monday, December 11, 2023

အာချေးရောက် ရိုဟင်ဂျာဒုက္ခသည်အရေး

VOA
ဆုမွန်
၁၁ ဒီဇင်ဘာ၊ ၂၀၂၃ 

ပင်လယ်ပြင်ခရီးကြမ်းကို ဖြတ်သန်းလာရပြီး အတိဒုက္ခပေါင်းစုံနဲ့ရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးရောက် ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးနေပါသလဲဆိုတာ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

Link : Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */