" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, January 14, 2024

ဖမ်းဆီးထောင်ချခံနေရပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားကိုထွက်ဖို့ ကြိုးစားနေဆဲ

RFA
ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2022.12.15

၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ရောက်ရှိလာသည့် စက်လှေပေါ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ AP

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ စားဝတ်နေရေး အခက်အခဲ၊ အလုပ်အကိုင်အခွင့် အလမ်းရှားပါးမှုနဲ့ လွတ်လပ်စွာသွားလာခွင့်မရှိတာတွေကြောင့် ပြည်ပနိုင်ငံတွေကို သွားဖို့ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ်။

 

၂ဝ၂၁ ခုနှစ်ထက်စာရင် ဒီ ၂ဝ၂၂ ခုနှစ်မှာ ထွက်ခွာတာ ပိုများတယ်လို့ ကုတုပါလောင် ဒုက္ခသည်စခန်း က ကိုအောင်မြိုင်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ နေ့စဉ်ထွက်နေတာပါ။ သူတို့ကိုပြောလည်းမနိုင်ဆိုလည်း မနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီလူတွေမှာအလုပ်အကိုင်အခွင့်အလမ်းအပါအဝင်လူ့အခွင့်အရေး ဆိုတာ ဘာမှမရှိဘူး၊ ကိုယ့်နေရပ်ကိုယ်လည်းမပြန်နိုင်ဘူး၊ ပြည်တွင်းမှာလည်း ပြဿနာပေါင်းစုံနဲ့ အဲဒီ မှာလည်း ဂုဏ်သိက္ခာရှိရှိနေလည်းမရဘူးဆိုတော့ ဒီလူတွေကသေရင်လည်းမထူးနေရင်လည်း မထူး ဘူး ဆိုပြီး နောက်ဆုံးမှာ မလေးလမ်းကြောင်း၊ အင်ဒိုနီးရှားလမ်းကြောင်း ဒါကိုပဲ ရွေးချယ်ပါ တယ်။ ကမ်းမမြင် လမ်းမမြင်ပုံစံရောက်သွားတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာဒုက္ခသည်များကို ၂ဝ၂၂ ခုနှစ် ဩဂုတ် ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: AFP)

တက္ကနာဖ့်မြို့ကနေ သူတို့ကို စက်လှေနဲ့ ခေါ်ပြီး ရသေ့တောင်မှာ စုဆောင်းပြီး အဲဒီကတဆင့် ရန် ကုန် တိုင်းနဲ့ တခြားတိုင်းဒေသကြီးကို သူတို့ကို ခေါ်သွားတယ်။ အဲဒီ့ကတဆင့် ထိုင်းနယ်စပ်ပါ၊ ထိုင်း နယ်စပ်ကနေ မလေးပါ၊ ဘင်္ဂလားဒေ့ရှ် တက္ကနာဖ့်မြို့ကနေ ရသေ့တောင်ကို ရောက်သွားရင် မြန်မာ ငွေ ဆယ်သိန်းပေးရပါတယ်။ အဲဒီကနေ ရန်ကုန်တိုင်းနဲ့ တခြားတိုင်းဒေသကြီးတွေကို ရောက်ပြီး အဲဒီကတဆင့် ထိုင်းနယ်စပ်ကိုရောက်သွားရင် သိန်းလေးဆယ်ပါ အဲဒီကနေ မလေးရှားကို ရောက် သွားရင် ၃၅ သိန်းပါ၊ စုစုပေါင်း ၈၅ သိန်း အကုန်အကျခံရတယ်။”

နောက်ထပ်လမ်းကြောင်းတစ်ခုကတော့ စစ်တကောင်းကနေ အင်ဒိုနီးရှားကို လစဉ် သွားတဲ့ သူတွေ လည်း ရှိတယ်လို့ ဆိုပါတယ်။ အခုဆိုရင် သွားတဲ့သူတွေများတာကြောင့် ပွဲစားတွေက သိန်းတစ်ရာ နီး ပါး အထိ တောင်းလာတယ်လို့လည်း သူက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အာချေးမြောက်ပိုင်းရှိ Krueng Geukuh ဆိပ်ကမ်းသို့ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရောက်ရှိလာသည့် စက်လှေတစ်စီးပေါ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ (Photo: Reuters)
 
သင်္ခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်များအစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ကိုခင်မောင်က ပင် လယ်ပြင်ကနေသွားရင် မလေးရှားကို တစ်ပတ်အတွင်း ရောက်နိုင်သလို ကုန်းလမ်းကနေဆိုရင် ၁၅ ရက်အတွင်း ရောက်နိုင်တယ်လို့ ပြောပါတယ်။

“အရင်တုန်းကလူတွေက ကုန်းလမ်းနဲ့မသွားနိုင်ဘူး၊ ကျွန်တော်တို့ တစ်ခါမှ မကြားဖူးဘူး။ အားလုံး က ပင်လယ်ပြင်နဲ့သွားတာ၊ အခုကုန်းလမ်းဆိုတာက နည်းနည်းပါးပါးရွေးချယ်စရာရှိတယ်၊ တစ်ခု ခုဖြစ်ရင်လည်း အဖမ်းခံရတာပဲရှိတယ်၊ အသက်ဆုံးရှုံးတာမရှိဘူးလေ။ အဲဒါကြောင့်မို့ ကုန်းလမ်း နဲ့သွားတဲ့လမ်းပေါ်နေလို့ သွားတဲ့သူတွေက ပိုများလာတာ။ ကျွန်တော်စုံစမ်းတာ အမျိုးမျိုးရှိတယ်။ ဥပမာ လမ်းပေါ်မှာ တစ်ခုခုမဖြစ်ရင် ပင်လယ်ပြင်နဲ့ဆို တစ်ပတ်အတွင်း ရောက်တယ်။ ကုန်းလမ်း မှာ ဆိုရင် အနည်းဆုံး ၁၅ ရက်အတွင်းရောက်တယ်၊ တစ်လအတွင်း မလေးကိုရောက်နေတာလေ။ အရင်တုန်းက ငါးလ ခြောက်လကုန်ခဲ့တာရှိတယ်။ အခုတော့ တစ်လအတွင်း သူတို့ မလေးကို သွား လို့ရတယ်။”

ဒုက္ခသည်စခန်းတွေကနေ နေ့စဉ် ကုန်းလမ်း၊ ရေလမ်းတွေသုံးပြီး သွားနေကြတာဖြစ်ပါတယ်။ ဒီဒုက္ခ သည်တွေဟာ ဖမ်းဆီးခံရတာတွေရှိသလို ပင်လယ်ပြင်မှာစက်လှေပျက်၊ စက်လှေမျောပြီး သောင် တင် နေကြတာတွေလည်း ကြုံရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရNUGလူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ရိုဟင်ဂျာအရေးအကြံပေးဦးအောင် ကျော်မိုးက နိုဝင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ လူရာနဲ့ချီလိုက်ပါတဲ့ စက်လှေ သုံးစီး ထွက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ ပင်လယ်မှာမျောနေတဲ့ လူ၁၆ဝ နီးပါး ပါတဲ့စက်လှေကိုဗီယက်နမ်ရေနံကုမ္ပဏီတစ်ခုကကယ် ဆယ်ပြီး မြန်မာစစ်တပ်ဆီ လွှဲပြောင်းပေးခဲ့သလို နောက်ထပ် လူ နှစ်ရာနီးပါးပါတဲ့ စက်လှေကတော့ မလက္ကာရေလက်ကြားမှာ မျောနေဆဲဖြစ်ပြီး နောက်ထပ် လူတစ်ရာနီးပါးတဲ့ စက်လှေတစ်စီးကတော့ အခုထိ အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးမြောက်ပိုင်း ဆိပ်ကမ်းသို့ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရောက်ရှိလာသည့် စက်လှေပေါ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ (Photo: Reuters) 

ရိုဟင်ဂျာဒုက္ခသည်တွေဟာ အရင်က နေရပ်ပြန်ဖို့ မျှော်လင့်ချက်ရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်း လိုက်တော့ နေရပ်ပြန်ဖို့ အလားအလာနည်းသွားတဲ့အတွက် အခုလိုလမ်းကို ရွေးချယ်ကြတာလို့လည်း ဦးအောင်ကျော်မိုးက သုံးသပ်ပါတယ်။

“ဒုက္ခသည်စခန်းကနေ သွားကြတဲ့အကြောင်းကတော့ သူတို့ ငါးနှစ်ကျော်သွားပြီ၊ အရင်တုန်းကအာ ဏာသိမ်းမှု မဖြစ်ခင်တုန်းကတော့ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် repatriation(နေရပ်ပြန်ဖို့) ဖြစ် မယ်ပေါ့နော်။ အဲဒါဆိုရင်တော့ ဂုဏ်သိက္ခာရှိရှိ လုံလုံခြုံခြုံနဲ့ ပြန်လို့ရမယ့်မျှော်လင့်ချက်ကရှိခဲ့တယ်။ ဒါပေမဲ့အာဏာသိမ်းမှုဖြစ်တော့ အဲ့မျှော်လင့်ချက်က ရိုက်ချိုးခံရသလိုဖြစ်သွားတယ်။ ပြန်ဖို့ဆို တာ အလားအလာက အရမ်းနည်းသွားတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ တင်းကျပ်တဲ့ စည်း မျဉ်းစည်းကမ်းတွေ ဒေသန္တရဥပဒေတွေထုတ်ပြီးတော့ ဒုက္ခသည်တွေကို အပြင်သွားလာလို့မရ အောင် ကန့်သတ်တာတို့ ပညာသင်ကြားခွင့်မရှိအောင် အလုပ်အကိုင်အခွင့်အလမ်းမရှိအောင် ကန့် သတ်တာတို့လုပ်လာတဲ့အခါကျတော့ ဒီနေရာကျဉ်းကျဉ်းလေးမှာ လူတစ်သန်းလောက်က လုံးဝ အ နာဂတ်ပျောက်နေတဲ့သဘောဖြစ်တယ်။ အဲ့တော့ ရွေးချယ်စရာလမ်းကြောင်းမရှိတော့ သူတို့က ဒီ လို ကြမ်းတမ်းတဲ့ခရီးစဉ်တွေ ရွေးချယ်ရတာပေါ့။ အန္တရာယ်ရှိတဲ့လမ်းခရီးတွေကို ရွေးချယ်‌ပြီးဂုဏ် သိက္ခာရှိရှိ တခြားနိုင်ငံတွေမှာ လူလိုသူလိုရှင်သန်လို့ရမလားဆို‌တဲ့ မျှော်လင့်ချက်နဲ့ သွားကြတာဖြစ် တယ်။”

ဘင်္ဂလားဒေ့ရှ်စခန်းတွေက ရိုဟင်ဂျာတွေကတော့ ဒုက္ခသည်တွေ အခုလို တရားမဝင်လမ်း ကြောင်း တွေကနေ မထွက်သွားရအောင် လူကုန်ကူးပွဲစားတွေကို အဓိကဖမ်းဆီးအရေးယူဖို့လိုအပ်တယ်လို့ ပြောကြပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းတွေမှာ ကြုံနေရတဲ့အခက်အခဲတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရ အပါအဝင် နိုင်ငံတကာက ကူညီဖြေရှင်းပေးဖို့လည်း တောင်းဆိုကြပါတယ်။

ဆက်နွယ်သောသတင်းများ 


Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */